လင်းဇင်းစား နှင့် တိုက်ပွဲ
Unicode.
လင်းဇင်းမင်း ကိုတိုက်ရန် မှူးမတ်များမှ ပရိယာရ်အကြံပေးကြလေသည်၊ ထိုအကြံများထဲတွင် အမတ်မင်း ဗညားဒလ ၏ အကြံကို ဘုရင့်နောင်မှ အလွန်သဘောကျလေ၏။ အကြံမှာ ယိုးဒယားမင်းဘက်မှ ဘုရင့်နောင်ထံ ဓားစာခံအဖြစ် ဆက်သ ထားသော ယိုးဒယားအမတ် ကို လင်းဇင်းမင်းထံ စာဖြင့် လွှတ်စေမည်၊ ထိုစာကို ယိုးဒယားဘုရင်မှ ပို့ဟန် ပြုမည်၊ ထိုအခါ လင်းဇင်းမင်းမှ ယုံပြီး ရှေ့သို့ ရဲရဲဝံဝံ ချီတက်လာမည်၊ ထိုအခါ ခံတပ်မဆောက်ရဘဲ မြေပြင်တိုက်ပွဲတွင် ဘုရင့်တပ်နှင့် တွေ့ကာ ဘုရင့်နောင်မှ နိုင်အောင် တိုက်နိုင်မည် စသဖြင့် ဗညားဒလမှ လျှောက်လေ၏။
ဘုရင့်နောင်လည်း ထိုအကြံကို သဘောကျလေ၏။ဘုရင့်နောင်မှ ဗညားဒလအား ယိုးဒယားအမတ်ကို စည်းရုံးသိမ်းသွင်းရန် အမိန့်ပေးလေသည်။ ယိုးဒယားမင်းဘက်မှ ဓားစာခံအဖြစ် ဆက်ခံရသော အမတ်လည်း ယိုးဒယားမင်းကို စိတ်နာကြည်းထားသဖြင့် ဗညားဒလ စည်းရုံးသိမ်းသွင်းသောအခါ အမူတော်ကို ထမ်းမည်ဟု သစ္စာခံလေသည်။ ဗညားဒလ၏ အကြံအတိုင်း ယိုးဒယားအမတ်သည် လင်းဇင်းမင်းထံ သွားလေ၏။
စာထဲတွင် လင်းဇင်းမင်းအား ယိုးဒယားမြို့တော်ကို အမြန်ချီလာပါ၊ ရောက်လျှင် အပြင်မှ တိုက်ပါ၊ ယိုးဒယားမင်းမှ မြို့တံခါးဖွင့်ကာ ခွျှန်းဖွင့်ကာ တိုက်မည်၊ ထိုအခါ ဘုရင့်နောင်တပ်များ ခံနိုင်မည်မဟုတ်ဟု ယိုးဒယားမင်းက စာစေသည် အဟန်ဖြင့် သွားလေ၏။ လင်းဇင်းမင်းလည်း ထိုစာထက် လာပို့သူမှာ ယိုးဒယားနန်းတွင်းရှိ ရာထူးကြီးအမတ်တဦးဖြစ်သဖြင့် ပိုမိုယုံကြည်ကာ အပြင်းချီတက်လေ၏။
ဘုရင့်နောင်လည်း လင်းဇင်းမင်းတိုက်ရန် အိမ်ရှေ့မင်းသားဦးဆောင်သော တပ်စု၊ မိုးကောင်းစော်ဘွား တပ်၊ ညောင်ရွှေစော်ဘွားတပ်၊ အင်း၀မြို့စားတပ်၊ ညီတော် တောင်ငူမြို့စားတပ်၊ တို့ကို လင်းဇင်းမင်း ကို တိုက်ရန် အပြင်းချီစေလေ၏။ ဘုရင့်နောင်မှာမူ စစ်သည် ငါးသောင်းဖြင့် နောက်တပ်မ ပြုကာ နောက်မှ
ဖြည်းဖြည်းချင်း ချီတက်လေ၏။ အေဒီ ၁၅၆၉ ဧပြီ ၂၃ တွင် ယိုးဒယားမြို့တော်မှ ခွာကာ လင်းဇင်းကို တိုက်ရန် ချီတက်လေသည်။
အိမ်ရှေ့မင်းသားတပ်၊မိုးကောင်းစော်ဘွားတပ်၊အင်း၀မြို့စားတပ် အစရှိသည့် တာ၀န်ကျသော တပ်စုများ သည် လင်းဇင်းမင်းကို လက်ဦးအလျင်အရရန် စိုင်းပြင်းကာ မိမိတို့လက်အောက်သားများကို လင်းဇင်းမင်း ချီတက်လာသည့် လမ်းကို အပြင်းစုံစမ်းကြလေ၏။ နာလဗို့အရပ်တွင် ချီလာသည်ဟု သတင်းရသည့်နှင့် တပ်စုများသည် အပြင်းချီတက်ကြလေသည်။
ထိုအခါ အပြင်းချီတက်လာသော တပ်စုနှင့် လင်းဇင်းမင်းတပ်ကို တွေ့ကြရာ လင်းဇင်းမင်းတပ်မှ စိန်ပြောင်းကြီးများဖြင့် စတင်ပစ်ခတ်လေ၏။ အင်း၀မြို့စားသည် မိမိတပ်ကို တောဘက်သို့ ကွေ့စေပြီး လင်းဇင်းမင်းတပ်ကို ဘေးမှ ဖောက်၀င်ကာ တိုက်လေ၏။ လင်းဇင်းမင်းလည်း ရုတ်ရုတ်သဲသဲဖြစ်သဖြင့် အပြင်းပြန်ခုခံလေသည်။ အိမ်ရှေ့မင်း နှင့် တခြား မြို့စားမင်း များလည်း ထိုအခြင်းအရာမြင်လျှင် ဆင်ကို ချွန်းဖွင့်ကာ ၀င်တိုက်လေ၏။
ဘေးပတ်ပတ်လည်မှ အပြင်းအထန်တိုက်ခြင်းခံရသဖြင့် လင်းဇင်းမင်းမခံနိုင်တော့ဘဲ မိမိ၏တပ်ကို နောက် ဆုတ်ရန် အမိန့်ပေးလေ၏။ လင်းဇင်းမင်းသည် ယခု တပ်ကို ဆုတ်သော်လည်း ဘုရင့်နောင်တပ်များ အမှီ လိုက်လာနိုင်သည်ကို သိသဖြင့် အမတ်တဦးလွှတ်ကာ ဘုရင့်နောင်ထံ စာဆက်လေ၏။ ထိုစာတွင် ဘုရင့်နောင်အား သစ္စာခံမည့်အကြောင်းကို စာဖြင့်ပေဖြင့် လျှောက်ထားသဖြင့် ဘုရင့်နောင်မှ ယုံကာ မိုးလည်း ချုပ်သည့်နှင့် မိမိ၏ တပ်များကို မလိုက်ရန် အမိန့်ပေးလေသည်။
လင်းဇင်းမင်းလည်း ဘုရင့်နောင်နှင့်တကွ မြို့စားမင်းများ တပ်ချ နေသည်ကို ကြားသည်နှင့် တညဥ့်လုံး လင်းဇင်းမြို့ရောက်အောင် ပြေးလေ၏။ ဘုရင့်နောင်လည်း တပ်တော်ချနေစဉ် သားတော် အိမ်ရှေ့မင်းနှင့် တကွ မြို့စားများကို ခေါ်ကာ လင်းဇင်းမင်းပြေးအောင် မည်သူတိုက်သနည်းဟု မေးလေ၏။ ထိုအခါ အိမ်ရှေ့မင်းမှ မိမိတိုက်သဖြင့် ပြေးသည်၊ တခြား မြို့စားများလည်း မိမိတို့ တပ် တိုက်သောကြောင့် ပြေးသည် ဟု အောင်ပွဲကို လုကြလေ၏။
ဘုရင့်နောင်လည်း အပြင်းရယ်တော်မူပြီး၊ ဖမ်းမိသော လင်းဇင်းအမတ်များကို ခေါ်ကာ မည်သူ တိုက်၍ အသင်တို့ တပ်ပျက်သနည်း ဟု မေးရာ လင်းဇင်းအမတ်များမှ အသားညိုညို၊ နှင့် ဆင်နီ စီးသော သူမှ ကျွန်တော်တို့ တပ်ကို လေးစုကွဲအောင် တိုက်သောကြောင့် ပျက်ရသည်ဟု လျှောက်ထားလေ၏။ ဘုရင့်နောင်လည်း သားတော်အိမ်ရှေ့မင်းနှင့်တကွ မြို့စားများကို စစ်၀တ်တန်ဆာများ ၀တ်စေကာ ဆင်စီး စေလျက် လင်းဇင်းအမတ်များရှေ့သို့ တစ်ဦးချင်း ထွက်စေလေသည်။
တစ်ဦးချင်းထွက်ရာ အင်း၀မြို့စား အလှည့်အရောက်တွင် လင်းဇင်းအမတ်များသည် တဲကြား၊အုံကြား လျှိုးငုံကာ ပြေးကြလေ၏။ ထိုအခါ ဘုရင့်နောင်မှ သဘောအလွန်ကျကာ ရယ်မောလျက် အမောင်အင်း၀ စား ပွဲပေတည်း ဟု ဆိုပြီး မိမိ၏ ရွှေစားတော်ခွက်၊ ရွှေကွမ်းခွက်၊ လက်ကောက်တော်၊လက်စွပ် နှင့် လင်းဇင်းသား၊သူ အယောက်တစ်ရာ ၊ ဆင်တစ်ဆယ်၊မြင်း နှစ်ဆယ် ချီးမြင့်လေ၏။ သားတော် အိမ်ရှေ့မင်း နှင့် တကွ ကျန်ရှိသော မြို့စားများကိုလည်း တန်ရာတန်ရာ ဆုကို ချီးမြင့်လေသည်။
Zawgyi.
လင္းဇင္းစား ႏွင့္ တုိက္ပြဲ
လင္းဇင္းမင္း ကုိတုိက္ရန္ မွဴးမတ္မ်ားမွ ပရိယာရ္အၾကံေပးၾကေလသည္၊ ထုိအၾကံမ်ားထဲတြင္ အမတ္မင္း ဗညားဒလ ၏ အၾကံကို ဘုရင့္ေနာင္မွ အလြန္သေဘာက်ေလ၏။ အၾကံမွာ ယုိးဒယားမင္းဘက္မွ ဘုရင့္ေနာင္ထံ ဓားစာခံအျဖစ္ ဆက္သ ထားေသာ ယုိးဒယားအမတ္ ကုိ လင္းဇင္းမင္းထံ စာျဖင့္ လႊတ္ေစမည္၊ ထုိစာကို ယုိးဒယားဘုရင္မွ ပုိ႔ဟန္ ျပဳမည္၊ ထုိအခါ လင္းဇင္းမင္းမွ ယံုျပီး ေရွ့သုိ႔ ရဲရဲ၀ံ၀ံ ခ်ီတက္လာမည္၊ ထုိအခါ ခံတပ္မေဆာက္ရဘဲ ေျမျပင္တုိက္ပြဲတြင္ ဘုရင့္တပ္ႏွင့္ ေတြ႔ကာ ဘုရင့္ေနာင္မွ ႏုိင္ေအာင္ တုိက္ႏုိင္မည္ စသျဖင့္ ဗညားဒလမွ ေလွ်ာက္ေလ၏။
ဘုရင့္ေနာင္လည္း ထုိအၾကံကို သေဘာက်ေလ၏။ဘုရင့္ေနာင္မွ ဗညားဒလအား ယုိးဒယားအမတ္ကို စည္းရံုးသိမ္းသြင္းရန္ အမိန္႔ေပးေလသည္။ ယုိးဒယားမင္းဘက္မွ ဓားစာခံအျဖစ္ ဆက္ခံရေသာ အမတ္လည္း ယုိးဒယားမင္းကို စိတ္နာၾကည္းထားသျဖင့္ ဗညားဒလ စည္းရုံးသိမ္းသြင္းေသာအခါ အမူေတာ္ကို ထမ္းမည္ဟု သစၥာခံေလသည္။ ဗညားဒလ၏ အၾကံအတုိင္း ယုိးဒယားအမတ္သည္ လင္းဇင္းမင္းထံ သြားေလ၏။
စာထဲတြင္ လင္းဇင္းမင္းအား ယုိးဒယားျမိဳ႔ေတာ္ကို အျမန္ခ်ီလာပါ၊ ေရာက္လွ်င္ အျပင္မွ တုိက္ပါ၊ ယုိးဒယားမင္းမွ ျမိဳ႔တံခါးဖြင့္ကာ ခႊ်န္းဖြင့္ကာ တုိက္မည္၊ ထုိအခါ ဘုရင့္ေနာင္တပ္မ်ား ခံႏုိင္မည္မဟုတ္ဟု ယုိးဒယားမင္းက စာေစသည္ အဟန္ျဖင့္ သြားေလ၏။ လင္းဇင္းမင္းလည္း ထုိစာထက္ လာပုိ႔သူမွာ ယုိးဒယားနန္းတြင္းရွိ ရာထူးၾကီးအမတ္တဦးျဖစ္သျဖင့္ ပုိမိုယံုၾကည္ကာ အျပင္းခ်ီတက္ေလ၏။
ဘုရင့္ေနာင္လည္း လင္းဇင္းမင္းတုိက္ရန္ အိမ္ေရွ့မင္းသားဦးေဆာင္ေသာ တပ္စု၊ မုိးေကာင္းေစာ္ဘြား တပ္၊ ေညာင္ေရႊေစာ္ဘြားတပ္၊ အင္း၀ျမုိ႔စားတပ္၊ ညီေတာ္ ေတာင္ငူျမိဳ႔စားတပ္၊ တုိ႔ကို လင္းဇင္းမင္း ကုိ တုိက္ရန္ အျပင္းခ်ီေစေလ၏။ ဘုရင့္ေနာင္မွာမူ စစ္သည္ ငါးေသာင္းျဖင့္ ေနာက္တပ္မ ျပဳကာ ေနာက္မွ
ျဖည္းျဖည္းခ်င္း ခ်ီတက္ေလ၏။ ေအဒီ ၁၅၆၉ ဧျပီ ၂၃ တြင္ ယုိးဒယားျမိဳ႔ေတာ္မွ ခြာကာ လင္းဇင္းကုိ တုိက္ရန္ ခ်ီတက္ေလသည္။
အိမ္ေရွ့မင္းသားတပ္၊မုိးေကာင္းေစာ္ဘြားတပ္၊အင္း၀ျမိဳ႔စားတပ္ အစရွိသည့္ တာ၀န္က်ေသာ တပ္စုမ်ား သည္ လင္းဇင္းမင္းကို လက္ဦးအလ်င္အရရန္ စုိင္းျပင္းကာ မိမိတုိ႔လက္ေအာက္သားမ်ားကို လင္းဇင္းမင္း ခ်ီတက္လာသည့္ လမ္းကုိ အျပင္းစံုစမ္းၾကေလ၏။ နာလဗုိ႔အရပ္တြင္ ခ်ီလာသည္ဟု သတင္းရသည့္ႏွင့္ တပ္စုမ်ားသည္ အျပင္းခ်ီတက္ၾကေလသည္။
ထုိအခါ အျပင္းခ်ီတက္လာေသာ တပ္စုႏွင့္ လင္းဇင္းမင္းတပ္ကို ေတြ႔ၾကရာ လင္းဇင္းမင္းတပ္မွ စိန္ေျပာင္းၾကီးမ်ားျဖင့္ စတင္ပစ္ခတ္ေလ၏။ အင္း၀ျမိဳ႔စားသည္ မိမိတပ္ကို ေတာဘက္သုိ႔ ေကြ႔ေစျပီး လင္းဇင္းမင္းတပ္ကုိ ေဘးမွ ေဖာက္၀င္ကာ တုိက္ေလ၏။ လင္းဇင္းမင္းလည္း ရုတ္ရုတ္သဲသဲျဖစ္သျဖင့္ အျပင္းျပန္ခုခံေလသည္။ အိမ္ေရွ႔မင္း ႏွင့္ တျခား ျမိဳ႔စားမင္း မ်ားလည္း ထုိအျခင္းအရာျမင္လွ်င္ ဆင္ကို ခၽြန္းဖြင့္ကာ ၀င္တုိက္ေလ၏။
ေဘးပတ္ပတ္လည္မွ အျပင္းအထန္တုိက္ျခင္းခံရသျဖင့္ လင္းဇင္းမင္းမခံႏုိင္ေတာ့ဘဲ မိမိ၏တပ္ကို ေနာက္ ဆုတ္ရန္ အမိန္႔ေပးေလ၏။ လင္းဇင္းမင္းသည္ ယခု တပ္ကို ဆုတ္ေသာ္လည္း ဘုရင့္ေနာင္တပ္မ်ား အမွီ လုိက္လာႏုိင္သည္ကို သိသျဖင့္ အမတ္တဦးလႊတ္ကာ ဘုရင့္ေနာင္ထံ စာဆက္ေလ၏။ ထုိစာတြင္ ဘုရင့္ေနာင္အား သစၥာခံမည့္အေၾကာင္းကို စာျဖင့္ေပျဖင့္ ေလွ်ာက္ထားသျဖင့္ ဘုရင့္ေနာင္မွ ယံုကာ မုိးလည္း ခ်ဳပ္သည့္ႏွင့္ မိမိ၏ တပ္မ်ားကို မလိုက္ရန္ အမိန္႔ေပးေလသည္။
လင္းဇင္းမင္းလည္း ဘုရင့္ေနာင္ႏွင့္တကြ ျမိဳ႔စားမင္းမ်ား တပ္ခ် ေနသည္ကို ၾကားသည္ႏွင့္ တညဥ့္လံုး လင္းဇင္းျမိဳ႔ေရာက္ေအာင္ ေျပးေလ၏။ ဘုရင့္ေနာင္လည္း တပ္ေတာ္ခ်ေနစဥ္ သားေတာ္ အိမ္ေရွ႔မင္းႏွင့္ တကြ ျမိဳ႔စားမ်ားကို ေခၚကာ လင္းဇင္းမင္းေျပးေအာင္ မည္သူတုိက္သနည္းဟု ေမးေလ၏။ ထုိအခါ အိမ္ေရွ႔မင္းမွ မိမိတုိက္သျဖင့္ ေျပးသည္၊ တျခား ျမိဳ႔စားမ်ားလည္း မိမိတုိ႔ တပ္ တုိက္ေသာေၾကာင့္ ေျပးသည္ ဟု ေအာင္ပြဲကို လုၾကေလ၏။
ဘုရင့္ေနာင္လည္း အျပင္းရယ္ေတာ္မူျပီး၊ ဖမ္းမိေသာ လင္းဇင္းအမတ္မ်ားကို ေခၚကာ မည္သူ တုိက္၍ အသင္တုိ႔ တပ္ပ်က္သနည္း ဟု ေမးရာ လင္းဇင္းအမတ္မ်ားမွ အသားညိဳညိဳ၊ ႏွင့္ ဆင္နီ စီးေသာ သူမွ ကၽြန္ေတာ္တုိ႔ တပ္ကို ေလးစုကြဲေအာင္ တုိက္ေသာေၾကာင့္ ပ်က္ရသည္ဟု ေလွ်ာက္ထားေလ၏။ ဘုရင့္ေနာင္လည္း သားေတာ္အိမ္ေရွ႔မင္းႏွင့္တကြ ျမိဳ႔စားမ်ားကို စစ္၀တ္တန္ဆာမ်ား ၀တ္ေစကာ ဆင္စီး ေစလ်က္ လင္းဇင္းအမတ္မ်ားေရွ႔သုိ႔ တစ္ဦးခ်င္း ထြက္ေစေလသည္။
တစ္ဦးခ်င္းထြက္ရာ အင္း၀ျမိဳ႔စား အလွည့္အေရာက္တြင္ လင္းဇင္းအမတ္မ်ားသည္ တဲၾကား၊အံုၾကား လွ်ိဳးငံုကာ ေျပးၾကေလ၏။ ထုိအခါ ဘုရင့္ေနာင္မွ သေဘာအလြန္က်ကာ ရယ္ေမာလ်က္ အေမာင္အင္း၀ စား ပြဲေပတည္း ဟု ဆုိျပီး မိမိ၏ ေရႊစားေတာ္ခြက္၊ ေရႊကြမ္းခြက္၊ လက္ေကာက္ေတာ္၊လက္စြပ္ ႏွင့္ လင္းဇင္းသား၊သူ အေယာက္တစ္ရာ ၊ ဆင္တစ္ဆယ္၊ျမင္း ႏွစ္ဆယ္ ခ်ီးျမင့္ေလ၏။ သားေတာ္ အိမ္ေရွ႔မင္း ႏွင့္ တကြ က်န္ရွိေသာ ျမိဳ႔စားမ်ားကိုလည္း တန္ရာတန္ရာ ဆုကို ခ်ီးျမင့္ေလသည္။
View more on Facebook
This site was designed with Websites.co.in - Website Builder
This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.
We appreciate you contacting us. Our support will get back in touch with you soon!
Have a great day!
Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support