X

By
Thu, 03-Oct-2019, 20:22

ပထမကမၻာစစ္ျဖစ္ရသည့္ အေၾကာင္းအရင္းမ်ား Zawgyi. အရင္းရွင္နိ...

ပထမကမၻာစစ္ျဖစ္ရသည့္ အေၾကာင္းအရင္းမ်ား Zawgyi. အရင္းရွင္နိုင္ငံႀကီးမ်ားအၾကား အခ်င္းခ်င္းၿပိဳင္ဆိုင္မႈ ျပင္းထန္လာေသာေၾကာင့္ ပထမကမၻာစစ္ႀကီးစတင္ ျဖစ္ပြားခဲ့သည္။ စစ္ႀကီးျဖစ္ပြားေစေသာ အေၾကာင္းအရင္းမ်ားမွာ - ကိုလိုနီ နယ္ေျမမ်ား အၿပိဳင္အဆိုင္ရွာေဖြလာျခင္း အမ်ိဳးသားေရးဝါဒမ်ား ျပင္းထန္လာျခင္း မဟာမိတ္စစ္အုပ္စုမ်ား အၿပိဳင္ဖြဲ႕စည္းလာျခင္းႏွင့္ လက္နက္အၿပိဳင္ တပ္ဆင္လာျခင္းတို႔ေၾကာင့္ ျဖစ္သည္။ စစ္ပြဲအေျခအေန ပြဲဦးထြက္ စစ္ဦးဘီလူးထြက္ ထြက္လာသည့္ ဂ်ာမနီကို တစ္ကမၻာလုံးက အံ့ဩခဲ့ၾကသည္။ ဂ်ာမန္တပ္တို႔၏ တိုက္ခိုက္ပုံမ်ားမွာ အႏွစ္ႏွစ္အလလက ႀကိဳတင္၍ ေသခ်ာစြာ ျပင္ဆင္မႈ ရွိသကဲ့သို႔ အခ်က္က်က် အရာေရာက္ေရာက္ႏွင့္ ထိမိစြာ တိုက္ခိုက္နိုင္သည္။ ဂ်ာမနီ၏ စစ္တပ္အင္အားမွာ ဥေရာပ တစ္တိုက္လုံး၌ အႀကီးမား အထင္ရွားဆုံး ကဲ့သို႔ ျဖစ္ခဲ့သည္။ ဂ်ာမနီသည္ တစ္လအတြင္း ျပင္သစ္အား သိမ္းပိုက္ၿပီးမွ ႐ုရွားကို တိုက္ခိုက္ရန္ ရည္႐ြယ္ထားသည္။ ထို႔အျပင္ ၿဗိတိန္ကို သိမ္းသြင္းၿပီး အေရွ႕ဘက္သို႔ နယ္ခ်ဲ့ရန္၊ ေဗာ္လကန္နယ္မ်ားကို သိမ္းသြင္းရန္ အစီအစဥ္လည္း ရွိေလသည္။ ဘယ္လဂ်ီယမ္ကို ျဖတ္ေက်ာ္ျခင္း ဂ်ာမနီသည္ ႀကိဳတင္စီစဥ္ထားသည့္အတိုင္း ျပင္သစ္အား ပိုမိုလ်င္ျမန္လြယ္ကူစြာ သိမ္းပိုက္နိုင္ရန္ ဘယ္လဂ်ီယမ္နိုင္ငံထံ ျဖတ္သန္းခြင့္ ေတာင္းခံခဲ့သည္။ ဘယ္လဂ်ီယမ္မွာ ၾကားေနနိုင္ငံျဖစ္ရာ ျဖတ္သန္းခြင့္ မေပးခဲ့ေခ်။ ထိုအခါ ဂ်ာမနီသည္ ဇြတ္အတင္း ျဖတ္ေက်ာ္ေလသည္။ ၿဗိတိန္သည္ ဘယ္လဂ်ီယမ္တြင္ ဂ်ာမန္တပ္မ်ား ရွိေနပါက အဂၤလန္ကြၽန္း၏ လုံၿခဳံေရးကို စိုးရိမ္ရသည္က တစ္ေၾကာင္း၊ဘယ္လဂ်ီယမ္၏ ၾကားေနေရးကို အာမခံထားသည့္အျပင္ ယင္းကို ထိပါးလာပါက ကူညီပါမည္ဟု စာခ်ဳပ္ခ်ဳပ္ထားသည္က တစ္ေၾကာင္းတို႔ေၾကာင့္ ဘယ္လဂ်ီယမ္ဘက္မွ ကူညီတိုက္ခိုက္ရန္ အေၾကာင္းျပဳ၍ ဂ်ာမနီမွ ဘယ္လဂ်ီယမ္အား စတင္တိုက္ခိုက္သည့္ ဩဂုတ္လ ၄ ရက္ေန႕မကုန္မီမွာပင္ စစ္ေၾကျငာကာ စစ္ထဲပါဝင္လာသည္။ ဂ်ပန္သည္ ၿဗိတိန္ႏွင့္ ခ်ဳပ္ဆိုထားေသာ မဟာမိတ္စာခ်ဳပ္အရ မၾကာမီ ၿဗိတိန္ကို ကူညီရန္ စစ္ေၾကျငာကာ စစ္ထဲဝင္ခဲ့သည္။ အျခား ဟန္ေဂရီ၊ ဘူလ္ေဂးရီယား၊ တူရကီစေသာ နိုင္ငံမ်ားကလည္း ဂ်ာမနီႏွင့္ ဩစႀတီးယားဘက္မွ စစ္ထဲဝင္လာၾကရာ ဗဟိုအင္အားႀကီးနိုင္ငံမ်ားဟု ေခၚေသာ ထိုနိုင္ငံမ်ားကတစ္ဘက္ ႐ုရွား၊ ျပင္သစ္၊ အဂၤလိပ္စေသာ မဟာမိတ္နိုင္ငံမ်ားကတစ္ဘက္ စစ္ေရးၿပိဳင္ၾကသည့္ ပထမကမၻာစစ္ႀကီး ျဖစ္ေပၚလာခဲ့သည္။ ဘယ္လဂ်ီယမ္သည္ ရွိသမွ်စစ္သား ၂ သန္းခန႔္ႏွင့္ အင္အားႀကီးမားေသာ ဂ်ာမန္စစ္တပ္ႀကီးကို ရက္သတၱ ၂ ပတ္မွ် ၾကာေအာင္ ခုခံတြန္းလွန္ေနခဲ့သျဖင့္ ျပင္သစ္အဖို႔ ဂ်ာမန္မ်ားဝင္ေရာက္မည့္ လမ္းမ်ားတြင္ စစ္အင္အား ထပ္ျဖည့္ထားရန္ အခ်ိန္ရခဲ့သည့္အျပင္ ျပင္သစ္နိုင္ငံေျမာက္ပိုင္းသို႔ ရွိသမွ်ေသာ အဂၤလိပ္စစ္တပ္မ်ားကိုလည္း တင္ပို႔နိုင္ခဲ့သည္။ ထိုသို႔ မဟာမိတ္မ်ားဘက္တြင္ စစ္အင္အား ျဖည့္တင္းရန္ အခ်ိန္ရရွိသြားသည့္အတြက္ ဂ်ာမနီမွ စစ္ကိုလ်င္ျမန္စြာ အနိုင္ႏွင့္ပိုင္းရန္ ရည္မွန္းခ်က္ႀကီး ပ်က္ျပားရသည္။ ဘယ္လဂ်ီယမ္ အာဇာနည္စစ္သည္မ်ားသည္ အစြမ္းကုန္ႀကိဳးစား တြန္းလွန္ၾကေသာ္လည္း ဂ်ာမနီ၏ ႀကီးမားေတာင့္တင္းလွေသာ ဒဏ္ကို မခံနိုင္ပဲ ဩဂုတ္လ ၁၅ ရက္ေန႕တြင္ လီေအ့ခံတပ္ႀကီး က်ိဳးေပါက္သြားၿပီးေနာက္ ၄ ရက္မွ်အၾကာတြင္ ဗရပ္ဆဲၿမိဳ႕ေတာ္ႀကီး က်ဆဳံးခဲ့ရေလသည္။ ဘယ္လဂ်ီယမ္ အစိုးရအဖြဲ႕လည္း ျပင္သစ္နိုင္ငံသို႔ ေျပာင္းေ႐ႊ႕သြားရသည္။ ပထမမန္းတိုက္ပြဲ ဘယ္လဂ်ီယမ္နိုင္ငံကို ျဖတ္ေက်ာ္နိုင္ခဲ့ၿပီးေနာက္ ျပင္သစ္နိုင္ငံဘက္သို႔ ဂ်ာမန္တပ္မ်ား ဆက္လက္ ခ်ီတက္ခဲ့သည္။ ထိုအခါ ဘယ္လဂ်ီယမ္၊ ျပင္သစ္၊ အဂၤလိပ္တပ္မ်ားကလည္း တြန္းလွန္နိုင္သမွ် တြန္းလွန္ခဲ့သည္။ ဤသို႔ျဖင့္ မဟာမိတ္တပ္မ်ားႏွင့္ ဂ်ာမန္တပ္မ်ားသည္ အေနာက္ဘက္ စစ္ေျမျပင္ မန္းျမစ္အနီးတြင္ ယွဥ္ၿပိဳင္တိုက္ခိုက္ၾကရာ ဂ်ာမန္တို႔ ေနာက္ဆုတ္ေပးရသည္။ ထို႔ေၾကာင့္ ျပင္သစ္နိုင္ငံအတြက္ အတန္စိတ္ေအး သြားရေသာ္လည္း ဂ်ာမန္တို႔မွာ ျပင္သစ္နိုင္ငံ၏ အႂကြယ္ဝဆုံးေသာနယ္ ဆယ္ပုံတစ္ပုံခန႔္ကို သိမ္းပိုက္မိထားၾကသည္။ စစ္ျဖစ္၍ ၾကည္းေၾကာင္းတိုက္ပြဲမ်ားတြင္ မဟာမိတ္တပ္မ်ားသာလွ်င္ အရႈံးမ်ားေလသည္။ ဘယ္လဂ်ီယမ္နိုင္ငံ အီးပရားတိုက္ပြဲတြင္ အဂၤလိပ္စစ္တပ္ႀကီး တပ္လုံးျပဳတ္လုမတတ္ က်ဆဳံးခဲ့သည္။ ထို႔ေၾကာင့္ ၿဗိတိန္သည္ စစ္တပ္အင္အားကို ထပ္မံျဖည့္တင္းခဲ့ရာ တစ္ႏွစ္အတြင္း တပ္သားေပါင္း ၁ သန္းေက်ာ္ ရရွိခဲ့၍ ၿဗိတိသွ် နိုင္ငံေတာ္အတြင္းမွ စစ္တပ္အင္အားမ်ားပါဆိုလွ်င္ တပ္သား ၂ သန္းေက်ာ္ ရွိခဲ့သည္။ သို႔ေသာ္ စစ္ပြဲတြင္ ရန္သူတပ္မ်ားႏွင့္ ယွဥ္ၿပိဳင္တိုက္နိုင္ေလာက္ေအာင္ကား က်င့္သား မရွိၾကေသးေပ။ ၁၉၁၇ ခုႏွစ္ေလာက္တြင္မွ အဂၤလိပ္တို႔၏ တိုက္ခိုက္မႈ အင္အားမွာ ထိပ္တန္းသို႔ ေရာက္ခဲ့သည္ဟု ဆိုနိုင္သည္။ Unicode. စစ်ဖြစ်ရသည့် အကြောင်းအရင်းများ အရင်းရှင်နိုင်ငံကြီးများအကြား အချင်းချင်းပြိုင်ဆိုင်မှု ပြင်းထန်လာသောကြောင့် ပထမကမ္ဘာစစ်ကြီးစတင် ဖြစ်ပွားခဲ့သည်။ စစ်ကြီးဖြစ်ပွားစေသော အကြောင်းအရင်းများမှာ - ကိုလိုနီ နယ်မြေများ အပြိုင်အဆိုင်ရှာဖွေလာခြင်း အမျိုးသားရေးဝါဒများ ပြင်းထန်လာခြင်း မဟာမိတ်စစ်အုပ်စုများ အပြိုင်ဖွဲ့စည်းလာခြင်းနှင့် လက်နက်အပြိုင် တပ်ဆင်လာခြင်းတို့ကြောင့် ဖြစ်သည်။ စစ်ပွဲအခြေအနေ ပွဲဦးထွက် စစ်ဦးဘီလူးထွက် ထွက်လာသည့် ဂျာမနီကို တစ်ကမ္ဘာလုံးက အံ့ဩခဲ့ကြသည်။ ဂျာမန်တပ်တို့၏ တိုက်ခိုက်ပုံများမှာ အနှစ်နှစ်အလလက ကြိုတင်၍ သေချာစွာ ပြင်ဆင်မှု ရှိသကဲ့သို့ အချက်ကျကျ အရာရောက်ရောက်နှင့် ထိမိစွာ တိုက်ခိုက်နိုင်သည်။ ဂျာမနီ၏ စစ်တပ်အင်အားမှာ ဥရောပ တစ်တိုက်လုံး၌ အကြီးမား အထင်ရှားဆုံး ကဲ့သို့ ဖြစ်ခဲ့သည်။ ဂျာမနီသည် တစ်လအတွင်း ပြင်သစ်အား သိမ်းပိုက်ပြီးမှ ရုရှားကို တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။ ထို့အပြင် ဗြိတိန်ကို သိမ်းသွင်းပြီး အရှေ့ဘက်သို့ နယ်ချဲ့ရန်၊ ဗော်လကန်နယ်များကို သိမ်းသွင်းရန် အစီအစဉ်လည်း ရှိလေသည်။ ဘယ်လဂျီယမ်ကို ဖြတ်ကျော်ခြင်း ဂျာမနီသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း ပြင်သစ်အား ပိုမိုလျင်မြန်လွယ်ကူစွာ သိမ်းပိုက်နိုင်ရန် ဘယ်လဂျီယမ်နိုင်ငံထံ ဖြတ်သန်းခွင့် တောင်းခံခဲ့သည်။ ဘယ်လဂျီယမ်မှာ ကြားနေနိုင်ငံဖြစ်ရာ ဖြတ်သန်းခွင့် မပေးခဲ့ချေ။ ထိုအခါ ဂျာမနီသည် ဇွတ်အတင်း ဖြတ်ကျော်လေသည်။ ဗြိတိန်သည် ဘယ်လဂျီယမ်တွင် ဂျာမန်တပ်များ ရှိနေပါက အင်္ဂလန်ကျွန်း၏ လုံခြုံရေးကို စိုးရိမ်ရသည်က တစ်ကြောင်း၊ဘယ်လဂျီယမ်၏ ကြားနေရေးကို အာမခံထားသည့်အပြင် ယင်းကို ထိပါးလာပါက ကူညီပါမည်ဟု စာချုပ်ချုပ်ထားသည်က တစ်ကြောင်းတို့ကြောင့် ဘယ်လဂျီယမ်ဘက်မှ ကူညီတိုက်ခိုက်ရန် အကြောင်းပြု၍ ဂျာမနီမှ ဘယ်လဂျီယမ်အား စတင်တိုက်ခိုက်သည့် ဩဂုတ်လ ၄ ရက်နေ့မကုန်မီမှာပင် စစ်ကြေငြာကာ စစ်ထဲပါဝင်လာသည်။ ဂျပန်သည် ဗြိတိန်နှင့် ချုပ်ဆိုထားသော မဟာမိတ်စာချုပ်အရ မကြာမီ ဗြိတိန်ကို ကူညီရန် စစ်ကြေငြာကာ စစ်ထဲဝင်ခဲ့သည်။ အခြား ဟန်ဂေရီ၊ ဘူလ်ဂေးရီယား၊ တူရကီစသော နိုင်ငံများကလည်း ဂျာမနီနှင့် ဩစတြီးယားဘက်မှ စစ်ထဲဝင်လာကြရာ ဗဟိုအင်အားကြီးနိုင်ငံများဟု ခေါ်သော ထိုနိုင်ငံများကတစ်ဘက် ရုရှား၊ ပြင်သစ်၊ အင်္ဂလိပ်စသော မဟာမိတ်နိုင်ငံများကတစ်ဘက် စစ်ရေးပြိုင်ကြသည့် ပထမကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာခဲ့သည်။ ဘယ်လဂျီယမ်သည် ရှိသမျှစစ်သား ၂ သန်းခန့်နှင့် အင်အားကြီးမားသော ဂျာမန်စစ်တပ်ကြီးကို ရက်သတ္တ ၂ ပတ်မျှ ကြာအောင် ခုခံတွန်းလှန်နေခဲ့သဖြင့် ပြင်သစ်အဖို့ ဂျာမန်များဝင်ရောက်မည့် လမ်းများတွင် စစ်အင်အား ထပ်ဖြည့်ထားရန် အချိန်ရခဲ့သည့်အပြင် ပြင်သစ်နိုင်ငံမြောက်ပိုင်းသို့ ရှိသမျှသော အင်္ဂလိပ်စစ်တပ်များကိုလည်း တင်ပို့နိုင်ခဲ့သည်။ ထိုသို့ မဟာမိတ်များဘက်တွင် စစ်အင်အား ဖြည့်တင်းရန် အချိန်ရရှိသွားသည့်အတွက် ဂျာမနီမှ စစ်ကိုလျင်မြန်စွာ အနိုင်နှင့်ပိုင်းရန် ရည်မှန်းချက်ကြီး ပျက်ပြားရသည်။ ဘယ်လဂျီယမ် အာဇာနည်စစ်သည်များသည် အစွမ်းကုန်ကြိုးစား တွန်းလှန်ကြသော်လည်း ဂျာမနီ၏ ကြီးမားတောင့်တင်းလှသော ဒဏ်ကို မခံနိုင်ပဲ ဩဂုတ်လ ၁၅ ရက်နေ့တွင် လီအေ့ခံတပ်ကြီး ကျိုးပေါက်သွားပြီးနောက် ၄ ရက်မျှအကြာတွင် ဗရပ်ဆဲမြို့တော်ကြီး ကျဆုံးခဲ့ရလေသည်။ ဘယ်လဂျီယမ် အစိုးရအဖွဲ့လည်း ပြင်သစ်နိုင်ငံသို့ ပြောင်းရွှေ့သွားရသည်။ ပထမမန်းတိုက်ပွဲ ဘယ်လဂျီယမ်နိုင်ငံကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံဘက်သို့ ဂျာမန်တပ်များ ဆက်လက် ချီတက်ခဲ့သည်။ ထိုအခါ ဘယ်လဂျီယမ်၊ ပြင်သစ်၊ အင်္ဂလိပ်တပ်များကလည်း တွန်းလှန်နိုင်သမျှ တွန်းလှန်ခဲ့သည်။ ဤသို့ဖြင့် မဟာမိတ်တပ်များနှင့် ဂျာမန်တပ်များသည် အနောက်ဘက် စစ်မြေပြင် မန်းမြစ်အနီးတွင် ယှဉ်ပြိုင်တိုက်ခိုက်ကြရာ ဂျာမန်တို့ နောက်ဆုတ်ပေးရသည်။ ထို့ကြောင့် ပြင်သစ်နိုင်ငံအတွက် အတန်စိတ်အေး သွားရသော်လည်း ဂျာမန်တို့မှာ ပြင်သစ်နိုင်ငံ၏ အကြွယ်ဝဆုံးသောနယ် ဆယ်ပုံတစ်ပုံခန့်ကို သိမ်းပိုက်မိထားကြသည်။ စစ်ဖြစ်၍ ကြည်းကြောင်းတိုက်ပွဲများတွင် မဟာမိတ်တပ်များသာလျှင် အရှုံးများလေသည်။ ဘယ်လဂျီယမ်နိုင်ငံ အီးပရားတိုက်ပွဲတွင် အင်္ဂလိပ်စစ်တပ်ကြီး တပ်လုံးပြုတ်လုမတတ် ကျဆုံးခဲ့သည်။ ထို့ကြောင့် ဗြိတိန်သည် စစ်တပ်အင်အားကို ထပ်မံဖြည့်တင်းခဲ့ရာ တစ်နှစ်အတွင်း တပ်သားပေါင်း ၁ သန်းကျော် ရရှိခဲ့၍ ဗြိတိသျှ နိုင်ငံတော်အတွင်းမှ စစ်တပ်အင်အားများပါဆိုလျှင် တပ်သား ၂ သန်းကျော် ရှိခဲ့သည်။ သို့သော် စစ်ပွဲတွင် ရန်သူတပ်များနှင့် ယှဉ်ပြိုင်တိုက်နိုင်လောက်အောင်ကား ကျင့်သား မရှိကြသေးပေ။ ၁၉၁၇ ခုနှစ်လောက်တွင်မှ အင်္ဂလိပ်တို့၏ တိုက်ခိုက်မှု အင်အားမှာ ထိပ်တန်းသို့ ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။

View more on Facebook

This site was designed with Websites.co.in - Website Builder

IMPORTANT NOTICE
DISCLAIMER

This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support