X

By
Thu, 03-Oct-2019, 20:32

စစ္မ်က္ႏွာမ်ား Zawgyi. ပထမ ကမၻာစစ္ႀကီးတြင္ နိုင္ငံအမ်ား ပါ...

စစ္မ်က္ႏွာမ်ား Zawgyi. ပထမ ကမၻာစစ္ႀကီးတြင္ နိုင္ငံအမ်ား ပါဝင္တိုက္ခိုက္ၾကသျဖင့္ စစ္မ်က္ႏွာမွာ တစ္ေနရာတည္းတြင္ မဟုတ္ေပ။ အေနာက္ဘက္ စစ္မ်က္ႏွာ၊ အေရွ႕ဘက္ စစ္မ်က္ႏွာ၊ အီတာလ်ံ စစ္မ်က္ႏွာ၊ ေဗာ္လကန္ေတာင္ပိုင္း စစ္မ်က္ႏွာဟူ၍ ေနရာအႏွံ႕အျပား ရွိခဲ့သည္။ ထိုစစ္မ်က္ႏွာမ်ားအတြင္း အေရးအပါဆုံးမွာ အေနာက္ဘက္ စစ္မ်က္ႏွာ ျဖစ္သည္။ အဂၤလိပ္ေရလက္ၾကားႀကီးမွ ဆြစ္ဇာလန္နိုင္ငံအထိ စစ္ေၾကာင္း ျပန႔္ေန၍ မိုင္ေပါင္း ၄၅၀ မွ် ရွည္လ်ားသည္။ အရွည္လ်ားဆုံးျဖစ္ၿပီး ဒုတိယ အေရးအပါဆုံး စစ္မ်က္ႏွာမွာ အေရွ႕ဘက္ စစ္မ်က္ႏွာ ျဖစ္၍ ေဗာလတစ္ ပင္လယ္ကမ္းေျခရွိ ရီးဂမွ ပင္လယ္ကမ္းေျခတိုင္ေအာင္ မိုင္ေပါင္း ၁၁၂၅ မိုင္မွ် ရွည္လ်ားသည္။ ၁၉၁၅ ခုႏွစ္ေမလ ၂၃ ရက္ေန႕တြင္ အီတလီသည္ မဟာမိတ္တို႔ဖက္မွ စစ္ထဲဝင္လာေသာအခါ မိုင္ ၃၂၀ မွ် ရွည္လ်ားသည့္ အီတာလ်ံ စစ္မ်က္ႏွာတစ္ခု ဖြင့္ခဲ့ျပန္သည္။ စစ္မၿပီးမီ ေနာက္ဆုံး ဖြင့္ရေသာ စစ္မ်က္ႏွာမွာ စစ္ေၾကာင္းမိုင္ ၃၀၀ မွ် ရွည္လ်ားသည့္ ေဗာ္လကန္ေတာင္ပိုင္း စစ္မ်က္ႏွာ ျဖစ္သည္။ တိုက္ခိုက္ရာတြင္ နည္းသစ္ထြင္ကာ တစ္ဖက္ႏွင့္ တစ္ဖက္ ကတုတ္က်င္းမ်ားထဲမွ ပစ္ခတ္တိုက္ခိုက္ၾကသျဖင့္ ရင္ဆိုင္တိုက္ခိုက္ျခင္း၊ လ်င္ျမန္စြာ ေနရာေျပာင္းေ႐ႊ႕ တိုက္ခိုက္ျခင္းမ်ား နည္းပါးလွသည္။ ထိုနည္းျဖင့္ တိုက္ခိုက္ျခင္းေၾကာင့္ သုံးႏွစ္အတြင္း အေနာက္ဘက္ စစ္မ်က္ႏွာတြင္ စစ္ေၾကာင္းမိုင္ ၂၀ မွ် ကြၽံဝင္ေအာင္ မည္သည့္ဘက္ကမွ် မတိုက္နိုင္ခဲ့ေခ်။ သို႔ေသာ္ ထိုသို႔ စစ္ေၾကာင္းကို ထိုးေဖာက္ရန္ ႀကိဳးစားၾကရာ၌ တပ္သားေပါင္း ၁ သန္းေက်ာ္ က်ဆဳံးခဲ့သည္။ ထိုစစ္မ်က္ႏွာတြင္ မဟာမိတ္တပ္မ်ားဖက္မွ ထင္ရွား၍ စစ္မႈေရးရာ ကြၽမ္းက်င္ေသာ ဆာဂြၽန္ဖရင့္၊ စစ္သူႀကီး ဆာေဒါက္ကလပ္ဟိတ္၊ မာရွယ္ေဂ်ာ့ဖား၊ ဗိုလ္ခ်ဳပ္မႉး ေပတန္းႏွင့္ မာရွယ္ေဖာ့ စသည့္ စစ္ဗိုလ္ႀကီးမ်ား ကြပ္ကဲအုပ္ခ်ဳပ္ တိုက္ခိုက္ခဲ့သည္။ စစ္ထဲသို႔ အေမရိကန္ ဝင္လာေသာအခါ အေမရိကန္စစ္တပ္အား ဗိုလ္ခ်ဳပ္မ်ဴးပါးရွင္းက ဦးစီးသည္။ ဂ်ာမနီစသည့္ ဗဟိုနိုင္ငံမ်ားဘက္မွ ဂ်ာမနီ အိမ္ေရွ႕ဥပရာဇာႏွင့္ ဗာေဗးရီးယား ဥပရာဇာမ်ား ကိုယ္တိုင္ကြပ္ကဲ တိုက္ခိုက္ၾကသည္။ အေရွ႕ဘက္ စစ္မ်က္ႏွာတြင္ ႐ုရွားက ေခါင္းေဆာင္ တိုက္ခိုက္ေလရာ နစ္ကလတ္ မင္းသားႀကီး ကိုယ္တိုင္ တစ္ႏွစ္ခြဲခန႔္ ဦးစီးခဲ့ၿပီးေနာက္ ႐ုရွားဇာဘုရင္ကိုယ္တိုင္ ကြပ္ကဲတိုက္ခိုက္ေလသည္။ ထိုစစ္မ်က္ႏွာတြင္ ဂ်ာမန္တို႔ဘက္မွ စစ္ဦးစီးခ်ဳပ္ လူဒင္ေဒါ့၏ အကူအညီျဖင့္ ဗိုလ္ခ်ဳပ္မႉး ဟင္ဒင္ဗတ္က ႀကီးမႉးတိုက္ခိုက္ခဲ့ရာ တန္နင္ဗတ္တိုက္ပြဲတြင္ နာမည္ရခဲ့ၿပီး မၾကာမီ ဂ်ာမနီ၏ စစ္ေသနာပတိခ်ဳပ္ ျဖစ္လာသည္။ ဓာတ္ပုံ. ဩစႀတီးယားတပ္က ဆားဗီးယားမ်ားအား ကြပ္မ်က္ခဲ့စဥ္(ဆားဗီးယားလူမ်ိဳး ၈သိန္း ၅ ေသာင္းခန႔္ ေပ်ာက္ဆုံးခဲ့ရသည္။) Unicode. စစ်မျက်နှာများ ပထမ ကမ္ဘာစစ်ကြီးတွင် နိုင်ငံအများ ပါဝင်တိုက်ခိုက်ကြသဖြင့် စစ်မျက်နှာမှာ တစ်နေရာတည်းတွင် မဟုတ်ပေ။ အနောက်ဘက် စစ်မျက်နှာ၊ အရှေ့ဘက် စစ်မျက်နှာ၊ အီတာလျံ စစ်မျက်နှာ၊ ဗော်လကန်တောင်ပိုင်း စစ်မျက်နှာဟူ၍ နေရာအနှံ့အပြား ရှိခဲ့သည်။ ထိုစစ်မျက်နှာများအတွင်း အရေးအပါဆုံးမှာ အနောက်ဘက် စစ်မျက်နှာ ဖြစ်သည်။ အင်္ဂလိပ်ရေလက်ကြားကြီးမှ ဆွစ်ဇာလန်နိုင်ငံအထိ စစ်ကြောင်း ပြန့်နေ၍ မိုင်ပေါင်း ၄၅၀ မျှ ရှည်လျားသည်။ အရှည်လျားဆုံးဖြစ်ပြီး ဒုတိယ အရေးအပါဆုံး စစ်မျက်နှာမှာ အရှေ့ဘက် စစ်မျက်နှာ ဖြစ်၍ ဗောလတစ် ပင်လယ်ကမ်းခြေရှိ ရီးဂမှ ပင်လယ်ကမ်းခြေတိုင်အောင် မိုင်ပေါင်း ၁၁၂၅ မိုင်မျှ ရှည်လျားသည်။ ၁၉၁၅ ခုနှစ်မေလ ၂၃ ရက်နေ့တွင် အီတလီသည် မဟာမိတ်တို့ဖက်မှ စစ်ထဲဝင်လာသောအခါ မိုင် ၃၂၀ မျှ ရှည်လျားသည့် အီတာလျံ စစ်မျက်နှာတစ်ခု ဖွင့်ခဲ့ပြန်သည်။ စစ်မပြီးမီ နောက်ဆုံး ဖွင့်ရသော စစ်မျက်နှာမှာ စစ်ကြောင်းမိုင် ၃၀၀ မျှ ရှည်လျားသည့် ဗော်လကန်တောင်ပိုင်း စစ်မျက်နှာ ဖြစ်သည်။ တိုက်ခိုက်ရာတွင် နည်းသစ်ထွင်ကာ တစ်ဖက်နှင့် တစ်ဖက် ကတုတ်ကျင်းများထဲမှ ပစ်ခတ်တိုက်ခိုက်ကြသဖြင့် ရင်ဆိုင်တိုက်ခိုက်ခြင်း၊ လျင်မြန်စွာ နေရာပြောင်းရွှေ့ တိုက်ခိုက်ခြင်းများ နည်းပါးလှသည်။ ထိုနည်းဖြင့် တိုက်ခိုက်ခြင်းကြောင့် သုံးနှစ်အတွင်း အနောက်ဘက် စစ်မျက်နှာတွင် စစ်ကြောင်းမိုင် ၂၀ မျှ ကျွံဝင်အောင် မည်သည့်ဘက်ကမျှ မတိုက်နိုင်ခဲ့ချေ။ သို့သော် ထိုသို့ စစ်ကြောင်းကို ထိုးဖောက်ရန် ကြိုးစားကြရာ၌ တပ်သားပေါင်း ၁ သန်းကျော် ကျဆုံးခဲ့သည်။ ထိုစစ်မျက်နှာတွင် မဟာမိတ်တပ်များဖက်မှ ထင်ရှား၍ စစ်မှုရေးရာ ကျွမ်းကျင်သော ဆာဂျွန်ဖရင့်၊ စစ်သူကြီး ဆာဒေါက်ကလပ်ဟိတ်၊ မာရှယ်ဂျော့ဖား၊ ဗိုလ်ချုပ်မှူး ပေတန်းနှင့် မာရှယ်ဖော့ စသည့် စစ်ဗိုလ်ကြီးများ ကွပ်ကဲအုပ်ချုပ် တိုက်ခိုက်ခဲ့သည်။ စစ်ထဲသို့ အမေရိကန် ဝင်လာသောအခါ အမေရိကန်စစ်တပ်အား ဗိုလ်ချုပ်မျူးပါးရှင်းက ဦးစီးသည်။ ဂျာမနီစသည့် ဗဟိုနိုင်ငံများဘက်မှ ဂျာမနီ အိမ်ရှေ့ဥပရာဇာနှင့် ဗာဗေးရီးယား ဥပရာဇာများ ကိုယ်တိုင်ကွပ်ကဲ တိုက်ခိုက်ကြသည်။ အရှေ့ဘက် စစ်မျက်နှာတွင် ရုရှားက ခေါင်းဆောင် တိုက်ခိုက်လေရာ နစ်ကလတ် မင်းသားကြီး ကိုယ်တိုင် တစ်နှစ်ခွဲခန့် ဦးစီးခဲ့ပြီးနောက် ရုရှားဇာဘုရင်ကိုယ်တိုင် ကွပ်ကဲတိုက်ခိုက်လေသည်။ ထိုစစ်မျက်နှာတွင် ဂျာမန်တို့ဘက်မှ စစ်ဦးစီးချုပ် လူဒင်ဒေါ့၏ အကူအညီဖြင့် ဗိုလ်ချုပ်မှူး ဟင်ဒင်ဗတ်က ကြီးမှူးတိုက်ခိုက်ခဲ့ရာ တန်နင်ဗတ်တိုက်ပွဲတွင် နာမည်ရခဲ့ပြီး မကြာမီ ဂျာမနီ၏ စစ်သေနာပတိချုပ် ဖြစ်လာသည်။ ဩစတြီးယားတပ်က ဆားဗီးယားများအား ကွပ်မျက်ခဲ့စဉ်(ဆားဗီးယားလူမျိုး ၈သိန်း ၅ သောင်းခန့် ပျောက်ဆုံးခဲ့ရသည်။)

View more on Facebook

This site was designed with Websites.co.in - Website Builder

IMPORTANT NOTICE
DISCLAIMER

This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support