X

By
Sat, 12-Oct-2019, 16:04

ပိသေလာက္ျမိဳ ႔စား ႏွင့္ ယုိးဒယားမင္း တုိ႔ စစ္ပြဲ Zawgyi. ဘ...

ပိသေလာက္ျမိဳ ႔စား ႏွင့္ ယုိးဒယားမင္း တုိ႔ စစ္ပြဲ Zawgyi. ဘုရင့္ေနာင္သည္ ဟံသာ၀တီေနျပည္ေတာ္တြင္ ၾကံဳေတြ႔ေနရေသာ အစာေရစာ ရွားပါးမူျပသနာကို ေျဖရွင္း ျပီးေနာက္ မိမိ၏ စစ္တပ္အင္အားကို ထပ္မံတုိးခ်ဲ႔ ကာ ဒုတိယအၾကိမ္ယုိးဒယားသုိ႔ ခ်ီတက္ရန္ ျပင္ဆင္ ေလ၏။ ထုိသုိ႔ စစ္ျပင္ေနစဥ္ ေအဒီ ၁၅၆၈ ေမလ တြင္ သီရီလၤာကာဘုရင္မွ ျမသပိတ္ေတာ္ၾကီးကို လက္ေဆာင္အျဖစ္ ေပးအပ္လာရာ သေဘၤာဆိပ္သုိ႔ မင္းခန္းမင္းနားျဖင့္ မင္းညီမင္းသားမ်ားကို သြားပင့္ ေဆာင္ေစေလသည္။ ျမသပိတ္ေတာ္ၾကီးကို ပင့္ေဆာင္လာေသာ သီရီလၤာကာဘုရင့္ ဆရာေတာ္ကိုလည္း ဟံသာ၀တီ ေနျပည္ေတာ္တြင္ ေက်ာင္းေဆာက္ျပီး လွဴ ေတာ္မူေလသည္။ ေအဒီ ၁၅၆၈ ဇြန္ ၁၅ တြင္ ဘုရင့္ေနာင္၏ မိဖုရားေခါင္ အတုလသီရိမဟာရာဇာ ေဒ၀ီ နတ္ရြာစံေလ၏။ ဘုရင့္ေနာင္သည္ အလြန္ေၾကကြဲ ေတာ္မူရာ ရက္အေတာ္အတန္ၾကာေအာင္ လႊတ္ေတာ္အစည္းအေ၀း မတက္ဘဲ ရွိေနေလ၏။ အမတ္ၾကီးဗညားဒလမွ တုိင္းေရးျပည္မူကို ေရူးရူေတာ္မူရန္ အတန္တန္ေလွ်ာက္ေတာ့မွ အစည္းအေ၀း ျပန္တက္ကာ ပိသေလာက္ျမိဳ႔စားအား ပိသေလာက္ျမိဳ ႔သုိ႔ ခ်ီတက္ေစျပီး ျမိဳ ႔ကို အခို္င္အမာ ျပဳ ထားရန္ အမိန္႔ေပးေလသည္။ ပိသေလာက္ျမိဳ ႔စား လည္း အမိန္႔အတုိင္း စစ္သည္ အင္အား ၃ ေသာင္းေက်ာ္ျဖင့္ ပိသေလာက္ျမိဳ ႔သုိ႔ ခ်ီတက္ေလသည္။ ထုိသတင္းကို ယုိးဒယားမင္းၾကားလွ်င္ လင္းဇင္းမင္းသုိ႔ စာေစေလ၏။ လင္းဇင္းမင္းလည္း ယုိးဒယားကို ကူရန္ စစ္အင္အားအလံုးအရင္းျဖင့္ ပိသေလာက္သုိ႔ ခ်ီလာေလသည္။ ပိသေလာက္သုိ႔ ယုိးဒယားမင္းအရင္ ေရာက္ရာ ျမိဳ ႔ျပင္တြင္ စစ္တပ္မ်ားကို ခ်ထားကာ ရန္သူ အလာကိုေစာင့္ေနေလ၏။ ပိသေလာက္ျမိဳ ႔စားလည္း အေ၀းမွ ယုိးဒယားမင္း၏ တပ္ကို ေတြ႔ရာ တုိက္သင့္မတုိက္သင့္ကို အတူပါလာ ေသာ အမတ္ဗညားဦး ႏွင့္ တုိင္ပင္ေလ၏။ ဗညားဦးမွ ေၾကာက္ရြံရန္ မလုိ တုိက္မည္ ဟု အၾကံေပးသျဖင့္ စစ္အင္အား ႏွစ္ေသာင္းျဖင့္ ၀င္တုိက္ေလသည္။ ယုိးဒယားမင္းဘက္မွလည္း အလံုးအရင္း ျဖင့္ တုိက္ၾကေလရာ ႏွစ္ဦးႏွစ္ဘက္ အက်အရူံးမ်ားေလ၏။ ထုိသုိ႔ တုိက္ေနရင္း ယုိးဒယားမင္း၏ လက္ရုံး သီမာျမိဳ ႔စားၾကီး စစ္ပြဲတြင္ က်ေလသည္။ ထုိအခါ သီမာျမိဳ႔စား၏ တပ္သားမ်ားလည္း လက္နက္ခ်ေျပးေလ၏။ ယုိးဒယားမင္းလည္း အေရးမသာသျဖင့္ တပ္ကို ေရဆိပ္ဆီသုိ႔ အလ်င္အျမန္ဆုတ္ရေလသည္။ ပိသေလာက္ျမိဳ႔စားတုိ႔ ေနာက္မွ လုိက္ရာ ယုိးဒယားမင္း၏ ေရတပ္ မွ ျမတပူအေျမွာက္ၾကီးမ်ားျဖင့္ ပစ္ခတ္သျဖင့္ ဆက္မလုိက္ေတာ့ဘဲ ျမိဳ ႔တြင္းသုိ႔ ၀င္ကာ ျမိဳ ႔ကို အခုိင္အမာ ျဖစ္ေအာင္ လုပ္ေလ၏။ ေနာက္ ၁၅ ရက္ခန္႔ တြင္ လင္းဇင္းမင္း၏ တပ္မ်ား ပိသေလာက္ျမိဳ ႔နား ေရာက္လာေသာ က်ံဴ းနား တုိင္ေအာင္ တပ္စခန္း ခ်လာေလ၏။ ထုိသုိ႔ စခန္းခ်ေနေသာ လင္းဇင္းတပ္ကို ပိသေလာက္ျမိဳ ႔စားမွ အလံုးအရင္းျဖင့္ ျမိဳ ႔တြင္းမွ ထြက္တုိက္ျပန္ေလ၏။ လင္းဇင္းစားလည္း မခံႏုိင္ဘဲ ျမိဳ ႔နားမွ ဆုတ္ေလသည္။ တပ္ကိုဆုတ္ျပီး ယုိးဒယားမင္းရွိရာကုိ သြားေလသည္။ ယုိးဒယားမင္းႏွင့္ တုိင္ပင္ျပီးေနာက္ လင္းဇင္းမင္းမွ ၾကည္းေၾကာင္း၊ယုိးဒယားမင္းမွ ေရေၾကာင္းျဖင့္ တုိက္ရန္ သေဘာတူၾကေလသည္။ ၅ ရက္ေနျပီး ေနာက္ လင္းဇင္းမင္းမွ ပိသေလာက္သုိ႔ ထပ္မံ တုိက္ျပန္ေလသည္။ ပိသေလာက္ျမိဳ ႔စားလည္း ျမိဳ ႔မွ ထြက္ကာ လင္းဇင္းမင္းကို တုိက္ေလသည္။ ယုိးဒယားမင္းလည္း ေရတပ္ဘက္မွ ျမတပူအေျမွာက္ၾကီးမ်ား၊ စိန္ေျပာင္း ေသနတ္မ်ားျဖင့္ အဆက္မျပတ္ပစ္ေပးေလ၏။ သုိ႔ေသာ္လည္း လင္းဇင္းမင္း၏ တပ္မ်ား ပိသေလာက္ျမိဳ ႔စား၏ တပ္ကုိ မထုိးေဖာက္ႏုိင္ဘဲ ရွိေနေလသည္။ ထုိသုိ႔ အလံုးအေထြးတုိက္ၾကရင္း လင္းဇင္းတပ္မ်ားမခံႏုိင္ေတာ့ဘဲ တပ္ကို ဆုတ္ရေလ၏။ ပိသေလာက္ျမိဳ ႔စားလည္း ျမိဳ ႔တြင္းမွ ျမတပူအေျမွာက္မ်ားကို ယုိးဒယားမင္းရွိရာ ဘက္သုိ႔ တဖက္လွည့္ပုိ႔ျပီး ေလွမ်ားကို ပစ္ခတ္ေစရာ ေလွၾကီးတခ်ိဳဴ ႔ နစ္ေလသည္။ ယုိးဒယားမင္းလည္း အေျမွာက္လြတ္ရာ ေနရာသုိ႔ ဆုတ္ျပီး စခန္း ခ်ေလ၏။ ယုိးဒယားမင္းႏွင့္ လင္းဇင္းစား တုိ႔လည္း အထိအခို္က္အက်အရူံးမ်ားသျဖင့္ ပိသေလာက္ျမိဳ ႔ မနီးအေ၀းတြင္ ေအဒီ ၁၅၆၈ ေအာက္တုိဘာအထိ စခန္းခ်ျပီး ေနေလ၏။ ထုိေနာက္ ဘုရင့္ေနာင္သည္ ဟံသာ၀တီမွ စစ္အင္အားအလံုးအရင္းျဖင့္ ခ်ီတက္လာျပီဟု ၾကားမွ ယုိးဒယားမင္းသည္ တပ္ကို အယုဒၶယျမိဳ႔ ေနျပည္ေတာ္သုိ႔ ဆုတ္ေလသည္။ Unicode ပိသလောက်မြို ့စား နှင့် ယိုးဒယားမင်း တို့ စစ်ပွဲ ဘုရင့်နောင်သည် ဟံသာ၀တီနေပြည်တော်တွင် ကြုံတွေ့နေရသော အစာရေစာ ရှားပါးမူပြသနာကို ဖြေရှင်း ပြီးနောက် မိမိ၏ စစ်တပ်အင်အားကို ထပ်မံတိုးချဲ့ ကာ ဒုတိယအကြိမ်ယိုးဒယားသို့ ချီတက်ရန် ပြင်ဆင် လေ၏။ ထိုသို့ စစ်ပြင်နေစဉ် အေဒီ ၁၅၆၈ မေလ တွင် သီရီင်္လာကာဘုရင်မှ မြသပိတ်တော်ကြီးကို လက်ဆောင်အဖြစ် ပေးအပ်လာရာ သငေ်္ဘာဆိပ်သို့ မင်းခန်းမင်းနားဖြင့် မင်းညီမင်းသားများကို သွားပင့် ဆောင်စေလေသည်။ မြသပိတ်တော်ကြီးကို ပင့်ဆောင်လာသော သီရီင်္လာကာဘုရင့် ဆရာတော်ကိုလည်း ဟံသာ၀တီ နေပြည်တော်တွင် ကျောင်းဆောက်ပြီး လှူ တော်မူလေသည်။ အေဒီ ၁၅၆၈ ဇွန် ၁၅ တွင် ဘုရင့်နောင်၏ မိဖုရားခေါင် အတုလသီရိမဟာရာဇာ ဒေ၀ီ နတ်ရွာစံလေ၏။ ဘုရင့်နောင်သည် အလွန်ကြေကွဲ တော်မူရာ ရက်အတော်အတန်ကြာအောင် လွှတ်တော်အစည်းအေ၀း မတက်ဘဲ ရှိနေလေ၏။ အမတ်ကြီးဗညားဒလမှ တိုင်းရေးပြည်မူကို ရေူးရူတော်မူရန် အတန်တန်လျှောက်တော့မှ အစည်းအေ၀း ပြန်တက်ကာ ပိသလောက်မြို့စားအား ပိသလောက်မြို ့သို့ ချီတက်စေပြီး မြို ့ကို အခို်င်အမာ ပြု ထားရန် အမိန့်ပေးလေသည်။ ပိသလောက်မြို ့စား လည်း အမိန့်အတိုင်း စစ်သည် အင်အား ၃ သောင်းကျော်ဖြင့် ပိသလောက်မြို ့သို့ ချီတက်လေသည်။ ထိုသတင်းကို ယိုးဒယားမင်းကြားလျှင် လင်းဇင်းမင်းသို့ စာစေလေ၏။ လင်းဇင်းမင်းလည်း ယိုးဒယားကို ကူရန် စစ်အင်အားအလုံးအရင်းဖြင့် ပိသလောက်သို့ ချီလာလေသည်။ ပိသလောက်သို့ ယိုးဒယားမင်းအရင် ရောက်ရာ မြို ့ပြင်တွင် စစ်တပ်များကို ချထားကာ ရန်သူ အလာကိုစောင့်နေလေ၏။ ပိသလောက်မြို ့စားလည်း အေ၀းမှ ယိုးဒယားမင်း၏ တပ်ကို တွေ့ရာ တိုက်သင့်မတိုက်သင့်ကို အတူပါလာ သော အမတ်ဗညားဦး နှင့် တိုင်ပင်လေ၏။ ဗညားဦးမှ ကြောက်ရွံရန် မလို တိုက်မည် ဟု အကြံပေးသဖြင့် စစ်အင်အား နှစ်သောင်းဖြင့် ၀င်တိုက်လေသည်။ ယိုးဒယားမင်းဘက်မှလည်း အလုံးအရင်း ဖြင့် တိုက်ကြလေရာ နှစ်ဦးနှစ်ဘက် အကျအရူံးများလေ၏။ ထိုသို့ တိုက်နေရင်း ယိုးဒယားမင်း၏ လက်ရုံး သီမာမြို ့စားကြီး စစ်ပွဲတွင် ကျလေသည်။ ထိုအခါ သီမာမြို့စား၏ တပ်သားများလည်း လက်နက်ချပြေးလေ၏။ ယိုးဒယားမင်းလည်း အရေးမသာသဖြင့် တပ်ကို ရေဆိပ်ဆီသို့ အလျင်အမြန်ဆုတ်ရလေသည်။ ပိသလောက်မြို့စားတို့ နောက်မှ လိုက်ရာ ယိုးဒယားမင်း၏ ရေတပ် မှ မြတပူအမြှောက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဆက်မလိုက်တော့ဘဲ မြို ့တွင်းသို့ ၀င်ကာ မြို ့ကို အခိုင်အမာ ဖြစ်အောင် လုပ်လေ၏။ နောက် ၁၅ ရက်ခန့် တွင် လင်းဇင်းမင်း၏ တပ်များ ပိသလောက်မြို ့နား ရောက်လာသော ကျူံ းနား တိုင်အောင် တပ်စခန်း ချလာလေ၏။ ထိုသို့ စခန်းချနေသော လင်းဇင်းတပ်ကို ပိသလောက်မြို ့စားမှ အလုံးအရင်းဖြင့် မြို ့တွင်းမှ ထွက်တိုက်ပြန်လေ၏။ လင်းဇင်းစားလည်း မခံနိုင်ဘဲ မြို ့နားမှ ဆုတ်လေသည်။ တပ်ကိုဆုတ်ပြီး ယိုးဒယားမင်းရှိရာကို သွားလေသည်။ ယိုးဒယားမင်းနှင့် တိုင်ပင်ပြီးနောက် လင်းဇင်းမင်းမှ ကြည်းကြောင်း၊ယိုးဒယားမင်းမှ ရေကြောင်းဖြင့် တိုက်ရန် သဘောတူကြလေသည်။ ၅ ရက်နေပြီး နောက် လင်းဇင်းမင်းမှ ပိသလောက်သို့ ထပ်မံ တိုက်ပြန်လေသည်။ ပိသလောက်မြို ့စားလည်း မြို ့မှ ထွက်ကာ လင်းဇင်းမင်းကို တိုက်လေသည်။ ယိုးဒယားမင်းလည်း ရေတပ်ဘက်မှ မြတပူအမြှောက်ကြီးများ၊ စိန်ပြောင်း သေနတ်များဖြင့် အဆက်မပြတ်ပစ်ပေးလေ၏။ သို့သော်လည်း လင်းဇင်းမင်း၏ တပ်များ ပိသလောက်မြို ့စား၏ တပ်ကို မထိုးဖောက်နိုင်ဘဲ ရှိနေလေသည်။ ထိုသို့ အလုံးအထွေးတိုက်ကြရင်း လင်းဇင်းတပ်များမခံနိုင်တော့ဘဲ တပ်ကို ဆုတ်ရလေ၏။ ပိသလောက်မြို ့စားလည်း မြို ့တွင်းမှ မြတပူအမြှောက်များကို ယိုးဒယားမင်းရှိရာ ဘက်သို့ တဖက်လှည့်ပို့ပြီး လှေများကို ပစ်ခတ်စေရာ လှေကြီးတချိုူ ့ နစ်လေသည်။ ယိုးဒယားမင်းလည်း အမြှောက်လွတ်ရာ နေရာသို့ ဆုတ်ပြီး စခန်း ချလေ၏။ ယိုးဒယားမင်းနှင့် လင်းဇင်းစား တို့လည်း အထိအခို်က်အကျအရူံးများသဖြင့် ပိသလောက်မြို ့ မနီးအေ၀းတွင် အေဒီ ၁၅၆၈ အောက်တိုဘာအထိ စခန်းချပြီး နေလေ၏။ ထိုနောက် ဘုရင့်နောင်သည် ဟံသာ၀တီမှ စစ်အင်အားအလုံးအရင်းဖြင့် ချီတက်လာပြီဟု ကြားမှ ယိုးဒယားမင်းသည် တပ်ကို အယုဒ္ဓယမြို့ နေပြည်တော်သို့ ဆုတ်လေသည်။

View more on Facebook

This site was designed with Websites.co.in - Website Builder

IMPORTANT NOTICE
DISCLAIMER

This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support