X

By
Thu, 03-Oct-2019, 21:07

ေလတပ္ စတင္အသုံးျပဳျခင္း Zawgyi. ပထမကမၻာစစ္ႀကီးမွစ၍ ေလယာဥ္...

ေလတပ္ စတင္အသုံးျပဳျခင္း Zawgyi. ပထမကမၻာစစ္ႀကီးမွစ၍ ေလယာဥ္ပ်ံမ်ားကို စစ္ဆင္မႈအတြက္ အသုံးျပဳလာခဲ့ေလသည္။ ပထမတြင္ေလယာဥ္ပ်ံမ်ားကို ရန္သူအေျခအေနကို အကဲခတ္ ဓာတ္ပုံရိုက္ယူရန္ ကင္းေထာက္ရန္သာ အသုံးျပဳခဲ့ၾကသည္။ ထိုစဥ္က ေလယာဥ္ပ်ံမ်ားမွာလည္း ေသးငယ္သည့္အျပင္ တစ္နာရီမိုင္ ကိုးဆယ္မွ်ေလာက္သာ ပ်ံသန္းနိုင္ေသးသည္။ စစ္ျဖစ္စက အဂၤလိပ္တို႔တြင္ ေလယာဥ္ပ်ံ အနည္းငယ္မွ်သာ ရွိ၍ ျပင္သစ္တြင္မူ အမ်ားဆုံး ရွိေလသည္။ ဂ်ာမနီ၊ အဂၤလိပ္တို႔တြင္ ရွိေသာ ေလယာဥ္ပ်ံ အေရအတြက္စုစုေပါင္းမွာ ၅၀၀ ခန႔္မွ်သာ ျဖစ္ရာ ျပင္သစ္တို႔တြင္ ၂၅၀ ခန႔္ရွိခဲ့သည္။ စစ္ျဖစ္ၿပီးေနာက္တြင္ ထိုနိုင္ငံမ်ားသည္ ေလယာဥ္ပ်ံမ်ားကို တိုးတက္ေဆာက္လုပ္လာၾက၍ ေလယာဥ္ပ်ံမ်ား အသြားႏႈန္းတိုးတက္ေအာင္ႏွင့္ အေလးခ်ိန္ ပိုမိုသယ္ေဆာင္နိုင္ေအာင္ ျပဳျပင္ လုပ္ကိုင္ခဲ့ၾကသည္။ ထို႔ေၾကာင့္ ေနာင္တစ္ႏွစ္ခန႔္ အၾကာတြင္ တစ္နာရီလွ်င္ ၁၇၅ မိုင္ႏႈန္းခန႔္ ပ်ံသန္းနိုင္ေသာ ေလယာဥ္ပ်ံမ်ား တည္ေဆာက္လာနိုင္ၾက၍ စက္ေသနတ္ႏွင့္ ဗုံးအေလးခ်ိန္ တစ္တန္ခန႔္ကို သယ္ယူနိုင္ခဲ့သည္။ ထို႔ေၾကာင့္ ေလယာဥ္ပ်ံမ်ားကို ဗုံးႀကဲတိုက္ခိုက္ရန္ႏွင့္ စက္ေသနတ္ျဖင့္ ပစ္ခတ္တိုက္ခိုက္ရန္အတြက္ အသုံးျပဳလာသျဖင့္ လြန္စြာ အေရးပါလာေလသည္။ သို႔ျဖစ္ေလရာ ေလတပ္သား တစ္ေယာက္ႏွင့္ ၾကည္းတပ္သား တစ္ေထာင္ ညီမွ်သည္ဟုပင္ ဆိုလာေလသည္။ မၾကာမီ ေလေၾကာင္းတိုက္ပြဲမ်ား မၾကာခဏ ျဖစ္ပြားလာခဲ့၍ တစ္ဖက္ႏွင့္ တစ္ဖက္ ေလေၾကာင္း၌ ႀကီးစိုးနိုင္ရန္ ႀကိဳးစားခဲ့ၾကေလသည္။ ၁၉၁၇ ခုႏွစ္ မကုန္မီ မဟာမိတ္တို႔သည္ အေနာက္ဘက္ စစ္မ်က္ႏွာ၌ ေလေၾကာင္းတြင္ အေရးသာေနခဲ့၏။ ယင္းသို႔ ေလေၾကာင္းတြင္ သူနိုင္ငါနိုင္ႀကိဳးစားၾကေသာ္လည္း စင္စစ္မွာ အရႈံးအနိုင္တိုက္ခိုက္ရာ၌ ေလေၾကာင္းတိုက္ပြဲမ်ားမွာ ပထမ ကမၻာစစ္ႀကီးအတြင္းက အရာမေရာက္လွေခ်။ ဂ်ာမနီသည္ အဂၤလိန္ကို ေလေၾကာင္းမွ တိုက္ခိုက္ရာ၌ ဇက္ပလင္ေခၚ ဗူးသီးပုံသဏၭာန္ ေလသေဘၤာမ်ားျဖင့္ တိုက္ခိုက္ခဲ့ၾကသည္။ ေလသေဘၤာမ်ား ထိုဇက္ပလင္ေလသေဘၤာမ်ားသည္ ခရီးရွည္ သြားလာနိုင္ေသာ ေလယာဥ္မ်ိဳးျဖစ္သျဖင့္ အဂၤလန္ႏွင့္ ျပင္သစ္နိုင္ငံမ်ားသို႔ သြားေရာက္ ဗုံးႀကဲတိုက္ခိုက္ရန္အတြက္ အလြန္အသုံးဝင္ေလသည္။ ၁၉၁၅ ခုႏွစ္မွ ၁၉၁၈ ခု ေမလတိုင္ေအာင္ အဂၤလန္ႏွင့္ ျပင္သစ္နိုင္ငံတို႔မွ ဂ်ာမန္ဇက္ပလင္မ်ား၏ ဗုံးႀကဲတိုက္ခိုက္ျခင္းကို မၾကာခဏ ခံခဲ့ၾကရသည္။ အဂၤလိပ္ႏွင့္ ျပင္သစ္တို႔ကလည္း ေလယာဥ္ပ်ံတပ္စုမ်ားကို အသုံးျပဳၾက၍ လည္းေကာင္း၊ အားေကာင္းလွေသာ မီးေမာင္းမ်ားထိုးကာ ေလယာဥ္ပ်ံပစ္အေျမာက္မ်ားျဖင့္လည္းေကာင္းတြန္းလွန္ ခုခံၾကသည္။ ဂ်ာမန္တို႔ ေလေၾကာင္းမွ တိုက္ခိုက္ျခင္းေၾကာင့္ အဂၤလိပ္ႏွင့္ ျပင္သစ္တို႔ ဆုံးရႈံးနစ္နာမႈမ်ား၏ အရပ္ရပ္တန္ဖိုးမွာ ေဒၚလာ ၁၀ သန္းခန႔္ ျဖစ္သည္။ သို႔ေသာ္ ျပင္သစ္နိုင္ငံတြင္ တစ္ေန႕တည္း၌ ဇက္ပလင္ႀကီး ငါးစင္းပ်က္က်၍ တစ္စင္းအဖမ္းခံရၿပီးေနာက္တြင္ ဂ်ာမန္တို႔၏ ေလေၾကာင္းတိုက္ခိုက္ျခင္းမ်ား ရပ္စဲသြားေလေတာ့သည္။ ဂ်ာမန္ပိုင္နယ္ေျမသစ္မ်ား စစ္ႀကီးမျဖစ္မီက ဂ်ာမနီပိုင္ နယ္ေျမသစ္မ်ားရွိေလသည္။ ထိုနယ္သစ္မ်ား ရရွိေရးေၾကာင့္ ဂ်ာမနီႏွင့္ ဂရိၿဗိတိန္တို႔ အင္အားၿပိဳင္လာခဲ့ရာ၊ ယင္းမွာ စစ္ျဖစ္ရျခင္း၏ အေၾကာင္းအရင္းတစ္ရပ္ျဖစ္ခဲ့သည္။ စစ္ျဖစ္စတြင္ အင္အားေတာင့္တင္းေသာ ၿဗိတိသွ်ေရတပ္သည္ ဂ်ာမနီနိုင္ငံပိုင္ ပင္လယ္ရပ္ျခားနယ္ေျမသစ္မ်ားကို သိမ္းပိုက္ေလသည္။ ကမၻာအေရွ႕ပိုင္းရွိ ဂ်ာမန္နယ္ေျမသစ္မ်ားျဖစ္ေသာ နယူးဂင္နီႏွင့္ ဆမိုးဝါးကြၽန္းမ်ားကို နယူးဇီလန္တပ္မ်ားက သိမ္းပိုက္ေလသည္။ ဂ်ပန္က တ႐ုတ္နိုင္ငံရွိ ဂ်ာမန္ခံတပ္ ဆင္းေတာကို သိမ္းပိုက္လိုက္၏/ အာဖရိကတိုက္ရွိ တိုဂိုလန္ကိုလည္း မဟာမိတ္မ်ားက သိမ္းပိုက္ခဲ့၏။ ၁၉၅ ခုႏွစ္ အဂၤလိပ္ႏွင့္ ျပင္သစ္တပ္မ်ားသည္ ကမၼ႐ြန္း နယ္ကို သိမ္းပိုက္ခဲ့၍၊ ဂ်ာမန္အေနာက္ေတာင္ အာဖရိက နယ္မွာလည္း မဟာမိတ္တို႔လက္ထဲသို႔ က်ေရာက္ခဲ့ေလသည္။ ယင္းသို႔ျဖင့္ ဂ်ာမန္နယ္ေျမသစ္မ်ား အားလုံးလိုလိုပင္ မဟာမိတ္တို႔ လက္တြင္းသို႔ က်ေရာက္ခဲ့၏။ ၁၉၁၈ ခုႏွစ္တိုင္ေအာင္ မဟာမိတ္တို႔ကို တြန္းလွန္နိုင္ခဲ့ေသာ ဂ်ာမန္နယ္သစ္မ်ားမွာ ဂ်ာမန္ အေရွ႕ဘက္ အာဖရိကနယ္ပင္ ျဖစ္သည္။ ဓာတ္ပုံ. ၿဗိတိသွ်ေတာ္ဝင္ေလတပ္၏ Sopwith F-1 Camel ေလယာဥ္ပ်ံ Unicode. လေတပ် စတင်အသုံးပြုခြင်း ပထမကမ္ဘာစစ်ကြီးမှစ၍ လေယာဉ်ပျံများကို စစ်ဆင်မှုအတွက် အသုံးပြုလာခဲ့လေသည်။ ပထမတွင်လေယာဉ်ပျံများကို ရန်သူအခြေအနေကို အကဲခတ် ဓာတ်ပုံရိုက်ယူရန် ကင်းထောက်ရန်သာ အသုံးပြုခဲ့ကြသည်။ ထိုစဉ်က လေယာဉ်ပျံများမှာလည်း သေးငယ်သည့်အပြင် တစ်နာရီမိုင် ကိုးဆယ်မျှလောက်သာ ပျံသန်းနိုင်သေးသည်။ စစ်ဖြစ်စက အင်္ဂလိပ်တို့တွင် လေယာဉ်ပျံ အနည်းငယ်မျှသာ ရှိ၍ ပြင်သစ်တွင်မူ အများဆုံး ရှိလေသည်။ ဂျာမနီ၊ အင်္ဂလိပ်တို့တွင် ရှိသော လေယာဉ်ပျံ အရေအတွက်စုစုပေါင်းမှာ ၅၀၀ ခန့်မျှသာ ဖြစ်ရာ ပြင်သစ်တို့တွင် ၂၅၀ ခန့်ရှိခဲ့သည်။ စစ်ဖြစ်ပြီးနောက်တွင် ထိုနိုင်ငံများသည် လေယာဉ်ပျံများကို တိုးတက်ဆောက်လုပ်လာကြ၍ လေယာဉ်ပျံများ အသွားနှုန်းတိုးတက်အောင်နှင့် အလေးချိန် ပိုမိုသယ်ဆောင်နိုင်အောင် ပြုပြင် လုပ်ကိုင်ခဲ့ကြသည်။ ထို့ကြောင့် နောင်တစ်နှစ်ခန့် အကြာတွင် တစ်နာရီလျှင် ၁၇၅ မိုင်နှုန်းခန့် ပျံသန်းနိုင်သော လေယာဉ်ပျံများ တည်ဆောက်လာနိုင်ကြ၍ စက်သေနတ်နှင့် ဗုံးအလေးချိန် တစ်တန်ခန့်ကို သယ်ယူနိုင်ခဲ့သည်။ ထို့ကြောင့် လေယာဉ်ပျံများကို ဗုံးကြဲတိုက်ခိုက်ရန်နှင့် စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရန်အတွက် အသုံးပြုလာသဖြင့် လွန်စွာ အရေးပါလာလေသည်။ သို့ဖြစ်လေရာ လေတပ်သား တစ်ယောက်နှင့် ကြည်းတပ်သား တစ်ထောင် ညီမျှသည်ဟုပင် ဆိုလာလေသည်။ မကြာမီ လေကြောင်းတိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာခဲ့၍ တစ်ဖက်နှင့် တစ်ဖက် လေကြောင်း၌ ကြီးစိုးနိုင်ရန် ကြိုးစားခဲ့ကြလေသည်။ ၁၉၁၇ ခုနှစ် မကုန်မီ မဟာမိတ်တို့သည် အနောက်ဘက် စစ်မျက်နှာ၌ လေကြောင်းတွင် အရေးသာနေခဲ့၏။ ယင်းသို့ လေကြောင်းတွင် သူနိုင်ငါနိုင်ကြိုးစားကြသော်လည်း စင်စစ်မှာ အရှုံးအနိုင်တိုက်ခိုက်ရာ၌ လေကြောင်းတိုက်ပွဲများမှာ ပထမ ကမ္ဘာစစ်ကြီးအတွင်းက အရာမရောက်လှချေ။ ဂျာမနီသည် အင်္ဂလိန်ကို လေကြောင်းမှ တိုက်ခိုက်ရာ၌ ဇက်ပလင်ခေါ် ဗူးသီးပုံသဏ္ဌာန် လေသင်္ဘောများဖြင့် တိုက်ခိုက်ခဲ့ကြသည်။ လေသင်္ဘောများ ထိုဇက်ပလင်လေသင်္ဘောများသည် ခရီးရှည် သွားလာနိုင်သော လေယာဉ်မျိုးဖြစ်သဖြင့် အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက် ဗုံးကြဲတိုက်ခိုက်ရန်အတွက် အလွန်အသုံးဝင်လေသည်။ ၁၉၁၅ ခုနှစ်မှ ၁၉၁၈ ခု မေလတိုင်အောင် အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံတို့မှ ဂျာမန်ဇက်ပလင်များ၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို မကြာခဏ ခံခဲ့ကြရသည်။ အင်္ဂလိပ်နှင့် ပြင်သစ်တို့ကလည်း လေယာဉ်ပျံတပ်စုများကို အသုံးပြုကြ၍ လည်းကောင်း၊ အားကောင်းလှသော မီးမောင်းများထိုးကာ လေယာဉ်ပျံပစ်အမြောက်များဖြင့်လည်းကောင်းတွန်းလှန် ခုခံကြသည်။ ဂျာမန်တို့ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဆုံးရှုံးနစ်နာမှုများ၏ အရပ်ရပ်တန်ဖိုးမှာ ဒေါ်လာ ၁၀ သန်းခန့် ဖြစ်သည်။ သို့သော် ပြင်သစ်နိုင်ငံတွင် တစ်နေ့တည်း၌ ဇက်ပလင်ကြီး ငါးစင်းပျက်ကျ၍ တစ်စင်းအဖမ်းခံရပြီးနောက်တွင် ဂျာမန်တို့၏ လေကြောင်းတိုက်ခိုက်ခြင်းများ ရပ်စဲသွားလေတော့သည်။ ဂျာမန်ပိုင်နယ်မြေသစ်များ စစ်ကြီးမဖြစ်မီက ဂျာမနီပိုင် နယ်မြေသစ်များရှိလေသည်။ ထိုနယ်သစ်များ ရရှိရေးကြောင့် ဂျာမနီနှင့် ဂရိဗြိတိန်တို့ အင်အားပြိုင်လာခဲ့ရာ၊ ယင်းမှာ စစ်ဖြစ်ရခြင်း၏ အကြောင်းအရင်းတစ်ရပ်ဖြစ်ခဲ့သည်။ စစ်ဖြစ်စတွင် အင်အားတောင့်တင်းသော ဗြိတိသျှရေတပ်သည် ဂျာမနီနိုင်ငံပိုင် ပင်လယ်ရပ်ခြားနယ်မြေသစ်များကို သိမ်းပိုက်လေသည်။ ကမ္ဘာအရှေ့ပိုင်းရှိ ဂျာမန်နယ်မြေသစ်များဖြစ်သော နယူးဂင်နီနှင့် ဆမိုးဝါးကျွန်းများကို နယူးဇီလန်တပ်များက သိမ်းပိုက်လေသည်။ ဂျပန်က တရုတ်နိုင်ငံရှိ ဂျာမန်ခံတပ် ဆင်းတောကို သိမ်းပိုက်လိုက်၏/ အာဖရိကတိုက်ရှိ တိုဂိုလန်ကိုလည်း မဟာမိတ်များက သိမ်းပိုက်ခဲ့၏။ ၁၉၅ ခုနှစ် အင်္ဂလိပ်နှင့် ပြင်သစ်တပ်များသည် ကမ္မရွန်း နယ်ကို သိမ်းပိုက်ခဲ့၍၊ ဂျာမန်အနောက်တောင် အာဖရိက နယ်မှာလည်း မဟာမိတ်တို့လက်ထဲသို့ ကျရောက်ခဲ့လေသည်။ ယင်းသို့ဖြင့် ဂျာမန်နယ်မြေသစ်များ အားလုံးလိုလိုပင် မဟာမိတ်တို့ လက်တွင်းသို့ ကျရောက်ခဲ့၏။ ၁၉၁၈ ခုနှစ်တိုင်အောင် မဟာမိတ်တို့ကို တွန်းလှန်နိုင်ခဲ့သော ဂျာမန်နယ်သစ်များမှာ ဂျာမန် အရှေ့ဘက် အာဖရိကနယ်ပင် ဖြစ်သည်။ ဗြိတိသျှတော်ဝင်လေတပ်၏ Sopwith F-1 Camel လေယာဉ်ပျံ

View more on Facebook

This site was designed with Websites.co.in - Website Builder

IMPORTANT NOTICE
DISCLAIMER

This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support