X

By
Thu, 03-Oct-2019, 20:50

၁၉၁၈ ခုႏွစ္ စစ္အတြင္း အေျခအေန Zawgyi. ထိုႏွစ္၌ ဂ်ာမန္တို႔...

၁၉၁၈ ခုႏွစ္ စစ္အတြင္း အေျခအေန Zawgyi. ထိုႏွစ္၌ ဂ်ာမန္တို႔သည္ မဟာမိတ္တို႔ကို အျပဳတ္တိုက္ရန္ အႀကီးအက်ယ္ စစ္ဆင္ေနခဲ့ေသာ ႏွစ္ျဖစ္သည္။ စစ္သူႀကီး ဟင္ဒင္ဗတ္က ဂ်ာမန္တပ္မ်ားသည္ ဧၿပီလ တစ္ရက္ေန႕တြင္ ပါရီၿမိဳ႕ကို သိမ္းပိုက္နိုင္ရမည္ဟု ေက်ညာခဲ့ေလသည္။ ဂ်ာမန္တို႔၏ ထိုးစစ္ေၾကာင္းမွာ အီးပရား၏ ေတာင္ဘက္ မွ စတင္၍ ငါးဆယ့္တစ္မိုင္မွ် ရ်ည္လွ်ားေလသည္။ ထိုမွ်ေလာက္ ႀကီးမားလွေသာ အင္အားႏွင့္ ဖိတိုက္သျဖင့္ ထိုမွ်ေလာက္ လူအေသအေၾကမ်ားလွေသာ စစ္ပြဲမ်ိဳး ယခင္က မရွိခဲ့ဟုဆိုၾကသည္။ ဂ်ာမန္တို႔၏ အင္အားႀကီးမားလွသျဖင့္ ဆယ္ရက္ခန႔္အတြင္း ႏွစ္ဆယ့္ခုႏွစ္မိုင္မွ် မဟာမိတ္တို႔၏ စစ္ေၾကာင္းအတြင္းသို႔ ကြၽံဝင္ခဲ့၏။ ထိုအခါ မဟာမိတ္တပ္မ်ားအားလုံးကို ကြပ္ကဲရန္ ျပင္သစ္ ဗိုလ္ခ်ဳပ္မႉး ေဖါ့အား အေနာက္ဘက္စစ္မ်က္ႏွာ စစ္ေသနာပတိအျဖစ္ခန႔္ကာ အစြမ္းကုန္ ခုခံ တြန္းလွန္ေစေလသည္။ သို႔ေသာ္လည္း ရန္သူအင္အား ႀကီးမားလွ၍ တပ္ေပါင္းစုံမွ ဆုတ္၍ ဆုတ္၍သာ ေပးရေလ၏။ ဂ်ာမန္တို႔ကလည္း ပါရီၿမိဳ႕ေတာ္သို႔ ခ်ီတက္ရန္ လမ္းပြင့္ဖို႔ ႀကိဳးပမ္းကာ ဖိတိုက္ၾကေလသည္။ ယင္းသို႔ျဖင့္ ဂ်ာမန္တို႔မွာ ပါရီၿမိဳ႕အနီး ကပ္လာေလရာ ၿမိဳ႕ေတာ္ႀကီးက်ဆဳံးရန္ နာရီပိုင္မွ်ေလာက္သာ လိုေတာ့သည္။ ထိုအေတာအတြင္း အေမရိကန္ေရတပ္မွ တပ္သားရွစ္ေထာင္ပါဝင္ေသာ တပ္တစ္တပ္သည္ ေျခာက္ေထာင္မွ် အက်ခံကာ ဂ်ာမန္တို႔ ပါရီသို႔ ခ်ီတက္ရာ လမ္းေၾကာင္းကို တာဆီးနိုင္ရန္ ႀကိဳးစားခဲ့ရာ အတန္ပင္ ေအာင္ျမင္ခဲ့ေလသည္။ ထို႔အျပင္ ရွားတိုးသီယဲရီးတြင္ စစ္ပန္းေနၿပီ ျဖစ္ေသာ ျပင္သစ္တပ္ကို လူစားထိုးရန္ ေရာက္ရွိလာခဲ့သည့္ အေမရိကန္တပ္သည္ ဂ်ာမန္တို႔ ႐ြပ္႐ြပ္ခြၽံခြၽံ တိုက္ခိုက္ေနသည့္ၾကားမွ ထိုးစစ္ဆင္ကာ ထိုအရပ္မွ ဂ်ာမန္မ်ားကို ရွင္းလင္းပစ္နိုင္ခဲ့ေလသည္။ ထို႔ေၾကာင့္ ဂ်ာမန္တို႔လည္း ထိုးစစ္မွ ခံစစ္အျဖစ္သို႔ ေျပာင္းလဲသြားရၿပီးလွ်င္ ပါရီၿမိဳ႕ေတာ္ႀကီးမွာလည္း ရန္သူလက္ထံ က်ေရာက္မည့္ေဘးမွ ကင္းလြတ္ခဲ့ေလသည္။ အေမရိကန္ စစ္ကူတပ္မ်ား အဆက္မျပတ္ တင္ပို႔ အားျဖည့္နိုင္ျခင္းေၾကာင့္၊ ဗိုလ္ခ်ဳပ္မႉး ေဖါ့မွာ ရန္သူတပ္မ်ားကို အင္အားေတာင့္တင္းစြာႏွင့္ တိုက္ခိုက္နိုင္ေလသည္။ စစ္ပန္းလာၿပီျဖစ္ေသာ ဂ်ာမန္တပ္မ်ားမွာ အင္အားျပည့္ လန္းဆန္းေနေသာ အေမရိကန္တို႔ႏွင့္ ယွဥ္ရသည့္အခါတိုင္းလိလိပင္ ေနာက္ဆုတ္ေပးခဲ့ရေလသည္။ ေျမာက္ဘက္တြင္လည္း မဟာမိတ္တပ္မ်ားသည္ ေျမာက္ပင္လယ္အနီးမွ ဖိတိုက္ခဲ့ေလရာ ဗယ္လဂ်ီယမ္နိုင္ငံမွ ၿမိဳ႕မ်ားကို ျပန္လည္ သိမ္းပိုင္နိုင္ခဲ့၍ ဂ်ာမန္တပ္မ်ားကိုလည္း အတန္ပင္ ရွင္းလင္းတိုက္ထုတ္ပစ္နိုင္ခဲ့ၾကသည္။ ၁၉၁၈ ခု ေအာက္တိုဘာလ ၁၉ ရက္ေန႕တြင္ ဂ်ာမန္တို႔၏ ေရငုပ္သေဘၤာစခန္းျဖစ္ေသာ ေဇးဗ႐ြတ္ဂီၿမိဳ႕မွ ဂ်ာမန္မ်ားကို တိုက္ထုတ္ပစ္ကာ ထိုၿမိဳ႕ကို ျပန္လည္သိမ္းပိုက္နိုင္ခဲ့၏။ ထိုအေတာအတြင္း အေနာက္ဘက္စစ္ေၾကာင္းတစ္ေလွ်ာက္တြင္လည္း ဂ်ာမန္တို႔ကို ေတာင္ဘက္သို႔လည္းေကာင္း၊ အေရွ႕ဘက္သို႔လည္းေကာင္း ေရာက္ေအာင္ တျဖည္းျဖည္း ဖိ၍ တိုက္ထုတ္နိုင္ခဲ့ေလသည္။ ေတာင္ဘက္မွ ဖိ၍တိုက္လာသည့္ အေမရိကန္တပ္မ်ား၏ ဒဏ္ကို မခံနိုင္ေသာ ဂ်ာမန္တပ္မ်ားသည္ ဇူလိုင္လမွ စ၍ တဆုတ္တည္း ဆုတ္ခဲ့ေလရာ ေနာက္ဆုံး ျပင္သစ္ေျမ၌ မိုးဗန္းခံတပ္တစ္ခုသာလွ်င္ ေျခကုပ္အျဖစ္ က်န္ေလေတာ့သည္။ ထိုအေတာအတြင္း ဂ်ာမန္၏ ဘက္ေတာ္သားမ်ားမွာလည္း ရႈံး၍သာ ေနၾကေလသည္။ ၁၉၁၈ ခုစက္တင္ဘာလ ၁၅ ရက္ေန႕တြင္ ဆယ္လိုနီးကား၌ ေသာင္တင္ေနေသာ မဟာမိတ္တပ္မ်ားသည္ ထိုးစစ္ဆင္ကာ ေရွ႕သို႔ ခ်ီတက္ခဲ့၏။ ရက္သတၱပတ္ ႏွစ္ပတ္အတြင္း ဆားဗီးယားနိုင္ငံေတာင္ပိုင္း တစ္ခုလုံးလိုလိုပင္ ျပန္လည္သိမ္းယူခဲ့ၾကသည္။ သို႔ျဖစ္၍ နိုင္ငံတြင္းခ်ီတက္တိုက္ခိုက္ျခင္း ခံရမည္ကို စိုးရိမ္သည္ႏွင့္ ဗူလေဂးရီးယားသည္ စက္တင္ဘာလ ၂၉ ရက္ေန႕တြင္ လက္နက္ခ်လိဳက္ေလသည္။ ထို႔ေနာက္ ေျမာက္ဘက္သို႔ ဆက္လက္ ခ်ီတက္ခဲ့ရာ ဆက္လက္၍ ေအာင္ပြဲရခဲ့ေလသည္။ ဩစႀတီးယန္းတပ္မ်ားလည္း အယ္လေဗးနီးယားႏွင့္ မြန္တီးနီးဂရိုးျပည္မ်ားမွ ဆုတ္ေပးရေလသည္။ တစ္လခြဲခန႔္အတြင္း ဆားဗီးယားမွ ဩစႀတီးယန္း တပ္မ်ားကို ေမာင္းထုတ္နိုင္ခဲ့ၿပီးေနာက္ ဗဲလရိတ္ၿမိဳ႕ကိုလည္း ျပန္လည္သိမ္းပိုက္နိုင္ခဲ့၏။ ထိုထိုးစစ္ႏွင့္ တစ္ၿပိဳင္တည္းလိုလိုပင္ ပါလက္စတိုင္းခ်ီ အယ္လင္ဗီ၏ တပ္သည္ ေအမာေဖးဆယ္ေခါင္းေဆာင္ေသာ အာရပ္တစ္စုႏွင့္ ကာနယ္တီအီ ေလာ့ရင့္တို႔၏ အကူအညီျဖင့္ ထိုးစစ္ဆင္ခဲ့ရာ တူရကီတို႔သည္ မခံနိုင္၍ ဒမက္စကပ္၊ ဧက၊ ေဗး႐ြတ္ႏွင့္ အလက္ပို စေသာ ၿမိဳ႕မ်ားကို သိမ္းပိုက္ရရွိခဲ့သည္။ ၁၉၁၈ ေအာက္တိုဘာလ ၃၁ ရက္ေန႕တြင္ တူရကီ လက္နက္ခ်ေလသည္။ ထိုႏွစ္ ေအာက္တိုဘာလထဲတြင္ ပီယားေဗးျမစ္ကို ျဖတ္၍ ခ်ီတက္ခဲ့ေသာ အီတလီတပ္တို႔သည္ ဩစႀတီးယန္းတပ္မ်ားကို ႏွစ္ခုကြဲေအာင္ တိုက္ခဲ့ေလရာ တပ္ပ်က္ၿပီးေနာက္ ၁၀ ရက္ခန႔္အတြင္း တပ္သား သုံးသိန္းေက်ာ္မွ် လက္နက္ခ်ခဲ့ေလသည္။သို႔ျဖစ္၍ ဩစႀတီးယန္းတပ္မ်ား၏ ဗိုလ္ခ်ဳပ္က စစ္ရက္စဲရန္ ေတာင္းပန္ခဲ့ရ၏။ ထိုသို႔ တပ္ပ်က္ခဲ့သည့္ႏွင့္ ဩစႀတီးယားအစိုးရအဖြဲ႕လည္းပ်က္ခဲ့ေလသည္။ ဩစႀတီးယားနိုင္ငံ ေတာ္အတြင္းရွိ ဗိုဟီးမီးယားျပည္နယ္ႏွင့္ အျခားျပည္နယ္ အသီးသီးတို႔သည္ ေတာလွန္ပုန္ကန္ကာ လြတ္လပ္ေရးကို ေက်ညာခဲ့ၾကသည္။ သို႔ျဖစ္၍ ဂ်ာမနီ တစ္ဦးတည္းသာ က်န္ေလေနေတာ့သည္။ ၁၉၁၈ ခု နိုဝင္ဘာလ ၃ ရက္ေန႕တြင္ ကီးေရတပ္စခန္းရွိ ဂ်ာမန္ေရတပ္ ပုန္ကန္ရာ မၾကာမီ ဗရီးမင္းႏွင့္ ဟမ္းဗတ္ေရတပ္မ်ားသို႔ ကူးစက္သြားေလသည္။ စစ္တပ္အေျခအေနမွာလည္း ေမွ်ာ္လင့္စရာ မရွိေအာင္ ဆိုး႐ြားေနသည္ကို သိရွိေသာ ဂ်ာမန္အစိုးရသည္ ေအာက္တိုဘာလထဲကပင္ စစ္ေျပၿငိမ္းရန္ ဂ်ာမန္ ဝန္ႀကီးခ်ဳပ္ မင္းသားႀကီး မကၠဆီမီလ်ံက စကားကမ္းလွန္းခဲ့ေလသည္။ ထို႔ျပင္ သူ႕အစိုးရအဖြဲ႕တြင္ ဆိုရွယ္လစ္မ်ားကိုလည္း ပါဝင္ေစခဲ့ရာ ရက္မ်ားမၾကာမီ အစိုးရ အဖြဲ႕ကို သူတို႔ႀကိဳးကိုင္ၿပီးလွ်င္ အေမရိကန္ သမၼတ ဝီလဆန္ထံ စစ္ေျပၿငိမ္းေရးအတြက္ စကားကမ္းလွမ္းခဲ့ေလသည္။ သို႔ေသာ္ ဝီလဆန္က မဟာမိတ္ တပ္ေပါင္းစုံ စစ္ေသနာပတိ မာရွယ္ေဖါ့ႏွင့္ ေဆြးႏြေးရန္ ၫႊန္ၾကားခဲ့၏။ထိုအေတာအတြင္း ကိုင္ဇာ ဘုရင္သည္ ဘာလင္ၿမိဳ႕မွ ထြက္ခြာၿပီးေနာက္ သူ၏စစ္တပ္မ်ားရွိရာ သြားေရာက္ေနထိုင္ခဲ့ေလသည္။ သို႔ေသာ္ ဝန္ႀကီးခ်ဳပ္က ကိုင္ဇာအား နန္းစြန႔္ရန္ ေတာင္းဆိုခဲ့ရာ ဟင္ဒင္ဗတ္ကလည္း သေဘာတူခဲ့သျဖင့္ နိုဝင္ဘာလ ၁၀ ရက္ေန႕တြင္ နန္းစြန႔္ၿပီးလွ်င္ ေဟာလန္နိုင္ငံသို႔ ထြက္ေျပးရေလသည္။ ဂ်ာမန္တို႔လည္း သမၼတ ဝီလဆန္ ၫႊန္ၾကားသည့္အတိုင္း ဖာရွယ္ေဖါ့ထံတြင္ စစ္ေျပၿငိမ္းေရးအတြက္ စကားကမ္းလွမ္းခဲ့ရာတြင္ မဟာမိတ္တို႔အခ်င္းခ်င္း ေဆြးႏြေးၿပီးေနာက္ စစ္ရပ္စဲေရး စည္းကမ္းခ်က္မ်ားကို ေရးဆြဲခဲ့၏။ ထိုစည္းကမ္းခ်က္မ်ားကို မာရွယ္ေဖါ့က ကြန္းပ်င္း သစ္ေတာအတြင္း ရပ္တန႔္ထားေသာ မီးရထားတြဲေပၚတြင္ နိုဝင္ဘာလ ၁၁ ရက္ မိုးေသာက္ယံအခ်ိန္၌ ဂ်ာမန္အစိုးရ ကိုယ္စားလွယ္မ်ားအား ေပးအပ္ေလသည္။ ယင္းတို႔ကို ဂ်ာမန္တို႔က လက္ခံလိုက္သျဖင့္ ၆ နာရီအၾကာ နံနက္ ၁၁ နာရီတြင္ အပစ္အခက္ ရပ္စဲသြားေလသည္။ ထိုေန႕ထိုအခ်ိန္ကို ေနာင္လာေနာက္သားမ်ားသည္ ေတာ္ေတာ္ႏွင့္ပင္ ေမ့နိုင္ေတာ့မည္ မဟုတ္ေခ်။ Unicode. ၁၉၁၈ ခုနှစ် စစ်အတွင်း အခြေအနေ ထိုနှစ်၌ ဂျာမန်တို့သည် မဟာမိတ်တို့ကို အပြုတ်တိုက်ရန် အကြီးအကျယ် စစ်ဆင်နေခဲ့သော နှစ်ဖြစ်သည်။ စစ်သူကြီး ဟင်ဒင်ဗတ်က ဂျာမန်တပ်များသည် ဧပြီလ တစ်ရက်နေ့တွင် ပါရီမြို့ကို သိမ်းပိုက်နိုင်ရမည်ဟု ကျေညာခဲ့လေသည်။ ဂျာမန်တို့၏ ထိုးစစ်ကြောင်းမှာ အီးပရား၏ တောင်ဘက် မှ စတင်၍ ငါးဆယ့်တစ်မိုင်မျှ ရျည်လျှားလေသည်။ ထိုမျှလောက် ကြီးမားလှသော အင်အားနှင့် ဖိတိုက်သဖြင့် ထိုမျှလောက် လူအသေအကြေများလှသော စစ်ပွဲမျိုး ယခင်က မရှိခဲ့ဟုဆိုကြသည်။ ဂျာမန်တို့၏ အင်အားကြီးမားလှသဖြင့် ဆယ်ရက်ခန့်အတွင်း နှစ်ဆယ့်ခုနှစ်မိုင်မျှ မဟာမိတ်တို့၏ စစ်ကြောင်းအတွင်းသို့ ကျွံဝင်ခဲ့၏။ ထိုအခါ မဟာမိတ်တပ်များအားလုံးကို ကွပ်ကဲရန် ပြင်သစ် ဗိုလ်ချုပ်မှူး ဖေါ့အား အနောက်ဘက်စစ်မျက်နှာ စစ်သေနာပတိအဖြစ်ခန့်ကာ အစွမ်းကုန် ခုခံ တွန်းလှန်စေလေသည်။ သို့သော်လည်း ရန်သူအင်အား ကြီးမားလှ၍ တပ်ပေါင်းစုံမှ ဆုတ်၍ ဆုတ်၍သာ ပေးရလေ၏။ ဂျာမန်တို့ကလည်း ပါရီမြို့တော်သို့ ချီတက်ရန် လမ်းပွင့်ဖို့ ကြိုးပမ်းကာ ဖိတိုက်ကြလေသည်။ ယင်းသို့ဖြင့် ဂျာမန်တို့မှာ ပါရီမြို့အနီး ကပ်လာလေရာ မြို့တော်ကြီးကျဆုံးရန် နာရီပိုင်မျှလောက်သာ လိုတော့သည်။ ထိုအတောအတွင်း အမေရိကန်ရေတပ်မှ တပ်သားရှစ်ထောင်ပါဝင်သော တပ်တစ်တပ်သည် ခြောက်ထောင်မျှ အကျခံကာ ဂျာမန်တို့ ပါရီသို့ ချီတက်ရာ လမ်းကြောင်းကို တာဆီးနိုင်ရန် ကြိုးစားခဲ့ရာ အတန်ပင် အောင်မြင်ခဲ့လေသည်။ ထို့အပြင် ရှားတိုးသီယဲရီးတွင် စစ်ပန်းနေပြီ ဖြစ်သော ပြင်သစ်တပ်ကို လူစားထိုးရန် ရောက်ရှိလာခဲ့သည့် အမေရိကန်တပ်သည် ဂျာမန်တို့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေသည့်ကြားမှ ထိုးစစ်ဆင်ကာ ထိုအရပ်မှ ဂျာမန်များကို ရှင်းလင်းပစ်နိုင်ခဲ့လေသည်။ ထို့ကြောင့် ဂျာမန်တို့လည်း ထိုးစစ်မှ ခံစစ်အဖြစ်သို့ ပြောင်းလဲသွားရပြီးလျှင် ပါရီမြို့တော်ကြီးမှာလည်း ရန်သူလက်ထံ ကျရောက်မည့်ဘေးမှ ကင်းလွတ်ခဲ့လေသည်။ အမေရိကန် စစ်ကူတပ်များ အဆက်မပြတ် တင်ပို့ အားဖြည့်နိုင်ခြင်းကြောင့်၊ ဗိုလ်ချုပ်မှူး ဖေါ့မှာ ရန်သူတပ်များကို အင်အားတောင့်တင်းစွာနှင့် တိုက်ခိုက်နိုင်လေသည်။ စစ်ပန်းလာပြီဖြစ်သော ဂျာမန်တပ်များမှာ အင်အားပြည့် လန်းဆန်းနေသော အမေရိကန်တို့နှင့် ယှဉ်ရသည့်အခါတိုင်းလိလိပင် နောက်ဆုတ်ပေးခဲ့ရလေသည်။ မြောက်ဘက်တွင်လည်း မဟာမိတ်တပ်များသည် မြောက်ပင်လယ်အနီးမှ ဖိတိုက်ခဲ့လေရာ ဗယ်လဂျီယမ်နိုင်ငံမှ မြို့များကို ပြန်လည် သိမ်းပိုင်နိုင်ခဲ့၍ ဂျာမန်တပ်များကိုလည်း အတန်ပင် ရှင်းလင်းတိုက်ထုတ်ပစ်နိုင်ခဲ့ကြသည်။ ၁၉၁၈ ခု အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဂျာမန်တို့၏ ရေငုပ်သင်္ဘောစခန်းဖြစ်သော ဇေးဗရွတ်ဂီမြို့မှ ဂျာမန်များကို တိုက်ထုတ်ပစ်ကာ ထိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။ ထိုအတောအတွင်း အနောက်ဘက်စစ်ကြောင်းတစ်လျှောက်တွင်လည်း ဂျာမန်တို့ကို တောင်ဘက်သို့လည်းကောင်း၊ အရှေ့ဘက်သို့လည်းကောင်း ရောက်အောင် တဖြည်းဖြည်း ဖိ၍ တိုက်ထုတ်နိုင်ခဲ့လေသည်။ တောင်ဘက်မှ ဖိ၍တိုက်လာသည့် အမေရိကန်တပ်များ၏ ဒဏ်ကို မခံနိုင်သော ဂျာမန်တပ်များသည် ဇူလိုင်လမှ စ၍ တဆုတ်တည်း ဆုတ်ခဲ့လေရာ နောက်ဆုံး ပြင်သစ်မြေ၌ မိုးဗန်းခံတပ်တစ်ခုသာလျှင် ခြေကုပ်အဖြစ် ကျန်လေတော့သည်။ ထိုအတောအတွင်း ဂျာမန်၏ ဘက်တော်သားများမှာလည်း ရှုံး၍သာ နေကြလေသည်။ ၁၉၁၈ ခုစက်တင်ဘာလ ၁၅ ရက်နေ့တွင် ဆယ်လိုနီးကား၌ သောင်တင်နေသော မဟာမိတ်တပ်များသည် ထိုးစစ်ဆင်ကာ ရှေ့သို့ ချီတက်ခဲ့၏။ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဆားဗီးယားနိုင်ငံတောင်ပိုင်း တစ်ခုလုံးလိုလိုပင် ပြန်လည်သိမ်းယူခဲ့ကြသည်။ သို့ဖြစ်၍ နိုင်ငံတွင်းချီတက်တိုက်ခိုက်ခြင်း ခံရမည်ကို စိုးရိမ်သည်နှင့် ဗူလဂေးရီးယားသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် လက်နက်ချလိုက်လေသည်။ ထို့နောက် မြောက်ဘက်သို့ ဆက်လက် ချီတက်ခဲ့ရာ ဆက်လက်၍ အောင်ပွဲရခဲ့လေသည်။ ဩစတြီးယန်းတပ်များလည်း အယ်လဗေးနီးယားနှင့် မွန်တီးနီးဂရိုးပြည်များမှ ဆုတ်ပေးရလေသည်။ တစ်လခွဲခန့်အတွင်း ဆားဗီးယားမှ ဩစတြီးယန်း တပ်များကို မောင်းထုတ်နိုင်ခဲ့ပြီးနောက် ဗဲလရိတ်မြို့ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။ ထိုထိုးစစ်နှင့် တစ်ပြိုင်တည်းလိုလိုပင် ပါလက်စတိုင်းချီ အယ်လင်ဗီ၏ တပ်သည် အေမာဖေးဆယ်ခေါင်းဆောင်သော အာရပ်တစ်စုနှင့် ကာနယ်တီအီ လော့ရင့်တို့၏ အကူအညီဖြင့် ထိုးစစ်ဆင်ခဲ့ရာ တူရကီတို့သည် မခံနိုင်၍ ဒမက်စကပ်၊ ဧက၊ ဗေးရွတ်နှင့် အလက်ပို စသော မြို့များကို သိမ်းပိုက်ရရှိခဲ့သည်။ ၁၉၁၈ အောက်တိုဘာလ ၃၁ ရက်နေ့တွင် တူရကီ လက်နက်ချလေသည်။ ထိုနှစ် အောက်တိုဘာလထဲတွင် ပီယားဗေးမြစ်ကို ဖြတ်၍ ချီတက်ခဲ့သော အီတလီတပ်တို့သည် ဩစတြီးယန်းတပ်များကို နှစ်ခုကွဲအောင် တိုက်ခဲ့လေရာ တပ်ပျက်ပြီးနောက် ၁၀ ရက်ခန့်အတွင်း တပ်သား သုံးသိန်းကျော်မျှ လက်နက်ချခဲ့လေသည်။သို့ဖြစ်၍ ဩစတြီးယန်းတပ်များ၏ ဗိုလ်ချုပ်က စစ်ရက်စဲရန် တောင်းပန်ခဲ့ရ၏။ ထိုသို့ တပ်ပျက်ခဲ့သည့်နှင့် ဩစတြီးယားအစိုးရအဖွဲ့လည်းပျက်ခဲ့လေသည်။ ဩစတြီးယားနိုင်ငံ တော်အတွင်းရှိ ဗိုဟီးမီးယားပြည်နယ်နှင့် အခြားပြည်နယ် အသီးသီးတို့သည် တောလှန်ပုန်ကန်ကာ လွတ်လပ်ရေးကို ကျေညာခဲ့ကြသည်။ သို့ဖြစ်၍ ဂျာမနီ တစ်ဦးတည်းသာ ကျန်လေနေတော့သည်။ ၁၉၁၈ ခု နိုဝင်ဘာလ ၃ ရက်နေ့တွင် ကီးရေတပ်စခန်းရှိ ဂျာမန်ရေတပ် ပုန်ကန်ရာ မကြာမီ ဗရီးမင်းနှင့် ဟမ်းဗတ်ရေတပ်များသို့ ကူးစက်သွားလေသည်။ စစ်တပ်အခြေအနေမှာလည်း မျှော်လင့်စရာ မရှိအောင် ဆိုးရွားနေသည်ကို သိရှိသော ဂျာမန်အစိုးရသည် အောက်တိုဘာလထဲကပင် စစ်ပြေငြိမ်းရန် ဂျာမန် ဝန်ကြီးချုပ် မင်းသားကြီး မက္ကဆီမီလျံက စကားကမ်းလှန်းခဲ့လေသည်။ ထို့ပြင် သူ့အစိုးရအဖွဲ့တွင် ဆိုရှယ်လစ်များကိုလည်း ပါဝင်စေခဲ့ရာ ရက်များမကြာမီ အစိုးရ အဖွဲ့ကို သူတို့ကြိုးကိုင်ပြီးလျှင် အမေရိကန် သမ္မတ ဝီလဆန်ထံ စစ်ပြေငြိမ်းရေးအတွက် စကားကမ်းလှမ်းခဲ့လေသည်။ သို့သော် ဝီလဆန်က မဟာမိတ် တပ်ပေါင်းစုံ စစ်သေနာပတိ မာရှယ်ဖေါ့နှင့် ဆွေးနွေးရန် ညွှန်ကြားခဲ့၏။ထိုအတောအတွင်း ကိုင်ဇာ ဘုရင်သည် ဘာလင်မြို့မှ ထွက်ခွာပြီးနောက် သူ၏စစ်တပ်များရှိရာ သွားရောက်နေထိုင်ခဲ့လေသည်။ သို့သော် ဝန်ကြီးချုပ်က ကိုင်ဇာအား နန်းစွန့်ရန် တောင်းဆိုခဲ့ရာ ဟင်ဒင်ဗတ်ကလည်း သဘောတူခဲ့သဖြင့် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နန်းစွန့်ပြီးလျှင် ဟောလန်နိုင်ငံသို့ ထွက်ပြေးရလေသည်။ ဂျာမန်တို့လည်း သမ္မတ ဝီလဆန် ညွှန်ကြားသည့်အတိုင်း ဖာရှယ်ဖေါ့ထံတွင် စစ်ပြေငြိမ်းရေးအတွက် စကားကမ်းလှမ်းခဲ့ရာတွင် မဟာမိတ်တို့အချင်းချင်း ဆွေးနွေးပြီးနောက် စစ်ရပ်စဲရေး စည်းကမ်းချက်များကို ရေးဆွဲခဲ့၏။ ထိုစည်းကမ်းချက်များကို မာရှယ်ဖေါ့က ကွန်းပျင်း သစ်တောအတွင်း ရပ်တန့်ထားသော မီးရထားတွဲပေါ်တွင် နိုဝင်ဘာလ ၁၁ ရက် မိုးသောက်ယံအချိန်၌ ဂျာမန်အစိုးရ ကိုယ်စားလှယ်များအား ပေးအပ်လေသည်။ ယင်းတို့ကို ဂျာမန်တို့က လက်ခံလိုက်သဖြင့် ၆ နာရီအကြာ နံနက် ၁၁ နာရီတွင် အပစ်အခက် ရပ်စဲသွားလေသည်။ ထိုနေ့ထိုအချိန်ကို နောင်လာနောက်သားများသည် တော်တော်နှင့်ပင် မေ့နိုင်တော့မည် မဟုတ်ချေ။

View more on Facebook

This site was designed with Websites.co.in - Website Builder

IMPORTANT NOTICE
DISCLAIMER

This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support