X

By
Wed, 16-Oct-2019, 12:48

အယုဒ္ဒယမြို့တော်ကို အနိုင်သိမ်းနိုင်ခြင်း Unicode. ဘုရင့်...

အယုဒ္ဒယမြို့တော်ကို အနိုင်သိမ်းနိုင်ခြင်း Unicode. ဘုရင့်နောင်သည် လင်းဇင်းမင်းကို လမ်းခုလတ်မှ တိုက်နိုင်ခဲ့ပြီး ယိုးဒယားမြို့တော်သို့ မလာနိုင်အောင် တားနိုင်ခဲ့လေ၏။ ထိုနောက် အမိန့်တော်အသစ်ထုတ်ကာ စစ်ကဲမှူး အများအပြားခန့်ြ့ပီး ယိုးဒယား မြို့ရင်းသို့ မချဉ်းကပ်သူမှန်သမျှကို ဓားဖြင့် ခုတ်သတ်စေလေ၏။ ထို အခြင်းအရာကို ဘုရင့်နောင်၏ ငယ်ပေါင်းဖော်ဖြစ်သည့် ဘယကာမဏိ မြင်လျှင် မိမိတို့ တပ်သားသည် တခါတရံ ပင်ပန်း ခြင်းသို့ ရောက်ကာ အနားယူလိုသည် ၊ ထိုအနားယူသည်ကို လူရမ်းကားကဲ့သို့ မပြုကျင့်သင့်ဟု မြင်ပြီး စစ်ကဲများကို မလုပ်ရန် တားလေ၏။ စစ်ကဲတို့လည်း ဘုရင့်အမိန့်တော်ဖြစ်သည် ဟု မချေမငံ့ ပြန်ဆိုသဖြင့် ဘယကာမဏိမှ ဒေါသထွက်ကာ ဓားထုတ်ပြီး ထိုစစ်ကဲများကို လိုက်ခုတ်လေ၏။ စစ်ကဲတို့လည်း ဘယကာမဏိပြုမူပုံကို ဘုရင့်နောင်ထံ လျှောက်ထားကြလေ၏။ ဘုရင့်နောင်လည်း အမျက်တော်ထွက်ပြီး ဘုရင့်အမိန့်တော်ကို ဖီဆန်သူ၊ စစ်စည်းကမ်းကို ဖျက်သူမှန်သမျှ ကွပ်မျက်မည်ဟု အမိန့်တော်ချကာ ငယ်ပေါင်းဖော်ဖြစ်သော ဘယကာမဏိကို သေမိန့်ပေးလေ၏။ ထိုအခါ အမတ် သတိုးဓမ္မရာဇာမှ ဘုရင့်နောင်အား ဘယကာမဏိ ၏ စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့သော အမူတော်များကို ထောက်၍ သေမိန့်လွတ်ပေးရန် လျှောက်တင်သောအခါ ဘုရင့်နောင်မှ ဘယကာမဏိအသက်ကို နှမြောလျှင် သင့်သူ့အစား အသက်ခံလော ဟု ပြတ်ပြတ်မိန့်ကာ အတွင်းတော်သို့ ၀င်လေသည်။ အမတ်တို့လည်း ဘုရင့်နောင်အမျက်ကြီးမှန်းသိသောကြောင့် မည်သို့မျှ မလျှောက်နိုင်ဘဲ မျက်နှာကိုသာ အောက်ချပြီး နေကြကုန်လေ၏။ လက်မရွံသားတို့လည်း ဘုရင့်အမိန့်အတိုင်း ဘယကာမဏိကို ခေါင်းဖြတ်သတ်လေသည်။ ထိုအခါ ဘယကာမဏိ၏သားမှ ဖခင်၏ အလောင်းဘေး တွင်ငိုလေ၏။ ထိုအကြောင်းဘုရင့်နောင်ကြားလျှင် သားကိုလည်း သတ်စေလေသည်။ ထိုအခါ ဘယကာမဏိ၏ ကျွန် အယောက် ၁၀ မှ သခင်အလောင်းအား မြေမြုပ်ရန် တောင်းဆိုရာ သေဒဏ် ထမ်မံပေးခြင်းခံရလေသည်။ ( ဘုရင့်နောင်သည် ယိုးဒယားကို အောင်နိုင်ပြီး ဟံသာ၀တီသို့ ပြန်သောအခါ မိမိ၏ ငယ်ပေါင်းဖြစ်သော ဘယကာမဏိ ရုပ်တု ထုစေပြီး ရွှေသွင်းကာ မဟာစေတီတွင် ဌာပနာလျက် ရွှေပေစာဖြင့် မော်ကွန်းတင်ထားလေ၏။ ) ဘုရင့်နောင်၏ အမိန့်ဖြင့် စစ်သားများစွာ အယုဒ္ဒယမြို့ရိုးကို အလုံးအရင်းတက်သော်လည်း ယိုးဒယားဘက် မှ အပြင်းအထန် ခုခံသဖြင့် တပ်သားများ မြို့ရိုးကို မကျော်နိုင်ဘဲ စစ်သည် တစ်သောင်းကျော် ကျဆုံးလေ ၏။ မြို့ရိုးအပြင်ဘက်တွင်လည်း တပ်သားများ၏ အလောင်းကောင်များမှ မြို့ရိုးသမျှကြီးလေသည်။ ထိုအခါ ဘုရင့်နောင်မှ စစ်ပွဲအတွင်း ဖမ်းမိထားသော ယိုးဒယားအမတ်တစ်ဦးရှိ၏။ ထိုအမတ်ကို အမူတော် ထမ်းအောင် လုပ်နိုင်လျှင် ယိုးဒယားမြို့တော်ကို အနိုင်ရမည် ဟု သုံးသပ်ပြီး အမတ်ကို စည်းရုံးသိမ်းသွင်း ရန် ဗညားဒလအမတ်ကို တာ၀န်ပေးလေသည်။ ဗညားဒလလည်း ဖမ်းထားသော အမတ်ကို အကျဉ်းမှ လွှတ်ပြီး ကောင်းကောင်းမွန်မွန်ဖြင့် ၁ ပတ်ခန့် ထားလေ၏။ ၁ ပတ်အတွင်း ညနေတိုင်းလာကာ ထိုအမတ်ကို သွယ်၀ှိက်နည်းဖြင့် စည်းရုံးသိမ်းသွင်း လေသည်။ အမျိုးမျိုး စည်းရုံးသိမ်းသွင်းလေရာ ယိုးဒယားအမတ်လည်း ဘုရင့်နောင်အမူတော်ကို ထမ်းမည်ဟု သစ္စာစကားဆိုလေသည်။ ဗညားဒလလည်း ထိုအကြောင်းကို ဘုရင့်နောင်အား လျှောက် လေ၏။ ဘုရင့်နောင်လည်း သဘောကျလျက် ယိုးဒယားအမတ်အား ရှေ့တော်သို့ ၀င်စေပြီး အမူတော် ကို အောင်မြင်စွာ ထမ်းနိုင်လျှင် ပိဿလောက်မြို့ကို အပိုင်ပေးကာ သူကောင်းပြု မည်ဟု မိန့်လေသည်။ ယိုးဒယားအမတ်လည်း ဗညားဒလအစိအစဉ်အတိုင်း လှေတစ်စီးဖြင့် ထွက်ပြေးဟန်ပြုကာ အယုဒ္ဒယမြို့ သို့ ၀င်လေသည်။ ယိုးဒယားဘုရင်လည်း အမတ်ပြန်ရောက်ကြောင်း သတင်းကို ကြားလျှင် အလွန်၀မ်းမြောက်ပြီး အမတ်ကို နန်းတွင်း သို့ ခေါ်ကာ ဘုရင့်နောင်၏ သတင်းကို မေးမြန်းလေသည်။ ယိုးဒယားအမတ်လည်း လုပ်ကြံပြီး ပြောဆို လျှောက်တင်လေရာ ဘုရင်မှ သဘောတော်ကျပြီး အယုဒ္ဒယမြို့ ၀န်တော်ချုပ် ခန့်လေ၏။ အမတ်လည်း ဗညားဒလအကြံအတိုင်း မိမိလူယုံများကို မြို့တံခါး စောင့်စေလေ၏။ ညဥ့်အချိန်ရောက်သော် အမတ်၏လူယုံများသည် မြို့တံခါးကို ဖွင့်ပေးလေ၏။ သို့သော် မြို့တွင်းရှိရဲမက်များ တွေ့သဖြင့် တံခါးကို အလျင်အမြန်ပိတ်ရန် ကြိုးစားသော်လည်း ဘုရင့်နောင်ဘက်မှ အချိန်ကိုက် ဆင်မြင်းများဖြင့် တိုးဖောက် သဖြင့် မြို့တံခါးပွင့်ကာ အယုဒ္ဒယမြို့တော်သည် အေဒီ ၁၅၆၉ ဇူလိုင် ၃၁ တွင် ဘုရင့်နောင်လက်အောက် သို့ ကျရောက်ရလေသည်။ Zawgyi. အယုဒၵယျမိဳ႔ေတာ္ကို အႏုိင္သိမ္းႏုိင္ျခင္း ဘုရင့္ေနာင္သည္ လင္းဇင္းမင္းကို လမ္းခုလတ္မွ တုိက္ႏုိင္ခဲ့ျပီး ယုိးဒယားျမိဳ႔ေတာ္သုိ႔ မလာႏုိင္ေအာင္ တားႏုိင္ခဲ့ေလ၏။ ထုိေနာက္ အမိန္႔ေတာ္အသစ္ထုတ္ကာ စစ္ကဲမွဴး အမ်ားအျပားခန္႔ျ႔ပီး ယုိးဒယား ျမိဳ႔ရင္းသုိ႔ မခ်ဥ္းကပ္သူမွန္သမွ်ကုိ ဓားျဖင့္ ခုတ္သတ္ေစေလ၏။ ထုိ အျခင္းအရာကို ဘုရင့္ေနာင္၏ ငယ္ေပါင္းေဖာ္ျဖစ္သည့္ ဘယကာမဏိ ျမင္လွ်င္ မိမိတုိ႔ တပ္သားသည္ တခါတရံ ပင္ပန္း ျခင္းသုိ႔ ေရာက္ကာ အနားယူလုိသည္ ၊ ထုိအနားယူသည္ကို လူရမ္းကားကဲ့သုိ႔ မျပဳက်င့္သင့္ဟု ျမင္ျပီး စစ္ကဲမ်ားကို မလုပ္ရန္ တားေလ၏။ စစ္ကဲတုိ႔လည္း ဘုရင့္အမိန္႔ေတာ္ျဖစ္သည္ ဟု မေခ်မငံ့ ျပန္ဆုိသျဖင့္ ဘယကာမဏိမွ ေဒါသထြက္ကာ ဓားထုတ္ျပီး ထုိစစ္ကဲမ်ားကို လုိက္ခုတ္ေလ၏။ စစ္ကဲတုိ႔လည္း ဘယကာမဏိျပဳမူပံုကို ဘုရင့္ေနာင္ထံ ေလွ်ာက္ထားၾကေလ၏။ ဘုရင့္ေနာင္လည္း အမ်က္ေတာ္ထြက္ျပီး ဘုရင့္အမိန္႔ေတာ္ကို ဖီဆန္သူ၊ စစ္စည္းကမ္းကို ဖ်က္သူမွန္သမွ် ကြပ္မ်က္မည္ဟု အမိန္႔ေတာ္ခ်ကာ ငယ္ေပါင္းေဖာ္ျဖစ္ေသာ ဘယကာမဏိကို ေသမိန္႔ေပးေလ၏။ ထုိအခါ အမတ္ သတုိးဓမၼရာဇာမွ ဘုရင့္ေနာင္အား ဘယကာမဏိ ၏ စြမ္းစြမ္းတမံလုပ္ေဆာင္ခဲ့ေသာ အမူေတာ္မ်ားကို ေထာက္၍ ေသမိန္႔လြတ္ေပးရန္ ေလွ်ာက္တင္ေသာအခါ ဘုရင့္ေနာင္မွ ဘယကာမဏိအသက္ကို ႏွေျမာလွ်င္ သင့္သူ႔အစား အသက္ခံေလာ ဟု ျပတ္ျပတ္မိန္႔ကာ အတြင္းေတာ္သုိ႔ ၀င္ေလသည္။ အမတ္တုိ႔လည္း ဘုရင့္ေနာင္အမ်က္ၾကီးမွန္းသိေသာေၾကာင့္ မည္သုိ႔မွ် မေလွ်ာက္ႏုိင္ဘဲ မ်က္ႏွာကိုသာ ေအာက္ခ်ျပီး ေနၾကကုန္ေလ၏။ လက္မရြံသားတုိ႔လည္း ဘုရင့္အမိန္႔အတုိင္း ဘယကာမဏိကို ေခါင္းျဖတ္သတ္ေလသည္။ ထုိအခါ ဘယကာမဏိ၏သားမွ ဖခင္၏ အေလာင္းေဘး တြင္ငုိေလ၏။ ထုိအေၾကာင္းဘုရင့္ေနာင္ၾကားလွ်င္ သားကိုလည္း သတ္ေစေလသည္။ ထုိအခါ ဘယကာမဏိ၏ ကၽြန္ အေယာက္ ၁၀ မွ သခင္အေလာင္းအား ေျမျမဳပ္ရန္ ေတာင္းဆုိရာ ေသဒဏ္ ထမ္မံေပးျခင္းခံရေလသည္။ ( ဘုရင့္ေနာင္သည္ ယုိးဒယားကို ေအာင္ႏုိင္ျပီး ဟံသာ၀တီသုိ႔ ျပန္ေသာအခါ မိမိ၏ ငယ္ေပါင္းျဖစ္ေသာ ဘယကာမဏိ ရုပ္တု ထုေစျပီး ေရႊသြင္းကာ မဟာေစတီတြင္ ဌာပနာလ်က္ ေရႊေပစာျဖင့္ ေမာ္ကြန္းတင္ထားေလ၏။ ) ဘုရင့္ေနာင္၏ အမိန္႔ျဖင့္ စစ္သားမ်ားစြာ အယုဒၵယျမိဳ႔ရုိးကုိ အလံုးအရင္းတက္ေသာ္လည္း ယုိးဒယားဘက္ မွ အျပင္းအထန္ ခုခံသျဖင့္ တပ္သားမ်ား ျမိဳ႔ရုိးကို မေက်ာ္ႏုိင္ဘဲ စစ္သည္ တစ္ေသာင္းေက်ာ္ က်ဆံုးေလ ၏။ ျမိဳ႔ရုိးအျပင္ဘက္တြင္လည္း တပ္သားမ်ား၏ အေလာင္းေကာင္မ်ားမွ ျမိဳ႔ရုိးသမွ်ၾကီးေလသည္။ ထုိအခါ ဘုရင့္ေနာင္မွ စစ္ပြဲအတြင္း ဖမ္းမိထားေသာ ယုိးဒယားအမတ္တစ္ဦးရွိ၏။ ထုိအမတ္ကို အမူေတာ္ ထမ္းေအာင္ လုပ္ႏုိင္လွ်င္ ယုိးဒယားျမိဳ႔ေတာ္ကို အႏုိင္ရမည္ ဟု သံုးသပ္ျပီး အမတ္ကို စည္းရုံးသိမ္းသြင္း ရန္ ဗညားဒလအမတ္ကို တာ၀န္ေပးေလသည္။ ဗညားဒလလည္း ဖမ္းထားေသာ အမတ္ကို အက်ဥ္းမွ လႊတ္ျပီး ေကာင္းေကာင္းမြန္မြန္ျဖင့္ ၁ ပတ္ခန္႔ ထားေလ၏။ ၁ ပတ္အတြင္း ညေနတုိင္းလာကာ ထုိအမတ္ကို သြယ္၀ွိက္နည္းျဖင့္ စည္းရုံးသိမ္းသြင္း ေလသည္။ အမ်ိဳးမ်ိဳး စည္းရုံးသိမ္းသြင္းေလရာ ယုိးဒယားအမတ္လည္း ဘုရင့္ေနာင္အမူေတာ္ကို ထမ္းမည္ဟု သစၥာစကားဆုိေလသည္။ ဗညားဒလလည္း ထုိအေၾကာင္းကို ဘုရင့္ေနာင္အား ေလွ်ာက္ ေလ၏။ ဘုရင့္ေနာင္လည္း သေဘာက်လ်က္ ယုိးဒယားအမတ္အား ေရွ႔ေတာ္သုိ႔ ၀င္ေစျပီး အမူေတာ္ ကို ေအာင္ျမင္စြာ ထမ္းႏုိင္လွ်င္ ပိႆေလာက္ျမိဳ႔ကို အပုိင္ေပးကာ သူေကာင္းျပဳ မည္ဟု မိန္႔ေလသည္။ ယုိးဒယားအမတ္လည္း ဗညားဒလအစိအစဥ္အတုိင္း ေလွတစ္စီးျဖင့္ ထြက္ေျပးဟန္ျပဳကာ အယုဒၵယျမိဳ႔ သုိ႔ ၀င္ေလသည္။ ယုိးဒယားဘုရင္လည္း အမတ္ျပန္ေရာက္ေၾကာင္း သတင္းကို ၾကားလွ်င္ အလြန္၀မ္းေျမာက္ျပီး အမတ္ကို နန္းတြင္း သုိ႔ ေခၚကာ ဘုရင့္ေနာင္၏ သတင္းကို ေမးျမန္းေလသည္။ ယုိးဒယားအမတ္လည္း လုပ္ၾကံျပီး ေျပာဆုိ ေလွ်ာက္တင္ေလရာ ဘုရင္မွ သေဘာေတာ္က်ျပီး အယုဒၵယျမိဳ႔ ၀န္ေတာ္ခ်ဳပ္ ခန္႔ေလ၏။ အမတ္လည္း ဗညားဒလအၾကံအတုိင္း မိမိလူယံုမ်ားကုိ ျမိဳ႔တံခါး ေစာင့္ေစေလ၏။ ညဥ့္အခ်ိန္ေရာက္ေသာ္ အမတ္၏လူယံုမ်ားသည္ ျမိဳ႔တံခါးကုိ ဖြင့္ေပးေလ၏။ သုိ႔ေသာ္ ျမိဳ႔တြင္းရွိရဲမက္မ်ား ေတြ႔သျဖင့္ တံခါးကို အလ်င္အျမန္ပိတ္ရန္ ၾကိဳးစားေသာ္လည္း ဘုရင့္ေနာင္ဘက္မွ အခ်ိန္ကုိက္ ဆင္ျမင္းမ်ားျဖင့္ တုိးေဖာက္ သျဖင့္ ျမိဳ႔တံခါးပြင့္ကာ အယုဒၵယျမိဳ႔ေတာ္သည္ ေအဒီ ၁၅၆၉ ဇူလုိင္ ၃၁ တြင္ ဘုရင့္ေနာင္လက္ေအာက္ သုိ႔ က်ေရာက္ရေလသည္။

View more on Facebook

This site was designed with Websites.co.in - Website Builder

IMPORTANT NOTICE
DISCLAIMER

This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support