X

By
Thu, 03-Oct-2019, 20:36

၁၉၁၅ ခုႏွစ္အတြင္း စစ္အေျခအေန Zawgyi. အေနာက္ဘက္ စစ္မ်က္ႏွာ...

၁၉၁၅ ခုႏွစ္အတြင္း စစ္အေျခအေန Zawgyi. အေနာက္ဘက္ စစ္မ်က္ႏွာတြင္ သုံးႏွစ္ခန႔္အတြင္း အႀကီးအက်ယ္ ေျပာင္းလဲခဲ့ျခင္း မရွိေပ။ ထိုေၾကာင့္ အဂၤလိပ္ႏွင့္ ျပင္သစ္တို႔သည္ လက္နက္ခဲယမ္း မီးေက်ာက္မ်ား တိုးတက္တည္ေဆာက္ ထုတ္လုပ္နိုင္ခဲ့သည္ ျဖစ္ရာ တိုက္ပြဲမ်ားတြင္ အမ်ားအားျဖင့္ အေျမာက္ကို သုံးနိုင္ခဲ့ၾကသည္။ ထိုႏွစ္အတြင္း စစ္မ်က္ႏွာ၌ အေရးအပါဆုံး တိုက္ပြဲမွာ ဗာဒန္တိုက္ပြဲ ျဖစ္သည္။ ဗာဒန္မွာ ပဲရစ္ၿမိဳ႕သြားရာ လမ္းေပၚတြင္ တည္ရွိ၍ ျပင္သစ္ခံစစ္ေၾကာင္း၏ အခ်က္အခ်ာ ျဖစ္ေလရာ ဂ်ာမန္အိမ္ေရွ႕ ဥပရာဇာကိုယ္တိုင္ ဗာဒန္ကို တိုက္ခိုက္သိမ္းပိုက္ရန္ ႀကိဳးစားခဲ့သည္။ ျပင္သစ္တို႔ကလည္း ႐ြပ္႐ြပ္ခြၽံခြၽံ ခုခံတိုက္ခိုက္ခဲ့၍ ေသြးေခ်ာင္းစီးေသာ တိုက္ပြဲႀကီးမ်ား ထိုၿမိဳ႕အနီး၌ ျဖစ္ပြားခဲ့ေလသည္။ သို႔ေသာ္ ဗာဒန္ၿမိဳ႕မွာ ဗိုလ္ခ်ဳပ္မႉး (ေနာက္မာရွယ္) ေပတန္း၏ ႀကိဳးပမ္းခ်က္ေၾကာင့္ မက်ပဲရွိေနခဲ့သည္။ ထိုႏွစ္တြင္ ဂ်ာမန္တို႔သည္ အဂၤလန္ဘက္သို႔ လြယ္ကူစြာ ကူးနိုင္ေရးအတြက္ ကဲေလးၿမိဳ႕ကို သိမ္းပိုက္ရန္ စစ္ဆင္ၾကျပန္ရာ ဓာတ္ေငြ႕မ်ားကိုပင္ အသုံးျပဳေလသည္။ သို႔ေသာ္ ကေနဒီယန္ တပ္သားမ်ား၏ ႐ြပ္႐ြပ္ခြၽံခြၽံ တြန္းလွန္မႈေၾကာင့္ ၁၉၁၈ ခုႏွစ္တိုင္ေအာင္ ဂ်ာမန္တို႔၏ရန္မွ ကင္းလြတ္ခဲ့သည္။ ထိုႏွစ္တြင္ မဟာမိတ္တို႔မွ အေရးပါေသာ ေအာင္ျမင္မႈမွာ သံမဏိႏွင့္ အဂၤေတတို႔ျဖင့္ ခိုင္ခံ့စြာ ျပဳလုပ္ထားေသာ လက္ဗီရင့္ေခၚ ဝကၤပါအမည္ရွိ ဂ်ာမန္ေျမေအာက္ခံတပ္ႀကီးကို သိမ္းပိုက္နိုင္ျခင္း ျဖစ္ေပသည္။ မဟာမိတ္တို႔သည္ ျပင္သစ္ႏွင့္ ဘယ္လဂ်ီယမ္နိုင္ငံတို႔မွ ရန္သူလက္ က်ေရာက္ခဲ့ေသာ နယ္မ်ားကို ကယ္တင္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း စတုရန္းမိုင္ေပါင္း ၅၀ ခန႔္သာ ျပန္ရခဲ့သည္။ အေရွ႕ဘက္ စစ္မ်က္ႏွာ ေျမာက္ဘက္တြင္ ဗြန္ဟင္ဒင္ဗတ္၏ ဂ်ာမန္စစ္တပ္မ်ားသည္ မဆူးရီယန္အိုင္မ်ား ေဒသတစ္ဝိုက္၌ အေရးသာေနၾကသည္။ ေတာင္ဘက္တြင္ ပထမေသာ္႐ုရွားသည္ စစ္ေရးလွခဲ့သည္။ ဩစႀတီးယားတပ္မ်ား ဂလစ္ရွာနယ္ကိုျဖတ္၍ ဟန္ေဂရီနိုင္ငံထဲသို႔ပင္ ဝင္နိုင္ခဲ့သည္။ သို႔ေသာ္ ၁၉၁၅ ခုႏွစ္ ႏြေရာသီတြင္ ဂ်ာမန္ႏွင့္ ဩစႀတီးယားတပ္မ်ား ပူးေပါင္း၍ ႐ုရွားတို႔အား ဂလစ္ရွာနယ္ထဲမွ အထူးေအာင္ျမင္စြာ ေမာင္းထုတ္လိုက္သည္။ ထိုအခါ နစ္ကလပ္ မင္းသားႀကီးေနရာတြင္ ႐ုရွားဇာဘုရင္ကိုယ္တိုင္ ထိုတပ္မ်ားကို ကြပ္ကဲတိုက္ခိုက္ေလသည္။ ႐ုရွားအား ဗဟိုနိုင္ငံမ်ား၏ ဖိႏွိပ္ျခင္းမွ သက္သာရာရေစရန္ မဟာမိတ္တပ္မ်ားသည္ တူရကီပိုင္ ဒါးဒနဲေရလက္ၾကားမွ ဂလစ္ပိုလီကြၽန္းဆြယ္ကို တိုက္ခိုက္သိမ္းယူရန္ ႀကိဳးပမ္းခဲ့ၾကသည္။ သို႔ရာတြင္ မေအာင္ျမင္သည့္အျပင္ ေဗာ္လကန္ျပည္နယ္မ်ား၏ အထင္ေသးျခင္းကိုပင္ ခံရေလသည္။ ဩစႀတီးယားသည္ ဆားဗီးယားကို တိုက္ခိုက္ခဲ့ရာတြင္ ေမွ်ာ္လင့္သေလာက္ မလြယ္ကူလွေခ်။ ဩစႀတီးယားတို႔က ဆားဗီးယားၿမိဳ႕ေတာ္ ဗဲလ္ဂရိတ္ၿမိဳ႕ကို သိမ္းပိုက္ခဲ့ေသာ္လည္း ဆားဗီးယားတို႔က ျပန္လည္သိမ္းပိုက္နိုင္ခဲ့သည္။ သို႔ေသာ္ မၾကာမီ အူေရာင္ငန္းဖ်ားေရာဂါ က်ေရာက္သျဖင့္ ဆားဗီးယားတပ္မ်ား အေတာ္ပင္ အင္အားနည္းသြားေလသည္။ ထိုကာလအတြင္း ဘူလ္ေဂးရီးယားနိုင္ငံသည္ ေဗာ္လကန္စစ္အတြင္းက ဆုံးရႈံးခဲ့ေသာ ေဗာ္လကန္ျပည္နယ္အခ်ိဳ႕ကို ျပန္ရရန္ ရည္႐ြယ္ခ်က္ျဖင့္ ဗဟိုနိုင္ငံမ်ားဖက္သို႔ ၁၉၁၅ ခုႏွစ္တြင္ ဝင္ေရာက္ခဲ့ၿပီးေသာ္ ဆားဗီးယားကို တိုက္ခိုက္သည္။ ဂ်ာမန္ႏွင့္ ဩစႀတီးယားတပ္မ်ားကလည္း ကူညီသျဖင့္ ၁၉၁၅ ခုႏွစ္ ဒီဇင္ဘာလတြင္ ဆားဗီးယားတစ္ျပည္လုံးကိုပင္ ရန္သူ႕လက္သို႔ က်ေရာက္သြားသည္။ မဟာမိတ္တို႔ဘက္မွ ဆားဗီးယားကို ကူညီရန္ ဆယ္လိုနီးကားၿမိဳ႕သို႔ သန္းဝက္မွ်ရွိေသာ တပ္မ်ားကို ၁၉၁၅ ခု ေအာက္တိုဘာလတြင္ ပို႔ခဲ့သည္။ ဆားဗီးယားတပ္ကိုလည္း ျပန္လည္ဖြဲ႕စည္းခဲ့သည္။ သို႔ေသာ္ ထိုတပ္မ်ားသည္ မည္သို႔မွ် အရာေရာက္ေအာင္ မစြမ္းေဆာင္နိုင္ပဲ ဆယ္လိုနီးကားတြင္သာ ေသာင္တင္ေနၾကသည္။ မဟာမိတ္တို႔လည္း မိမိတို႔၏ ဂုဏ္သေရကို ထိခိုက္မည္စိုးေသာေၾကာင့္ ထိုတပ္မ်ားျပန္၍ မဆုတ္ခိုင္းသျဖင့္ ၁၉၁၈ ခုႏွစ္တိုင္ေအာင္ ထိုတပ္မ်ားမွာ ထိုၿမိဳ႕တြင္ပင္ ေနခဲ့ၾကသည္။ ဓာတ္ပုံ. ႐ုရွားတပ္စုတစ္စု Unicode. ၁၉၁၅ ခုနှစ်အတွင်း စစ်အခြေအနေ အနောက်ဘက် စစ်မျက်နှာတွင် သုံးနှစ်ခန့်အတွင်း အကြီးအကျယ် ပြောင်းလဲခဲ့ခြင်း မရှိပေ။ ထိုကြောင့် အင်္ဂလိပ်နှင့် ပြင်သစ်တို့သည် လက်နက်ခဲယမ်း မီးကျောက်များ တိုးတက်တည်ဆောက် ထုတ်လုပ်နိုင်ခဲ့သည် ဖြစ်ရာ တိုက်ပွဲများတွင် အများအားဖြင့် အမြောက်ကို သုံးနိုင်ခဲ့ကြသည်။ ထိုနှစ်အတွင်း စစ်မျက်နှာ၌ အရေးအပါဆုံး တိုက်ပွဲမှာ ဗာဒန်တိုက်ပွဲ ဖြစ်သည်။ ဗာဒန်မှာ ပဲရစ်မြို့သွားရာ လမ်းပေါ်တွင် တည်ရှိ၍ ပြင်သစ်ခံစစ်ကြောင်း၏ အချက်အချာ ဖြစ်လေရာ ဂျာမန်အိမ်ရှေ့ ဥပရာဇာကိုယ်တိုင် ဗာဒန်ကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားခဲ့သည်။ ပြင်သစ်တို့ကလည်း ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့၍ သွေးချောင်းစီးသော တိုက်ပွဲကြီးများ ထိုမြို့အနီး၌ ဖြစ်ပွားခဲ့လေသည်။ သို့သော် ဗာဒန်မြို့မှာ ဗိုလ်ချုပ်မှူး (နောက်မာရှယ်) ပေတန်း၏ ကြိုးပမ်းချက်ကြောင့် မကျပဲရှိနေခဲ့သည်။ ထိုနှစ်တွင် ဂျာမန်တို့သည် အင်္ဂလန်ဘက်သို့ လွယ်ကူစွာ ကူးနိုင်ရေးအတွက် ကဲလေးမြို့ကို သိမ်းပိုက်ရန် စစ်ဆင်ကြပြန်ရာ ဓာတ်ငွေ့များကိုပင် အသုံးပြုလေသည်။ သို့သော် ကနေဒီယန် တပ်သားများ၏ ရွပ်ရွပ်ချွံချွံ တွန်းလှန်မှုကြောင့် ၁၉၁၈ ခုနှစ်တိုင်အောင် ဂျာမန်တို့၏ရန်မှ ကင်းလွတ်ခဲ့သည်။ ထိုနှစ်တွင် မဟာမိတ်တို့မှ အရေးပါသော အောင်မြင်မှုမှာ သံမဏိနှင့် အင်္ဂတေတို့ဖြင့် ခိုင်ခံ့စွာ ပြုလုပ်ထားသော လက်ဗီရင့်ခေါ် ဝင်္ကပါအမည်ရှိ ဂျာမန်မြေအောက်ခံတပ်ကြီးကို သိမ်းပိုက်နိုင်ခြင်း ဖြစ်ပေသည်။ မဟာမိတ်တို့သည် ပြင်သစ်နှင့် ဘယ်လဂျီယမ်နိုင်ငံတို့မှ ရန်သူလက် ကျရောက်ခဲ့သော နယ်များကို ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း စတုရန်းမိုင်ပေါင်း ၅၀ ခန့်သာ ပြန်ရခဲ့သည်။ အရှေ့ဘက် စစ်မျက်နှာ မြောက်ဘက်တွင် ဗွန်ဟင်ဒင်ဗတ်၏ ဂျာမန်စစ်တပ်များသည် မဆူးရီယန်အိုင်များ ဒေသတစ်ဝိုက်၌ အရေးသာနေကြသည်။ တောင်ဘက်တွင် ပထမသော်ရုရှားသည် စစ်ရေးလှခဲ့သည်။ ဩစတြီးယားတပ်များ ဂလစ်ရှာနယ်ကိုဖြတ်၍ ဟန်ဂေရီနိုင်ငံထဲသို့ပင် ဝင်နိုင်ခဲ့သည်။ သို့သော် ၁၉၁၅ ခုနှစ် နွေရာသီတွင် ဂျာမန်နှင့် ဩစတြီးယားတပ်များ ပူးပေါင်း၍ ရုရှားတို့အား ဂလစ်ရှာနယ်ထဲမှ အထူးအောင်မြင်စွာ မောင်းထုတ်လိုက်သည်။ ထိုအခါ နစ်ကလပ် မင်းသားကြီးနေရာတွင် ရုရှားဇာဘုရင်ကိုယ်တိုင် ထိုတပ်များကို ကွပ်ကဲတိုက်ခိုက်လေသည်။ ရုရှားအား ဗဟိုနိုင်ငံများ၏ ဖိနှိပ်ခြင်းမှ သက်သာရာရစေရန် မဟာမိတ်တပ်များသည် တူရကီပိုင် ဒါးဒနဲရေလက်ကြားမှ ဂလစ်ပိုလီကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းယူရန် ကြိုးပမ်းခဲ့ကြသည်။ သို့ရာတွင် မအောင်မြင်သည့်အပြင် ဗော်လကန်ပြည်နယ်များ၏ အထင်သေးခြင်းကိုပင် ခံရလေသည်။ ဩစတြီးယားသည် ဆားဗီးယားကို တိုက်ခိုက်ခဲ့ရာတွင် မျှော်လင့်သလောက် မလွယ်ကူလှချေ။ ဩစတြီးယားတို့က ဆားဗီးယားမြို့တော် ဗဲလ်ဂရိတ်မြို့ကို သိမ်းပိုက်ခဲ့သော်လည်း ဆားဗီးယားတို့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် မကြာမီ အူရောင်ငန်းဖျားရောဂါ ကျရောက်သဖြင့် ဆားဗီးယားတပ်များ အတော်ပင် အင်အားနည်းသွားလေသည်။ ထိုကာလအတွင်း ဘူလ်ဂေးရီးယားနိုင်ငံသည် ဗော်လကန်စစ်အတွင်းက ဆုံးရှုံးခဲ့သော ဗော်လကန်ပြည်နယ်အချို့ကို ပြန်ရရန် ရည်ရွယ်ချက်ဖြင့် ဗဟိုနိုင်ငံများဖက်သို့ ၁၉၁၅ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီးသော် ဆားဗီးယားကို တိုက်ခိုက်သည်။ ဂျာမန်နှင့် ဩစတြီးယားတပ်များကလည်း ကူညီသဖြင့် ၁၉၁၅ ခုနှစ် ဒီဇင်ဘာလတွင် ဆားဗီးယားတစ်ပြည်လုံးကိုပင် ရန်သူ့လက်သို့ ကျရောက်သွားသည်။ မဟာမိတ်တို့ဘက်မှ ဆားဗီးယားကို ကူညီရန် ဆယ်လိုနီးကားမြို့သို့ သန်းဝက်မျှရှိသော တပ်များကို ၁၉၁၅ ခု အောက်တိုဘာလတွင် ပို့ခဲ့သည်။ ဆားဗီးယားတပ်ကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။ သို့သော် ထိုတပ်များသည် မည်သို့မျှ အရာရောက်အောင် မစွမ်းဆောင်နိုင်ပဲ ဆယ်လိုနီးကားတွင်သာ သောင်တင်နေကြသည်။ မဟာမိတ်တို့လည်း မိမိတို့၏ ဂုဏ်သရေကို ထိခိုက်မည်စိုးသောကြောင့် ထိုတပ်များပြန်၍ မဆုတ်ခိုင်းသဖြင့် ၁၉၁၈ ခုနှစ်တိုင်အောင် ထိုတပ်များမှာ ထိုမြို့တွင်ပင် နေခဲ့ကြသည်။ ရုရှားတပ်စုတစ်စု

View more on Facebook

This site was designed with Websites.co.in - Website Builder

IMPORTANT NOTICE
DISCLAIMER

This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support