ဘုရင့်နောင်မှ ယိုးဒယားကို ဒုတိယအကြိမ် တိုက်ခိုက်ခြင်း
Unicode.
ဘုရင့်နောင်သည် အေဒီ ၁၅၆၈ အောက်တိုဘာ ၁၁ ရက်တွင် ဟံသာ၀တီနေပြည်တော်မှ စစ်အင်အား ငါးသိန်းလေးသောင်း ဖြင့် ဒုတိယအကြိမ် ယိုးဒယားသို့ ချီတက်လေသည်။ နိုင်ငံအနှံမှ စော်ဘွားများ၏ အင်အား များပါ ဖြည့်တင်းထားရာ မြန်မာ့သမိုင်းတွင် အကြီးအကျယ်ဆုံးနှင့် လူအင်အား အများဆုံး အသုံးပြု သော စစ်ပွဲဖြစ်သည်။ ချီတက်ပြီး ပိသလောက်မြို ့သို့ ရောက်လျှင် ပိသလောက်မြို ့စား၏ အားထုတ် မူကို အားရသဖြင့် ရွှေတုံးများ ချီးမြင့်လေသည်။
ယိုးဒယားမြို ့သည် ရေများဖြင့် ၀ိုင်းရံထားရာ စစ်ချီရန် အခက်အခဲ ရှိ၏။ ထိုအချက်ကို ဘုရင့်နောင်တို့မှ
ကောင်းစွာသဘောပေါက်၏။ သို့သော် ဘုရင့်နောင်မှ ယိုးဒယားမြို ့ကို ရှေးရိုးအတိုင်းသာ ၀ိုင်းရံထားမည်။ ဆန်ရေစပါးများကို ကျီဆောက်ကာ သိုလှောင်ထားပြီး အယုဒ္ဓယမြို့ကို ရဲမက်များဖြင့် အထပ်ထပ် ၀ိုင်းရံ ထားစေလေ၏။
အယုဒ္ဓယမြို့ ရိုးထက်မြင့်သော အမြှောက်တင်မျှော်စင်ကြီးကိုလည်း ဆောက်လုပ်ပြီး မြို ့ကို ၀ိုင်းရံစေကာ မြတပူအမြှောက်ကြီး များ တင်ကာ မြို ့တွင်းသို့ ပစ်ရန် ပြင်ဆင်လေသည်။ စစ်ပွဲကို အမြှောက်ကြီးမျာအား တပြိုင်နက် ပစ်စေပြီး စတင်လေ၏။ မြတပူကြီးများ အဆက်မပြတ်ပစ်နေစဉ် ခြေလျင် တပ်သားများ သည် အဆက်မပြတ် မြို ့ရိုးထက်သို့ လှေကားများထောင်ကာ တက်လေသည်။
အယုဒ္ဓယမြို့တွင်းမှလည်း သေနတ်များ၊အမြှောက်များဖြင့် ပြန်လည် ပစ်ခတ်ရာ ဘုရင့်နောင်၏ ရဲမက်များ၏ ကျရူံးသော အလောင်းများသည် မြို ့ရိုးသမျှ မြင့်လာလေ၏။ အယုဒ္ဓယမြို့ရိုးသည် အလွန်ခိုင်ခံရုံသမက မြို ့တွင်းမှ ပစ်ခတ်သော မြတပူအမြှောက်ကြီးများလည်း ပြင်းထန်သဖြင့် အသေအပျောက်များပြီး မြို ့ရိုးပေါ်သို့ မတက်နိုင်ဖြစ်နေလေသည်။ ထိုအခါ ဘုရင့်နောင်မှ တပ်ကို ပြန်လည် ဆုတ်စေလေ၏။
ထိုသို့ အထိအခိုက်များသဖြင့် ဘုရင့်နောင်သည် စစ်ထပ်ချီခြင်းမပြုတော့ဘဲ လေးလ တိုင်အောင် ၀ိုင်းရံ နေ၏။ ထိုအခါ အေဒီ ၁၅၆၉ ဧပြီ ၁၆ တွင် ဘုရင့်နောင်ကို ပုန်ကန်သော ယိုးဒယားမင်း (Chakkra phat {1548 -1569} ) သည် ကွယ်လွန်လေသည်။ ထိုအခါ ယိုးဒယားမင်း၏ သားတော်သည် ဘုရင့်နောင်သည် လက်လျော့မည်သူ မဟုတ် ဟု သိသဖြင့် နန်းတွင်းမှ ယခင်ဘုရင်၏ လူယုံအမတ်ကို ဖမ်းပြီး ဘုရင့်နောင်သို့ စာဖြင့်ပေဖြင့် ပို့လေသည်။
"ယခင်ဘုရင် သည် စစ်လိုလားသောအမတ်များ၏ တိုက်တွန်းချက်ကြောင့်သာ စစ်တိုက်ရသည်ဖြစ်သည်၊ အကျွန်ုပ်ဖို့မူကား ဖခမည်းတော်အလိုကို မလွန်ဆန်နိုင်သောကြောင့် သောင်းကျန်းမိ၏၊ ကျွန်တော်တို ဆက်မြဲ လက်ဆောင်ကို ဆက်ပြီး အမူတော်ထမ်းပါမည် "
ဟုရေးသားကာ လက်ဆောင်များဖြင့် ပေးပို့လေသည်။ သို့သော် ဘုရင့်နောင်မှ စာကိုဖတ်ပြီးလျှင် ဖမ်းလာသော အမတ်ကို လွှတ်စေပြီး ကောင်းမွန်စွာထားလေသည်။ ဘုရင့်နောင်မှ ပြန်စာမရသဖြင့် ယိုးဒယားမင်းလည်း ကြံရာမရဖြစ်ကာ လင်းဇင်းကို စစ်ကူခေါ်လေ၏။ လင်းဇင်းလည်း မနေသာဘဲ စစ်အင်အား သုံးသောင်းကျော်ဖြင့် ချီတက်လာလေသည်။ ထိုသတင်းကို ဘုရင့်နောင်ကြားသိလျှင် ယေးမြို ့စား ကို တပ်မှူ းခန့်ပြီး စစ်အင်အား လေးသောင်း ပေးကာ လင်းဇင်းတပ်ကို တိုက်စေလေ၏။
ယေးမြို ့စားလည်း ချီတက်ပြီး နာလဗို့ အရပ်တွင် တပ်တည်ကာ နေလေသည်။ ငါးရက်ခန့် ရှိလျှင် လင်းဇင်းစား၏ တပ်များ ရောက်လာပြီး အပြင်းအထန်တိုက်ကြလေ၏။ ထိုတိုက်ပွဲတွင် ယေးမြို ့စား ကျပြီး ဘုရင့်နောင်၏ တပ်ရူံးလေသည်။ စစ်ကဲမှူ းတစ်ဦးမှ စစ်သား ၁၀၀ ကျော်ဖြင့် ဘုရင့်နောင် ရှိရာ သို့ ပြန်ပြေး လာလေသည်။
ဘုရင့်နောင်လည်း စစ်ရူံးပြီး ပြေးလာသော စစ်ကဲမှူ းကို ကိုယ်လွတ်ရုန်းပြေးလာခြင်း မဟုတ်လော၊ ယေးမြို ့စား တို့ အသက်အသေခံ တိုက်နေစဉ် သင်ကား ကိုယ်လွတ်ရုန်းပြေးခြင်း ဖြစ်သည်၊ နင်မူကား ကျေးဇူးတော် မစောင့်သောကြောင့် မြင်းစီး ပြေးလှာသည်၊ သို့ကြောင်း သားမယားနှင့်တကွ ကွပ်လေ ဟု အမိန့်တော်ချလေသည်။
ထိုအခါ သီရိဇေယျကျော်ထင်မှ ဘုရင့်နောင်ကို လျှောက်လေသည်၊ ကျွန်တော် စစ်ကဲမှူ း အလွတ်ခွာ ပြေး
ခြင်းသည် လွတ်ခြင်း ကောင်း၏။ စစ်ကဲမှူ းမပြေးလျှင် ၊ တပ်မမှူ း နှင့်တကွ စစ်ကဲမှူ းကိုပါ လင်းဇင်းစားမှ သုတ်သင်နိုင်လျှင် ကျွန်တော်မျိူ းတို့ မျက်နှာထားစရာ မရှိပြီ၊ ထိုသတင်းကို ပြည်ထောင်ချင်း မင်းတကာကို ကြားလျှင်း လင်းဇင်းစား၏ ဘုန်းသတင်းကို ကြီးလိမ့်မည် ယခု စစ်ကဲမှူ းမှ ပြေးလာခြင်းကြောင့် မျက်နှာ လှ ချေသည် ဟု နားတော်လျှောက်လေ၏။
ထိုနောက် ဘေးမှ စစ်သူကြီးများ၊ တပ်မှူ းများမှ ၀ိုင်း၀န်းလျှောက်ထားသဖြင့် ဘုရင့်နောင်လည်း စစ်ကဲမှူ းကို လွှတ်လေ၏။ ဘုရင့်နောင်လည်း ချီတက်လာသော လင်းဇင်းစားကို ကိုယ်တော်တိုင် တိုက်မည် ယိုးဒယားကို ရံထားသော တပ်ကို တစ်၀က်ဖြုတ်ကာ လင်းဇင်းစားကို တိုက်ရန် ပြင်ဆင်လေသည်။
Zawgyi.
ဘုရင့္ေနာင္မွ ယိုးဒယားကို ဒုတိယအၾကိမ္ တုိက္ခုိက္ျခင္း
ဘုရင့္ေနာင္သည္ ေအဒီ ၁၅၆၈ ေအာက္တုိဘာ ၁၁ ရက္တြင္ ဟံသာ၀တီေနျပည္ေတာ္မွ စစ္အင္အား ငါးသိန္းေလးေသာင္း ျဖင့္ ဒုတိယအၾကိမ္ ယုိးဒယားသုိ႔ ခ်ီတက္ေလသည္။ ႏုိင္ငံအႏွံမွ ေစာ္ဘြားမ်ား၏ အင္အား မ်ားပါ ျဖည့္တင္းထားရာ ျမန္မာ့သမုိင္းတြင္ အၾကီးအက်ယ္ဆံုးႏွင့္ လူအင္အား အမ်ားဆံုး အသံုးျပဳ ေသာ စစ္ပြဲျဖစ္သည္။ ခ်ီတက္ျပီး ပိသေလာက္ျမိဳ ႔သုိ႔ ေရာက္လွ်င္ ပိသေလာက္ျမိဳ ႔စား၏ အားထုတ္ မူကို အားရသျဖင့္ ေရႊတံုးမ်ား ခ်ီးျမင့္ေလသည္။
ယုိးဒယားျမိဳ ႔သည္ ေရမ်ားျဖင့္ ၀ုိင္းရံထားရာ စစ္ခ်ီရန္ အခက္အခဲ ရွိ၏။ ထိုအခ်က္ကို ဘုရင့္ေနာင္တုိ႔မွ
ေကာင္းစြာသေဘာေပါက္၏။ သုိ႔ေသာ္ ဘုရင့္ေနာင္မွ ယုိးဒယားျမိဳ ႔ကို ေရွးရုိးအတုိင္းသာ ၀ုိင္းရံထားမည္။ ဆန္ေရစပါးမ်ားကို က်ီေဆာက္ကာ သုိေလွာင္ထားျပီး အယုဒၶယျမိဳ႔ကို ရဲမက္မ်ားျဖင့္ အထပ္ထပ္ ၀ုိင္းရံ ထားေစေလ၏။
အယုဒၶယျမိဳ႔ ရုိးထက္ျမင့္ေသာ အေျမွာက္တင္ေမွ်ာ္စင္ၾကီးကိုလည္း ေဆာက္လုပ္ျပီး ျမိဳ ႔ကို ၀ုိင္းရံေစကာ ျမတပူအေျမွာက္ၾကီး မ်ား တင္ကာ ျမိဳ ႔တြင္းသုိ႔ ပစ္ရန္ ျပင္ဆင္ေလသည္။ စစ္ပြဲကို အေျမွာက္ၾကီးမ်ာအား တျပိဳင္နက္ ပစ္ေစျပီး စတင္ေလ၏။ ျမတပူၾကီးမ်ား အဆက္မျပတ္ပစ္ေနစဥ္ ေျခလ်င္ တပ္သားမ်ား သည္ အဆက္မျပတ္ ျမိဳ ႔ရုိးထက္သုိ႔ ေလွကားမ်ားေထာင္ကာ တက္ေလသည္။
အယုဒၶယျမိဳ႔တြင္းမွလည္း ေသနတ္မ်ား၊အေျမွာက္မ်ားျဖင့္ ျပန္လည္ ပစ္ခတ္ရာ ဘုရင့္ေနာင္၏ ရဲမက္မ်ား၏ က်ရူံးေသာ အေလာင္းမ်ားသည္ ျမိဳ ႔ရုိးသမွ် ျမင့္လာေလ၏။ အယုဒၶယျမိဳ႔ရုိးသည္ အလြန္ခုိင္ခံရုံသမက ျမိဳ ႔တြင္းမွ ပစ္ခတ္ေသာ ျမတပူအေျမွာက္ၾကီးမ်ားလည္း ျပင္းထန္သျဖင့္ အေသအေပ်ာက္မ်ားျပီး ျမိဳ ႔ရုိးေပၚသုိ႔ မတက္ႏုိင္ျဖစ္ေနေလသည္။ ထုိအခါ ဘုရင့္ေနာင္မွ တပ္ကို ျပန္လည္ ဆုတ္ေစေလ၏။
ထုိသုိ႔ အထိအခုိက္မ်ားသျဖင့္ ဘုရင့္ေနာင္သည္ စစ္ထပ္ခ်ီျခင္းမျပဳေတာ့ဘဲ ေလးလ တုိင္ေအာင္ ၀ုိင္းရံ ေန၏။ ထုိအခါ ေအဒီ ၁၅၆၉ ဧျပီ ၁၆ တြင္ ဘုရင့္ေနာင္ကို ပုန္ကန္ေသာ ယုိးဒယားမင္း (Chakkra phat {1548 -1569} ) သည္ ကြယ္လြန္ေလသည္။ ထုိအခါ ယုိးဒယားမင္း၏ သားေတာ္သည္ ဘုရင့္ေနာင္သည္ လက္ေလ်ာ့မည္သူ မဟုတ္ ဟု သိသျဖင့္ နန္းတြင္းမွ ယခင္ဘုရင္၏ လူယံုအမတ္ကို ဖမ္းျပီး ဘုရင့္ေနာင္သုိ႔ စာျဖင့္ေပျဖင့္ ပုိ႔ေလသည္။
"ယခင္ဘုရင္ သည္ စစ္လုိလားေသာအမတ္မ်ား၏ တုိက္တြန္းခ်က္ေၾကာင့္သာ စစ္တုိက္ရသည္ျဖစ္သည္၊ အကြ်ႏ္ုပ္ဖုိ႔မူကား ဖခမည္းေတာ္အလုိကို မလြန္ဆန္ႏုိင္ေသာေၾကာင့္ ေသာင္းက်န္းမိ၏၊ ကၽြန္ေတာ္တုိ ဆက္ျမဲ လက္ေဆာင္ကို ဆက္ျပီး အမူေတာ္ထမ္းပါမည္ "
ဟုေရးသားကာ လက္ေဆာင္မ်ားျဖင့္ ေပးပုိ႔ေလသည္။ သုိ႔ေသာ္ ဘုရင့္ေနာင္မွ စာကုိဖတ္ျပီးလွ်င္ ဖမ္းလာေသာ အမတ္ကို လႊတ္ေစျပီး ေကာင္းမြန္စြာထားေလသည္။ ဘုရင့္ေနာင္မွ ျပန္စာမရသျဖင့္ ယုိးဒယားမင္းလည္း ၾကံရာမရျဖစ္ကာ လင္းဇင္းကုိ စစ္ကူေခၚေလ၏။ လင္းဇင္းလည္း မေနသာဘဲ စစ္အင္အား သံုးေသာင္းေက်ာ္ျဖင့္ ခ်ီတက္လာေလသည္။ ထုိသတင္းကို ဘုရင့္ေနာင္ၾကားသိလွ်င္ ေယးျမိဳ ႔စား ကို တပ္မွဴ းခန္႔ျပီး စစ္အင္အား ေလးေသာင္း ေပးကာ လင္းဇင္းတပ္ကို တုိက္ေစေလ၏။
ေယးျမိဳ ႔စားလည္း ခ်ီတက္ျပီး နာလဗုိ႔ အရပ္တြင္ တပ္တည္ကာ ေနေလသည္။ ငါးရက္ခန္႔ ရွိလွ်င္ လင္းဇင္းစား၏ တပ္မ်ား ေရာက္လာျပီး အျပင္းအထန္တုိက္ၾကေလ၏။ ထုိတုိက္ပြဲတြင္ ေယးျမိဳ ႔စား က်ျပီး ဘုရင့္ေနာင္၏ တပ္ရူံးေလသည္။ စစ္ကဲမွဴ းတစ္ဦးမွ စစ္သား ၁၀၀ ေက်ာ္ျဖင့္ ဘုရင့္ေနာင္ ရွိရာ သုိ႔ ျပန္ေျပး လာေလသည္။
ဘုရင့္ေနာင္လည္း စစ္ရူံးျပီး ေျပးလာေသာ စစ္ကဲမွဴ းကို ကုိယ္လြတ္ရုန္းေျပးလာျခင္း မဟုတ္ေလာ၊ ေယးျမိဳ ႔စား တုိ႔ အသက္အေသခံ တုိက္ေနစဥ္ သင္ကား ကုိယ္လြတ္ရုန္းေျပးျခင္း ျဖစ္သည္၊ နင္မူကား ေက်းဇူးေတာ္ မေစာင့္ေသာေၾကာင့္ ျမင္းစီး ေျပးလွာသည္၊ သုိ႔ေၾကာင္း သားမယားႏွင့္တကြ ကြပ္ေလ ဟု အမိန္႔ေတာ္ခ်ေလသည္။
ထုိအခါ သီရိေဇယ်ေက်ာ္ထင္မွ ဘုရင့္ေနာင္ကို ေလွ်ာက္ေလသည္၊ ကၽြန္ေတာ္ စစ္ကဲမွဴ း အလြတ္ခြာ ေျပး
ျခင္းသည္ လြတ္ျခင္း ေကာင္း၏။ စစ္ကဲမွဴ းမေျပးလွ်င္ ၊ တပ္မမွဴ း ႏွင့္တကြ စစ္ကဲမွဴ းကိုပါ လင္းဇင္းစားမွ သုတ္သင္ႏုိင္လွ်င္ ကၽြန္ေတာ္မ်ိဴ းတုိ႔ မ်က္ႏွာထားစရာ မရွိျပီ၊ ထုိသတင္းကို ျပည္ေထာင္ခ်င္း မင္းတကာကို ၾကားလွ်င္း လင္းဇင္းစား၏ ဘုန္းသတင္းကုိ ၾကီးလိမ့္မည္ ယခု စစ္ကဲမွဴ းမွ ေျပးလာျခင္းေၾကာင့္ မ်က္ႏွာ လွ ေခ်သည္ ဟု နားေတာ္ေလွ်ာက္ေလ၏။
ထုိေနာက္ ေဘးမွ စစ္သူၾကီးမ်ား၊ တပ္မွဴ းမ်ားမွ ၀ုိင္း၀န္းေလွ်ာက္ထားသျဖင့္ ဘုရင့္ေနာင္လည္း စစ္ကဲမွဴ းကို လႊတ္ေလ၏။ ဘုရင့္ေနာင္လည္း ခ်ီတက္လာေသာ လင္းဇင္းစားကို ကုိယ္ေတာ္တုိင္ တုိက္မည္ ယုိးဒယားကို ရံထားေသာ တပ္ကို တစ္၀က္ျဖဳတ္ကာ လင္းဇင္းစားကို တုိက္ရန္ ျပင္ဆင္ေလသည္။
View more on Facebook
This site was designed with Websites.co.in - Website Builder
This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.
We appreciate you contacting us. Our support will get back in touch with you soon!
Have a great day!
Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support