X

By
Thu, 03-Oct-2019, 21:14

စစ္၏အက်ိဳးသက္ေရာက္မႈမ်ား Zawgyi. ဗာဆိုင္းစာခ်ဳပ္ စစ္ရပ္စ...

စစ္၏အက်ိဳးသက္ေရာက္မႈမ်ား Zawgyi. ဗာဆိုင္းစာခ်ဳပ္ စစ္ရပ္စဲေရး စည္းကမ္းခ်က္မ်ား အရ ဂ်ာမနီတပ္မ်ားသည္ ဗဲလဂ်ီ၊ ျပင္သစ္၊ လပ္ဇင္ ဗတ္၊ အယ္လဆက္လိုရိန္း အစရွိသည့္ ေဒသမ်ားမွ ရိုင္းျမစ္တိုင္ေအာင္ ဆုတ္ခြာေပးရ၏။ လက္နက္ခဲယမ္း မီးေက်ာက္၊ ေလယာဥ္ပ်ံ၊ စစ္သေဘၤာႏွင့္ ေရငုပ္သေဘၤာအားလုံးကို မဟာမိတ္တို႔အား ေပးအပ္ေလသည္။ ႐ုရွားနိုင္ငံ၊ ႐ူေမးနီးယားနိုင္ငံ၊ တူရကီနိုင္ငံႏွင့္ အေရွ႕ အာဖရိကရွိ ဂ်ာမန္တို႔သိမ္းပိုက္ထားေသာ ေဒသမ်ားမွ ဂ်ာမန္တပ္မ်ားကို ျပန္ေခၚရ၏။ မဟာမိတ္စစ္သုံ႕ပန္းမ်ားအားလုံးကိုလည္း ခ်က္ခ်င္းလႊတ္ေပးရ၏။ ထို႔အျပင္ ဂ်ာမန္တို႔ က်ဴးေက်ာ္တိုက္ခိုက္ခဲ့ေသာ နယ္မ်ားမွ ပ်က္စီးဆုံးရႈံးခဲ့သမွ်ကို ဂ်ာမန္တို႔က ေလွ်ာ္ေပးရ၍ ဗဲလဂ်ီယမ္ ဘဏ္တိုက္မွ ေငြမ်ား၊ ႐ုရွားႏွင့္ ရိုေမးနီယားနိုင္ငံတို႔ မွ ေ႐ႊမ်ားကို ျပန္ေပးရန္ သေဘာတူရေလသည္။ ယင္းသို႔ ရပ္စဲေရး စာခ်ဳပ္ ခ်ဳပ္ဆိုၿပီးေနာက္တြင္ မဟာမိတ္တို႔သည္ ဂ်ာမနီနိုင္ငံအတြင္း အခ်က္အျခာက်ေသာ ေဒသမ်ားတြင္ တပ္မ်ားခ်ကာ ဂ်ာမနီ လႈပ္ရွားထႂကြျခင္း မျပဳနိုင္ေအာင္ ေစာင့္ၾကပ္ေနခဲ့ၾကေလသည္။ ထိုအေတာအတြင္း မဟာမိတ္ေခါင္းေဆာင္ႀကီးမ်ားသည္ ဗာေဆးၿမိဳ႕ေတာ္တြင္ လေပါင္းမ်ားစြာ ညွိႏွိုင္းေဆြးႏြေး၍ ဗာဆိုင္းစစ္ေျပၿငိမ္းေရး စာခ်ဳပ္ကို ေရးဆြဲခဲ့ၾကသည္။ ထိုသို႔ ေဆြးႏြေးရာတြင္ ဂ်ာမနီနိုင္ငံသည္ ဝင္ေရာက္ေဆြးႏြေးခြင့္မရေပ။ အခ်က္ေပါင္း ၄၀၀ မွ် ပါဝင္သည့္ ထိုစာခ်ဳပ္ကို ေရးဆြဲၿပီးေသာအခါ၊ ၁၉၁၉ ခု ဇန္နဝါရီလတြင္ ဂ်ာမနီနိုင္ငံအား လက္မွတ္ထိုးေစခဲ့သည္။ သို႔ေသာ္ စာခ်ဳပ္ပါအခ်က္အလက္မ်ားကို စဥ္းစားခ်င့္ခ်ိန္ရန္ႏွင့္ မေက်နပ္ေသာ အခ်က္မ်ားကို ကန႔္ကြပ္ရန္ အခ်ိန္ လုံေလာက္ေအာင္ မေပးခဲ့ေခ်။ ဂ်ာမနီနိုင္ငံမွာ မတတ္သာသျဖင့္ ယင္းအားနလံမထူနိုင္ေအာင္ ဖိနိပ္ခ်ဳပ္ခ်ယ္ထားေသာ စာခ်ဳပ္ကို လက္မွတ္ထိုးခဲ့ရေလသည္။ ထိုစာခ်ဳပ္အရ ဂ်ာမနီနိုင္ငံမွ အာဖရိကတိုက္ရွိ နယ္ေျမသစ္မ်ား အားလုံး ဆုံးရႈံးခဲ့ရသည္။ ဥေရာပတိုက္တြင္ စစ္အတြင္း သိမ္းပိုင္ထားခဲ့သည့္ နယ္မ်ားကို ျပန္ေပးရ႐ုံမက၊ စစ္မျဖစ္မီက ဂ်ာမန္ပိုင္နယ္မ်ားျဖစ္ေသာ အယ္လဆက္လိုရန္းနယ္မ်ားကိုလည္း ျပန္၍ ေပးအပ္ခဲ့ရေလသည္။ အဖိုးတန္ ေက်ာက္မီးေသြးတြင္းမ်ားတည္ရွိရာ ဆားနယ္ကို ျပင္သစ္နိုင္ငံကို ၁၅ ႏွစ္မွ် အျပည္ျပည္ဆိုင္ရာ ေကာ္မရွင္ႏွင့္ အုပ္ခ်ဳပ္ရန္ေပးအပ္လိုက္ရသည္။ ဗဲလဂ်ီယမ္နိုင္ငံသည္ ဂ်ာမန္နယ္ျခားခရိုင္မ်ားျဖစ္ေသာ မာလေမဒီ၊ အပ္ပင္ႏွင့္ ေမာရက္ဇနဲ ခရိုင္တို႔ကို ရရွိေလသည္။ ပိုဆင္ျပည္နယ္မွ နယ္အေတာ္မ်ားမ်ားႏွင့္ အေနာက္ပရပ္ရွားျပည္နယ္ကို တည္ေထာင္စ ပိုလန္ သမၼတနိုင္ငံသို႔ ေပးအပ္ခဲ့ရ၏။ မဟာမိတ္တို႔သည္ ဂ်ာမနီနိုင္ငံ၏ အေျခကို ေစာင့္ၾကည့္ရန္အတြက္ ရိုင္းျမစ္ အေနာက္ဘက္ရွိ ဂ်ာမနီပိုင္နက္ကို ၁၅ ႏွစ္မွ် သိမ္းပိုက္ထားရန္လည္း ပါရွိေလသည္။ ေမမယ္ျမစ္ဝအနီးရွိ နယ္ေျမကို ပထမတြင္ မဟာမိတ္တို႔ အားေပးအပ္ၿပီးေနာက္၊ တဖန္ လစ္ေသြးနီးယားနိုင္ငံသို႔ ေပးအပ္ခဲ့ရ၏။ ဂ်ာမနီပိုင္နယ္သစ္မ်ားအားလုံး မဟာမိတ္တို႔ လက္ေအာက္သို႔ လည္းေကာင္း၊ ဩဇာခံနည္မ်ားအျဖစ္သို႔ လည္းေကာင္း ေရာက္ရွိကုန္ေလသည္။ ထို႔ျပင္ စစ္တပ္ႏွင့္ လက္နက္အင္အားမ်ား ေလွ်ာ့ပစ္ရေလရာ၊ ဂ်ာမန္စစ္တပ္မွာ ရဲတပ္ဖြဲ႕မွ်ေလာက္သာ အင္အားရွိေတာ့၏။ဂ်ာမန္ေရတပ္တြင္ စစ္သေဘၤာႀကီး ၆ စင္း၊ က႐ူဇာစစ္သေဘၤာအေသးစား ၆ စင္း၊ ဖ်က္သေဘၤာႏွင့္ ေတာ္ပီဒိုသေဘၤာအခ်ိဳ႕သာ ထားပိုင္ခြင့္ရေတာ့ရာ၊ က်န္သေဘၤာမ်ားႏွင့္ စပ္လ်ဥ္း၍ မည္သို႔မည္ပုံ ျပဳလုပ္ရမည္ ကို မဟာမိတ္တို႔ အခက္ေတြ႕ေနစဥ္ ဂ်ာမန္ေရတပ္အရာရွိခ်ိဳ႕က ေဖာက္ခြဲဖ်က္ဆီး ပစ္ခဲ့ေလသည္။ ဂ်ာမနီသည္ ေရငုပ္သေဘၤာမ်ားကိုလည္း မေဆာက္လုပ္နိုင္သည့္အျပင္ ေလတပ္ကိုလည္း ဖြဲ႕စည္းခြင့္ မရွိေတာ့ေခ်။ မဟာမိတ္တို႔ဆုံးရႈံးခဲ့ေသာ ကုန္သေဘၤာမ်ားကို အစားထိုင္းရန္ ဂ်ာမန္ ကုန္သေဘၤာမ်ားကိုလည္း ေပးအပ္ရေလသည္။ ဂ်ာမနီနိုင္ငံသည္ စစ္ႀကီးႏွင့္ စပ္လ်ဥ္း၍ တာဝန္ရွိေၾကာင္း ဝန္ခံခဲ့ရသျဖင့္ မဟာမိတ္တို႔အား စစ္ေလ်ာ္ေၾကး မ်ားေပရန္လည္း ဗာဆိုင္းစာခ်ဳပ္တြင္ ပါရွိေလသည္။ သို႔ေသာ္ မည္မွ် ေပးရမည္ကို ေဖာ္ျပထားျခင္း မရွိသျဖင့္ ေတာင္းသမွ်ေပးရလို ျဖစ္ေနေလသည္။ သို႔ေသာ္ ယင္းကိစၥအတြက္ ေကာ္မတီတရပ္ ဖြဲ႕စည္းေဆြးႏြေး စဥ္းစားခဲ့ရာ ၁၉၂၁ ခုႏွစ္ ဂ်ာမနီက ေဒၚလာကုေဋ သိန္းသုံးေထာင့္သုံးရာခန႔္ေပးရမည္ဟု ဆုံးျဖတ္ၿပီးစီးေလသည္။ ဗာေဆးစာခ်ဳပ္ကို ဂ်ာမနီကိုယ္စလွယ္မ်ားသည္ ၁၉၁၉ ခုႏွစ္ ဇြန္လ ၂၈ ရက္ေန႕တြင္ လက္မွတ္ေရးထိုးခဲ့ေသာ္လည္း ေျမာက္မ်ားလွေသာ အျငင္းပြားမႈေၾကာင့္ ၁၉၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၂၀ ရက္ေန႕မွ သာလွ်င္ အတည္ျဖစ္လာေလသည္။ ထို႔အျပင္ အျခားဗဟိုအင္အားစုနိုင္ငံမ်ားႏွင့္လည္း ၿငိမ္းခ်မ္းေရးစာခ်ဳပ္မ်ား ခ်ဳပ္ဆိုခဲ့ေသး၏။ ဩစႀတီးယားဟန္ေဂရီနိုင္ငံႏွင့္ ၁၉၁၉ ခု စက္တင္ဘာလ ၁၀ ရက္ေန႕တြင္ ခ်ဳပ္ဆိုခဲ့ရာ ထိုစာခ်ဳပ္အရ ဩစႀတီးယားနိုင္ငံမွာ လူဦးေရ ၆ သန္းေက်ာ္ ၇ သန္းခန႔္သာ ရွိေသာ နိုင္ငံငယ္ကေလးတစ္ခု အျဖစ္သို႔ေရာက္ရွိခဲ့ေလသည္။ ဗိုဟီးမီးယား၊ ဟန္ေဂရီႏွင့္ ေတာင္ပိုင္း ဆလဗ္တို႔၏ လြတ္လပ္ေရးကို အသိအမွတ္ျပဳခဲ့ရ၏။ အီတလီနိုင္ငံသို႔ နယ္ေျမအေတာ္မ်ားမ်ား ေပးခဲ့ရ၏။ ထို႔အျပင္ စစ္ေလ်ာ္ေၾကးမ်ားလည္း ေပးရေသးသည္။ ဗူလေဂးရီးယားနိုင္ငံသည္ နယ္ေျမအမ်ားျပား မဆုံးရႈံးခဲ့ေပ။ သို႔ေသာ္ တူရကီနိုင္ငံေတာ္တြင္ ပါဝင္ေသာ အာေရဗ်၊ အာမီးနီးယား၊ ပါလက္စတိုင္း၊ မက္ဆိုပိုေတးမီးယား၊ ဆီးရီးယား (တပိုင္းသာ) စသည့္တိုင္းျပည္မ်ားမွာ ၁၉၂၀ ျပည့္ႏွစ္ ဩဂုတ္လ ၁၀ ရက္ေန႕တြင္ ခ်ဳပ္ဆိုေသာ ဆဲဗရာ စာခ်ဳပ္အရ မဟာမိတ္ ဩဇာခံနယ္ေျမမ်ား ျဖစ္သြားေလသည္။ [၁] ဥေရာပ ေျမပုံသစ္ ပထမကမၻာစစ္ႀကီးအၿပီးတြင္ ဥေရာပတိုက္တြင္ ဩစႀတီးယား ဟန္ေဂရီနိုင္ငံေတာ္ႀကီး ေပ်ာက္ကြယ္၍ ဩစႀတီးယားႏွင့္ ဟန္ေဂရီဟူေသာ သီးျခားနိုင္ငံငယ္ေလး ႏွစ္ခုအျဖစ္သာ က်န္ခဲ့၏။ ယခင္က ဩစႀတီးယားဟန္ေဂရီနိုင္ငံေတာ္တြင္ ပါဝင္ေသာ ဗိုဟီးမီးယား၊ မိုေရးဗီးယား၊ ႐ုသီးနီ:ယားႏွင့္ စလိုဗားကီးယားျပည္မ်ားကို စုေပါင္းထားေသာ ခ်က္ကို ဆလိုဗားကီးယားနိုင္ငံ၊ ဆားဗီးယား ႏွင့္ မြန္တီနီးဂရိုးနိုင္ငံ ကေလးမ်ားကို စုေပါင္းဖြဲ႕စည္းထားေသာ ယူဂိုဆလားဗီးယားနိုင္ငံသစ္ ႏွစ္ခုေပၚေပါက္လာေလသည္။ ထို႔ျပင္ ပရပ္ရွား၊ ဩစႀတီးယား ႏွင့္ ႐ုရွားမွ နယ္မ်ားစုေပါင္းထားသည့္ ပိုလန္သမၼတနိုင္ငံသစ္ ေပၚေပါက္လာခဲ့သည္။ ႐ုရွားနိုင္ငံ အေနာက္စြန္းတြင္ ဖင္လန္၊ အက္စတိုးနီးယား၊ လတ္ဗီးယားႏွင့္ လစ္ေသြးနီးယားဟူေသာ သီးျခားနိုင္ငံ ငယ္ကေလးမ်ား ေပၚခဲ့၏။ ဒန္းဇစ္ၿမိဳ႕သည္ လြတ္လပ္ေသာ ၿမိဳ႕ျဖစ္သြား၏။ အက္လေဗးနီးယားျပည္သည္ လြတ္လပ္ေရး ရရွိေလသည္။ ဆီးရီးယားႏွင့္ လက္ဗႏြန္ျပည္မ်ားမွာ ျပင္သစ္ဩဇာခံျပည္မ်ား ျဖစ္သြား၍ ပါလက္စတိုင္း၊ အီရတ္ႏွင့္ ထရန္စေဂ်ာ္ဒန္ ျပည္မ်ားမွာ ၿဗိတိန္၏ ဩဇာခံျပည္မ်ား ျဖစ္သြားေလသည္။ ဗာေဆးစာခ်ဳပ္တြင္ ပါရွိသည့္အတိုင္း ေနာင္အခ့ ကမၻာႀကီးတြင္ စစ္မက္ မျဖစ္ပြားေစရန္ႏွင့္ စစ္မက္ေရးရာမ်ား နည္းပါေစမႈအတြက္ ေဆာင္႐ြက္ရန္ နိုင္ငံေပါင္းခ်ဳပ္အသင္းႀကီးတစ္ခုကို ၁၉၂၀ ျပည့္ႏွစ္တြင္ စတင္တည္ေထာင္ခဲ့ေလသည္။ အသင္းႀကီး၏ ရည္႐ြယ္ခ်က္မွာ ေကာင္းေသာ္လည္း ယင္းတို႔ကို ျဖစ္ေျမာက္ေအာင္ကား မေဆာင္႐ြက္နိုင္ခဲ့ေပ။ ၁၉၁၄ ခု ဇူလိုင္လ ၂၈ ရက္ေန႕တြင္ စတင္ခဲ့ေသာ ပထမကမၻာစစ္ႀကီးကား ၁၉၁၈ ခု နိုဝင္ဘာလ ၁၁ ရက္ေန႕တြင္ ၿပီးဆုံးသြားေလသည္။ ထိုလူသတ္ပြဲႀကီးအတြက္ စစ္သား ရွစ္သန္းမွ် အသက္ဆုံးရႈံးခဲ့၍ ေဒၚလာသန္းေပါင္း ၁ သိန္းမွ် စစ္စရိတ္ ကုန္က်ခဲ့၏။ စစ္တြင္ ပါဝင္ေသာ နိုင္ငံမ်ား၏ ပ်က္စီးဆုံးရႈံးမႈမ်ားမွာလည္း ေၾကာက္ခမန္းလိလိပင္ ျဖစ္၍၊ စစ္ဆိုလွ်င္ နားမွေလသံ မခံခ်င္ေအာင္ နိုင္ငံတိုင္က ေၾကာက္႐ြံ႕တုန္လႈပ္ခဲ့ၾကေလသည္။ သို႔ေသာ္ စစ္ျဖစ္ရျခင္း အေၾကာင္းမ်ားျဖစ္သည့္ ကမၻာ့နိုင္ငံေရးျပႆနာမ်ားကား စစ္ျဖစ္လိုက္သည့္တိုင္ေအာင္ရွင္းေျပလည္မသြားၾကေသးေပ။ ထို႔ေၾကာင့္ ပထမကမၻာစစ္ႀကီး ျဖစ္ပြားခဲ့၍ အႏွစ္ႏွစ္ဆယ္ၾကာမွ်တြင္ ဒုတိယ ကမၻာစစ္ႀကီး ျဖစ္ပြား ျပန္ေလသည္။ အခ်ိဳ႕နိုင္ငံေရးဆရာမ်ားတို႔က ဒုတိယ ကမၻာစစ္ႀကီးကို ၁၉၁၄ ခုႏွစ္တြင္ စတင္ခဲ့သည့္ ပထမ ကမၻာစစ္ႀကီး၏ တစ္စိတ္တစ္ေဒသဟုသာ ေခၚဆိုလိုသည္။ ကိုးကား ျမန္မာ့စြယ္စုံက်မ္း ျပင္ပလင့္ခ္မ်ား World War I ႏွင့္ပတ္သက္သမွ်ကို ဝီကီပီးဒီးယား၏ ညီအစ္မပေရာဂ်က္မ်ားတြင္ ရွာေဖြဖတ္ရႈရန္ ဝစ္ရွင္နရီတြင္ ရွာေဖြရန္ ဝစ္ရွင္နရီမွ အဓိပၸာယ္ဖြင့္ဆိုခ်က္မ်ား Commons တြင္ ရွာေဖြရန္ Commons မွ မီဒီယာမ်ား ဝီကီသတင္းတြင္ ရွာေဖြရန္ ဝီကီသတင္းမွ သတင္းမ်ား ဝီကီကိုးကားခ်က္တြင္ ရွာေဖြရန္ ဝီကီကိုးကားခ်က္မွ အဆိုအမိန႔္မ်ား ဝီကီရင္းျမစ္တြင္ ရွာေဖြရန္ ဝီကီရင္းျမစ္မွ ရင္းျမစ္စာသားမ်ား ဝီကီစာအုပ္တြင္ ရွာေဖြရန္ ဝီကီစာအုပ္မွ ျပ႒ာန္းစာအုပ္မ်ား ဝီကီခရီးသြားတြင္ ရွာေဖြရန္ ဝီကီခရီးသြားမွ ခရီးသြား လမ္းၫႊန္ ဝီကီတကၠသိုလ္တြင္ ရွာေဖြရန္ ဝီကီတကၠသိုလ္မွ ေလ့လာနိုင္ေသာ အကိုးအကားမ်ား 1914–1918-online International Encyclopedia of the First World War The Heritage of the Great War / First World War. Graphic color photos, pictures and music A multimedia history of World War I European Newspapers from the start of the First World War and the end of the war Powerpoint summary of the war The World War I Document Archive Wiki, Brigham Young University Maps of Europe covering the history of World War I at omniatlas.com Maps of Africa covering the history of World War I in Africa at omniatlas.com "World War I Crossroads" current discussions by scholars World War I (First World War) Guide to websites Documents from Mount Holyoke College EFG1914 – Film digitisation project on First World War WWI Films on the European Film Gateway The British Pathé WW1 Film Archive World War I British press photograph collection – A sampling of images distributed by the British government during the war to diplomats overseas, from the UBC Library Digital Collections Personal accounts of American World War I veterans, Veterans History Project, Library of Congress Unicode. စစ်၏အကျိုးသက်ရောက်မှုများ ဗာဆိုင်းစာချုပ် စစ်ရပ်စဲရေး စည်းကမ်းချက်များ အရ ဂျာမနီတပ်များသည် ဗဲလဂျီ၊ ပြင်သစ်၊ လပ်ဇင် ဗတ်၊ အယ်လဆက်လိုရိန်း အစရှိသည့် ဒေသများမှ ရိုင်းမြစ်တိုင်အောင် ဆုတ်ခွာပေးရ၏။ လက်နက်ခဲယမ်း မီးကျောက်၊ လေယာဉ်ပျံ၊ စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘောအားလုံးကို မဟာမိတ်တို့အား ပေးအပ်လေသည်။ ရုရှားနိုင်ငံ၊ ရူမေးနီးယားနိုင်ငံ၊ တူရကီနိုင်ငံနှင့် အရှေ့ အာဖရိကရှိ ဂျာမန်တို့သိမ်းပိုက်ထားသော ဒေသများမှ ဂျာမန်တပ်များကို ပြန်ခေါ်ရ၏။ မဟာမိတ်စစ်သုံ့ပန်းများအားလုံးကိုလည်း ချက်ချင်းလွှတ်ပေးရ၏။ ထို့အပြင် ဂျာမန်တို့ ကျူးကျော်တိုက်ခိုက်ခဲ့သော နယ်များမှ ပျက်စီးဆုံးရှုံးခဲ့သမျှကို ဂျာမန်တို့က လျှော်ပေးရ၍ ဗဲလဂျီယမ် ဘဏ်တိုက်မှ ငွေများ၊ ရုရှားနှင့် ရိုမေးနီယားနိုင်ငံတို့ မှ ရွှေများကို ပြန်ပေးရန် သဘောတူရလေသည်။ ယင်းသို့ ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးနောက်တွင် မဟာမိတ်တို့သည် ဂျာမနီနိုင်ငံအတွင်း အချက်အခြာကျသော ဒေသများတွင် တပ်များချကာ ဂျာမနီ လှုပ်ရှားထကြွခြင်း မပြုနိုင်အောင် စောင့်ကြပ်နေခဲ့ကြလေသည်။ ထိုအတောအတွင်း မဟာမိတ်ခေါင်းဆောင်ကြီးများသည် ဗာဆေးမြို့တော်တွင် လပေါင်းများစွာ ညှိနှိုင်းဆွေးနွေး၍ ဗာဆိုင်းစစ်ပြေငြိမ်းရေး စာချုပ်ကို ရေးဆွဲခဲ့ကြသည်။ ထိုသို့ ဆွေးနွေးရာတွင် ဂျာမနီနိုင်ငံသည် ဝင်ရောက်ဆွေးနွေးခွင့်မရပေ။ အချက်ပေါင်း ၄၀၀ မျှ ပါဝင်သည့် ထိုစာချုပ်ကို ရေးဆွဲပြီးသောအခါ၊ ၁၉၁၉ ခု ဇန်နဝါရီလတွင် ဂျာမနီနိုင်ငံအား လက်မှတ်ထိုးစေခဲ့သည်။ သို့သော် စာချုပ်ပါအချက်အလက်များကို စဉ်းစားချင့်ချိန်ရန်နှင့် မကျေနပ်သော အချက်များကို ကန့်ကွပ်ရန် အချိန် လုံလောက်အောင် မပေးခဲ့ချေ။ ဂျာမနီနိုင်ငံမှာ မတတ်သာသဖြင့် ယင်းအားနလံမထူနိုင်အောင် ဖိနိပ်ချုပ်ချယ်ထားသော စာချုပ်ကို လက်မှတ်ထိုးခဲ့ရလေသည်။ ထိုစာချုပ်အရ ဂျာမနီနိုင်ငံမှ အာဖရိကတိုက်ရှိ နယ်မြေသစ်များ အားလုံး ဆုံးရှုံးခဲ့ရသည်။ ဥရောပတိုက်တွင် စစ်အတွင်း သိမ်းပိုင်ထားခဲ့သည့် နယ်များကို ပြန်ပေးရရုံမက၊ စစ်မဖြစ်မီက ဂျာမန်ပိုင်နယ်များဖြစ်သော အယ်လဆက်လိုရန်းနယ်များကိုလည်း ပြန်၍ ပေးအပ်ခဲ့ရလေသည်။ အဖိုးတန် ကျောက်မီးသွေးတွင်းများတည်ရှိရာ ဆားနယ်ကို ပြင်သစ်နိုင်ငံကို ၁၅ နှစ်မျှ အပြည်ပြည်ဆိုင်ရာ ကော်မရှင်နှင့် အုပ်ချုပ်ရန်ပေးအပ်လိုက်ရသည်။ ဗဲလဂျီယမ်နိုင်ငံသည် ဂျာမန်နယ်ခြားခရိုင်များဖြစ်သော မာလမေဒီ၊ အပ်ပင်နှင့် မောရက်ဇနဲ ခရိုင်တို့ကို ရရှိလေသည်။ ပိုဆင်ပြည်နယ်မှ နယ်အတော်များများနှင့် အနောက်ပရပ်ရှားပြည်နယ်ကို တည်ထောင်စ ပိုလန် သမ္မတနိုင်ငံသို့ ပေးအပ်ခဲ့ရ၏။ မဟာမိတ်တို့သည် ဂျာမနီနိုင်ငံ၏ အခြေကို စောင့်ကြည့်ရန်အတွက် ရိုင်းမြစ် အနောက်ဘက်ရှိ ဂျာမနီပိုင်နက်ကို ၁၅ နှစ်မျှ သိမ်းပိုက်ထားရန်လည်း ပါရှိလေသည်။ မေမယ်မြစ်ဝအနီးရှိ နယ်မြေကို ပထမတွင် မဟာမိတ်တို့ အားပေးအပ်ပြီးနောက်၊ တဖန် လစ်သွေးနီးယားနိုင်ငံသို့ ပေးအပ်ခဲ့ရ၏။ ဂျာမနီပိုင်နယ်သစ်များအားလုံး မဟာမိတ်တို့ လက်အောက်သို့ လည်းကောင်း၊ ဩဇာခံနည်များအဖြစ်သို့ လည်းကောင်း ရောက်ရှိကုန်လေသည်။ ထို့ပြင် စစ်တပ်နှင့် လက်နက်အင်အားများ လျှော့ပစ်ရလေရာ၊ ဂျာမန်စစ်တပ်မှာ ရဲတပ်ဖွဲ့မျှလောက်သာ အင်အားရှိတော့၏။ဂျာမန်ရေတပ်တွင် စစ်သင်္ဘောကြီး ၆ စင်း၊ ကရူဇာစစ်သင်္ဘောအသေးစား ၆ စင်း၊ ဖျက်သင်္ဘောနှင့် တော်ပီဒိုသင်္ဘောအချို့သာ ထားပိုင်ခွင့်ရတော့ရာ၊ ကျန်သင်္ဘောများနှင့် စပ်လျဉ်း၍ မည်သို့မည်ပုံ ပြုလုပ်ရမည် ကို မဟာမိတ်တို့ အခက်တွေ့နေစဉ် ဂျာမန်ရေတပ်အရာရှိချို့က ဖောက်ခွဲဖျက်ဆီး ပစ်ခဲ့လေသည်။ ဂျာမနီသည် ရေငုပ်သင်္ဘောများကိုလည်း မဆောက်လုပ်နိုင်သည့်အပြင် လေတပ်ကိုလည်း ဖွဲ့စည်းခွင့် မရှိတော့ချေ။ မဟာမိတ်တို့ဆုံးရှုံးခဲ့သော ကုန်သင်္ဘောများကို အစားထိုင်းရန် ဂျာမန် ကုန်သင်္ဘောများကိုလည်း ပေးအပ်ရလေသည်။ ဂျာမနီနိုင်ငံသည် စစ်ကြီးနှင့် စပ်လျဉ်း၍ တာဝန်ရှိကြောင်း ဝန်ခံခဲ့ရသဖြင့် မဟာမိတ်တို့အား စစ်လျော်ကြေး များပေရန်လည်း ဗာဆိုင်းစာချုပ်တွင် ပါရှိလေသည်။ သို့သော် မည်မျှ ပေးရမည်ကို ဖော်ပြထားခြင်း မရှိသဖြင့် တောင်းသမျှပေးရလို ဖြစ်နေလေသည်။ သို့သော် ယင်းကိစ္စအတွက် ကော်မတီတရပ် ဖွဲ့စည်းဆွေးနွေး စဉ်းစားခဲ့ရာ ၁၉၂၁ ခုနှစ် ဂျာမနီက ဒေါ်လာကုဋေ သိန်းသုံးထောင့်သုံးရာခန့်ပေးရမည်ဟု ဆုံးဖြတ်ပြီးစီးလေသည်။ ဗာဆေးစာချုပ်ကို ဂျာမနီကိုယ်စလှယ်များသည် ၁၉၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း မြောက်များလှသော အငြင်းပွားမှုကြောင့် ၁၉၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ သာလျှင် အတည်ဖြစ်လာလေသည်။ ထို့အပြင် အခြားဗဟိုအင်အားစုနိုင်ငံများနှင့်လည်း ငြိမ်းချမ်းရေးစာချုပ်များ ချုပ်ဆိုခဲ့သေး၏။ ဩစတြီးယားဟန်ဂေရီနိုင်ငံနှင့် ၁၉၁၉ ခု စက်တင်ဘာလ ၁၀ ရက်နေ့တွင် ချုပ်ဆိုခဲ့ရာ ထိုစာချုပ်အရ ဩစတြီးယားနိုင်ငံမှာ လူဦးရေ ၆ သန်းကျော် ၇ သန်းခန့်သာ ရှိသော နိုင်ငံငယ်ကလေးတစ်ခု အဖြစ်သို့ရောက်ရှိခဲ့လေသည်။ ဗိုဟီးမီးယား၊ ဟန်ဂေရီနှင့် တောင်ပိုင်း ဆလဗ်တို့၏ လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ရ၏။ အီတလီနိုင်ငံသို့ နယ်မြေအတော်များများ ပေးခဲ့ရ၏။ ထို့အပြင် စစ်လျော်ကြေးများလည်း ပေးရသေးသည်။ ဗူလဂေးရီးယားနိုင်ငံသည် နယ်မြေအများပြား မဆုံးရှုံးခဲ့ပေ။ သို့သော် တူရကီနိုင်ငံတော်တွင် ပါဝင်သော အာရေဗျ၊ အာမီးနီးယား၊ ပါလက်စတိုင်း၊ မက်ဆိုပိုတေးမီးယား၊ ဆီးရီးယား (တပိုင်းသာ) စသည့်တိုင်းပြည်များမှာ ၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ချုပ်ဆိုသော ဆဲဗရာ စာချုပ်အရ မဟာမိတ် ဩဇာခံနယ်မြေများ ဖြစ်သွားလေသည်။ [၁] ဥရောပ မြေပုံသစ် ပထမကမ္ဘာစစ်ကြီးအပြီးတွင် ဥရောပတိုက်တွင် ဩစတြီးယား ဟန်ဂေရီနိုင်ငံတော်ကြီး ပျောက်ကွယ်၍ ဩစတြီးယားနှင့် ဟန်ဂေရီဟူသော သီးခြားနိုင်ငံငယ်လေး နှစ်ခုအဖြစ်သာ ကျန်ခဲ့၏။ ယခင်က ဩစတြီးယားဟန်ဂေရီနိုင်ငံတော်တွင် ပါဝင်သော ဗိုဟီးမီးယား၊ မိုရေးဗီးယား၊ ရုသီးနီ:ယားနှင့် စလိုဗားကီးယားပြည်များကို စုပေါင်းထားသော ချက်ကို ဆလိုဗားကီးယားနိုင်ငံ၊ ဆားဗီးယား နှင့် မွန်တီနီးဂရိုးနိုင်ငံ ကလေးများကို စုပေါင်းဖွဲ့စည်းထားသော ယူဂိုဆလားဗီးယားနိုင်ငံသစ် နှစ်ခုပေါ်ပေါက်လာလေသည်။ ထို့ပြင် ပရပ်ရှား၊ ဩစတြီးယား နှင့် ရုရှားမှ နယ်များစုပေါင်းထားသည့် ပိုလန်သမ္မတနိုင်ငံသစ် ပေါ်ပေါက်လာခဲ့သည်။ ရုရှားနိုင်ငံ အနောက်စွန်းတွင် ဖင်လန်၊ အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သွေးနီးယားဟူသော သီးခြားနိုင်ငံ ငယ်ကလေးများ ပေါ်ခဲ့၏။ ဒန်းဇစ်မြို့သည် လွတ်လပ်သော မြို့ဖြစ်သွား၏။ အက်လဗေးနီးယားပြည်သည် လွတ်လပ်ရေး ရရှိလေသည်။ ဆီးရီးယားနှင့် လက်ဗနွန်ပြည်များမှာ ပြင်သစ်ဩဇာခံပြည်များ ဖြစ်သွား၍ ပါလက်စတိုင်း၊ အီရတ်နှင့် ထရန်စဂျော်ဒန် ပြည်များမှာ ဗြိတိန်၏ ဩဇာခံပြည်များ ဖြစ်သွားလေသည်။ ဗာဆေးစာချုပ်တွင် ပါရှိသည့်အတိုင်း နောင်အခ့ ကမ္ဘာကြီးတွင် စစ်မက် မဖြစ်ပွားစေရန်နှင့် စစ်မက်ရေးရာများ နည်းပါစေမှုအတွက် ဆောင်ရွက်ရန် နိုင်ငံပေါင်းချုပ်အသင်းကြီးတစ်ခုကို ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့လေသည်။ အသင်းကြီး၏ ရည်ရွယ်ချက်မှာ ကောင်းသော်လည်း ယင်းတို့ကို ဖြစ်မြောက်အောင်ကား မဆောင်ရွက်နိုင်ခဲ့ပေ။ ၁၉၁၄ ခု ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင်ခဲ့သော ပထမကမ္ဘာစစ်ကြီးကား ၁၉၁၈ ခု နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြီးဆုံးသွားလေသည်။ ထိုလူသတ်ပွဲကြီးအတွက် စစ်သား ရှစ်သန်းမျှ အသက်ဆုံးရှုံးခဲ့၍ ဒေါ်လာသန်းပေါင်း ၁ သိန်းမျှ စစ်စရိတ် ကုန်ကျခဲ့၏။ စစ်တွင် ပါဝင်သော နိုင်ငံများ၏ ပျက်စီးဆုံးရှုံးမှုများမှာလည်း ကြောက်ခမန်းလိလိပင် ဖြစ်၍၊ စစ်ဆိုလျှင် နားမှလေသံ မခံချင်အောင် နိုင်ငံတိုင်က ကြောက်ရွံ့တုန်လှုပ်ခဲ့ကြလေသည်။ သို့သော် စစ်ဖြစ်ရခြင်း အကြောင်းများဖြစ်သည့် ကမ္ဘာ့နိုင်ငံရေးပြဿနာများကား စစ်ဖြစ်လိုက်သည့်တိုင်အောင်ရှင်းပြေလည်မသွားကြသေးပေ။ ထို့ကြောင့် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့၍ အနှစ်နှစ်ဆယ်ကြာမျှတွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွား ပြန်လေသည်။ အချို့နိုင်ငံရေးဆရာများတို့က ဒုတိယ ကမ္ဘာစစ်ကြီးကို ၁၉၁၄ ခုနှစ်တွင် စတင်ခဲ့သည့် ပထမ ကမ္ဘာစစ်ကြီး၏ တစ်စိတ်တစ်ဒေသဟုသာ ခေါ်ဆိုလိုသည်။ ကိုးကား မြန်မာ့စွယ်စုံကျမ်း ပြင်ပလင့်ခ်များ World War I နှင့်ပတ်သက်သမျှကို ဝီကီပီးဒီးယား၏ ညီအစ်မပရောဂျက်များတွင် ရှာဖွေဖတ်ရှုရန် ဝစ်ရှင်နရီတွင် ရှာဖွေရန် ဝစ်ရှင်နရီမှ အဓိပ္ပာယ်ဖွင့်ဆိုချက်များ Commons တွင် ရှာဖွေရန် Commons မှ မီဒီယာများ ဝီကီသတင်းတွင် ရှာဖွေရန် ဝီကီသတင်းမှ သတင်းများ ဝီကီကိုးကားချက်တွင် ရှာဖွေရန် ဝီကီကိုးကားချက်မှ အဆိုအမိန့်များ ဝီကီရင်းမြစ်တွင် ရှာဖွေရန် ဝီကီရင်းမြစ်မှ ရင်းမြစ်စာသားများ ဝီကီစာအုပ်တွင် ရှာဖွေရန် ဝီကီစာအုပ်မှ ပြဋ္ဌာန်းစာအုပ်များ ဝီကီခရီးသွားတွင် ရှာဖွေရန် ဝီကီခရီးသွားမှ ခရီးသွား လမ်းညွှန် ဝီကီတက္ကသိုလ်တွင် ရှာဖွေရန် ဝီကီတက္ကသိုလ်မှ လေ့လာနိုင်သော အကိုးအကားများ 1914–1918-online International Encyclopedia of the First World War The Heritage of the Great War / First World War. Graphic color photos, pictures and music A multimedia history of World War I European Newspapers from the start of the First World War and the end of the war Powerpoint summary of the war The World War I Document Archive Wiki, Brigham Young University Maps of Europe covering the history of World War I at omniatlas.com Maps of Africa covering the history of World War I in Africa at omniatlas.com "World War I Crossroads" current discussions by scholars World War I (First World War) Guide to websites Documents from Mount Holyoke College EFG1914 – Film digitisation project on First World War WWI Films on the European Film Gateway The British Pathé WW1 Film Archive World War I British press photograph collection – A sampling of images distributed by the British government during the war to diplomats overseas, from the UBC Library Digital Collections Personal accounts of American World War I veterans, Veterans History Project, Library of Congress

View more on Facebook

This site was designed with Websites.co.in - Website Builder

IMPORTANT NOTICE
DISCLAIMER

This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support