လင်းဇင်းမင်းမှ ပရိယာရ်ဖြင့် စစ်ခွာခြင်း
Unicode.
ဘုရင့်နောင်၏ ဟံသာ၀တီတပ်သည် ယိုးဒယားကို ဒုတိယအကြိမ် အောင်မြင်ပြီး နောက် အေဒီ ၁၅၆၉ စက်တင်ဘာ ၂၉ တွင် ပိဿလောက်မြို့စားကို မင်းမြောက်တန်ဆာငါးပါးဖြင့် ယိုးဒယားဘုရင်အဖြစ် တင်မြှောက်လေ၏။ ပြိုပျက်သွားသော စေတီပုထိုးများကို ပြုပြင်ရန် ရွှေ ၁၃ ပိဿ ကို ယိုးဒယားဘုရင်အသစ် ကို ပေးအပ်လေ၏။ မြို့သိမ်းစဉ်က စည်းကမ်းဖောက်သော တပ်သားများကိုလည်း
ပြစ်ဒဏ်ပေးလေ၏။
ဘုရင့်နောင်သည် အယုဒ္ဒယမြို့ကို အောင်မြင်ပြီးသော်လည်း လင်းဇင်းကို မအောင်သေးသဖြင့် စိတ်မအေးနိုင်သေးဘဲ မိမိ အမတ်များဖြင့် လင်းဇင်းကို အနိုင်တိုက်ရန် အစီအစဉ်များ လုပ်လေသည်။ မိမိ၏ တပ်အင်အားကိုလည်း ပြန်လည်ဖြည့်တင်းပြီး ရိက္ခာအလုံအလောက်ဖြည့်လေ၏။ ယိုးဒယားမြို့သိမ်း ပွဲတွင် ဖျားနာသူ၊ခြေလက်ပြတ်သူ၊ နှင့် ယိုးဒယားမြို့ကို သိမ်းစဉ် ဟံသာ၀တီမှ သယ်လာခဲ့သော အမြှောက်ကြီးများ၊ မြတပူကြီး များကို နေပြည်တော်သို့ ပြန်လည် ပို့စေလေ၏။ ယိုးဒယားဘုရင်အသစ် လည်း မိမိ၏ သမီးတော် ကို အခြွေအရံ ၁၅ ယောက်ဖြင့် ဘုရင့်နောင်အား ဆက်သလေ၏။
ဘုရင့်နောင်လည်း ယိုးဒယားဘုရင် သမီးတော်ကို လက်ခံပြီး ရတနာရွှေဖောင်တော်ဖြင့် ပိဿလောက် မြို့ သို့ ကြွချီလေ၏။ ပိဿလောက်မြို့ရောက်လျှင် လင်းဇင်းကို တိုက်ရန် ပြင်ဆင်လေ၏။ ဘုရင့်နောင်သည် သားတော်ဥပရာဇာကို စစ်အင်အား ၁ သောင်းဖြင့် ၁ တပ်မ၊ ညီတော်ပြည်စားကို ၁ သောင်းဖြင့် ၁ တပ်မ၊ အင်း၀စားကို ၁ သောင်းဖြင့် ၁ တပ်မ၊ တို့ကို ရှေ့တော်ပြေးတပ်တွေအဖြစ် ချီတက်စေလေသည်။
ဘုရင့်နောင်မှာမူ စစ်အင်အား ၅ သောင်းကျော်ဖြင့် တပ်မှူးဗညားကျန်းထော၊ သာယာ၀တီ မင်းရဲကျော်ထင်၊ တောင်ငူစား မင်းခေါင် အစရှိသော ဗိုလ်မှူးများခြံရံပြီး မိုင်းစံ(ယိုးဒယားနယ်အတွင်းရှိမြို့ ) ဘက်သို့ ဦးတည်ကာ ချီတက်လေသည်။မိုင်းစံတဘက်ကမ်းရောက်သော် စုံစမ်းစေရာ လင်းဇင်းမင်းမှ မိုင်းစံမြို့ဘက်တွင် တပ်မကြီးနှင့် ရေတပ်မကြီး ပါ အခိုင်အမာဖြင့် စောင့်နေကြောင်း သတင်းရသဖြင့် မိမိ၏ တပ်မှူးများကို သစ်ပင်များ ခုတ်လှဲစေကာ တိုက်လှေများကို အကြီးအကျယ် ဆောက်လုပ်စေလေသည်။
ဗညားကျန်းထောကို လှေတပ်၀န်ချူပ် ခန့်ပြီး လင်းဇင်းမင်းခံလာသော မိုင်းစံခံတပ်ကို တိုက်စေလေသည်။
လင်းဇင်းမင်း၏ ရေတပ်နှင့် ဗညားကျန်းထော ကွပ်ကဲသော ရေတပ်တို့ အပြင်းအထန်တိုက်ကြလေ၏။ လင်းဇင်းမင်း၏ ရေတပ်မှ အရေးမသာ ဖြစ်ပြီး ဆုတ်ရလေသည်။ ဘုရင့်နောင်လည်း နောက်တော်မှ
ဖောင်ကြီးဖွဲ့ကာ မြစ်ကို ကူးတော်မူလေ၏။ လင်းဇင်းမင်းလည်း ဘုရင့်နောင်သည် ရေခံတပ်ကို ဖောက်ပြီး မိုင်းစံမြို့ဘက်ကို ချီတက်လာသည်ကို မခုခံဝံ့သဖြင့် တောဘက်သို့ ဆုတ်လေသည်။
ဘုရင့်နောင်၏ တပ်များလည်း မိုင်းစံမြို့ကို အလွယ်တကူ သိမ်းနိုင်လေ၏။ရှေ့တော်ပြေးတပ်ဖြစ်သော မဟာဥပရာဇာတို့တပ်ပေါင်းစုလည်း လကွန်းကလောက်မြို့ကို အနိုင်တိုက်နိုင်လေ၏။ လင်းဇင်းမင်းမှာ မူ မိမိတပ်ကို တောဘက်သို့သာ ဆုတ်လေ၏။ ဘုရင့်နောင်လည်း လင်းဇင်းမင်းကို အမိအရ ဖမ်းလို သဖြင့် မိမိကိုယ်တိုင် ဆင်စီးကာ အပြင်းလိုက်လေရာ အစာရေစာ ပျက်လပ်မူ ဖြစ်ပေါ်လေ၏။
ဘုရင့်နောင်လည်း လင်းဇင်းမင်းနောက် အပြင်းမလိုက်နိုင်တော့ဘဲ အစာရေစာ ရအောင်အရင်ဆုံး လုပ်ဆောင်စေလေ၏။ ထိုသို့ ဘုရင့်နောင်၏ အခက်အခဲကို လင်းဇင်းမင်း ကြားသိလှှ ျင် ၀မ်းမြောက်၀မ်းသာ ဖြစ်ပြီး ဘုရင့်နောင်တပ်သားများ နာဖျားကုန်မှ တိုက်မည်ဆိုပြီး ကဖောင် ဟူသော အရပ်တွင် သစ်ခံတပ်မြို ့တည်ဆောက်လျက် က ျုံးမြောင်းဖောက်လုပ်ကာ ဆင်လုံး၊မြင်းလုံးဖြင့် နေလေ၏။
Zawgyi.
လင္းဇင္းမင္းမွ ပရိယာရ္ျဖင့္ စစ္ခြာျခင္း
ဘုရင့္ေနာင္၏ ဟံသာ၀တီတပ္သည္ ယုိးဒယားကို ဒုတိယအၾကိမ္ ေအာင္ျမင္ျပီး ေနာက္ ေအဒီ ၁၅၆၉ စက္တင္ဘာ ၂၉ တြင္ ပိႆေလာက္ျမိဳ႔စားကို မင္းေျမာက္တန္ဆာငါးပါးျဖင့္ ယုိးဒယားဘုရင္အျဖစ္ တင္ေျမွာက္ေလ၏။ ျပိဳပ်က္သြားေသာ ေစတီပုထုိးမ်ားကို ျပဳျပင္ရန္ ေရႊ ၁၃ ပိႆ ကို ယုိးဒယားဘုရင္အသစ္ ကို ေပးအပ္ေလ၏။ ျမိဳ႔သိမ္းစဥ္က စည္းကမ္းေဖာက္ေသာ တပ္သားမ်ားကိုလည္း
ျပစ္ဒဏ္ေပးေလ၏။
ဘုရင့္ေနာင္သည္ အယုဒၵယျမိဳ႔ကို ေအာင္ျမင္ျပီးေသာ္လည္း လင္းဇင္းကို မေအာင္ေသးသျဖင့္ စိတ္မေအးႏုိင္ေသးဘဲ မိမိ အမတ္မ်ားျဖင့္ လင္းဇင္းကို အႏုိင္တုိက္ရန္ အစီအစဥ္မ်ား လုပ္ေလသည္။ မိမိ၏ တပ္အင္အားကိုလည္း ျပန္လည္ျဖည့္တင္းျပီး ရိကၡာအလံုအေလာက္ျဖည့္ေလ၏။ ယုိးဒယားျမိဳ႔သိမ္း ပြဲတြင္ ဖ်ားနာသူ၊ေျခလက္ျပတ္သူ၊ ႏွင့္ ယုိးဒယားျမိဳ႔ကို သိမ္းစဥ္ ဟံသာ၀တီမွ သယ္လာခဲ့ေသာ အေျမွာက္ၾကီးမ်ား၊ ျမတပူၾကီး မ်ားကို ေနျပည္ေတာ္သုိ႔ ျပန္လည္ ပုိ႔ေစေလ၏။ ယုိးဒယားဘုရင္အသစ္ လည္း မိမိ၏ သမီးေတာ္ ကို အေျခြအရံ ၁၅ ေယာက္ျဖင့္ ဘုရင့္ေနာင္အား ဆက္သေလ၏။
ဘုရင့္ေနာင္လည္း ယုိးဒယားဘုရင္ သမီးေတာ္ကို လက္ခံျပီး ရတနာေရႊေဖာင္ေတာ္ျဖင့္ ပိႆေလာက္ ျမိဳ႔ သုိ႔ ၾကြခ်ီေလ၏။ ပိႆေလာက္ျမိဳ႔ေရာက္လွ်င္ လင္းဇင္းကို တုိက္ရန္ ျပင္ဆင္ေလ၏။ ဘုရင့္ေနာင္သည္ သားေတာ္ဥပရာဇာကို စစ္အင္အား ၁ ေသာင္းျဖင့္ ၁ တပ္မ၊ ညီေတာ္ျပည္စားကို ၁ ေသာင္းျဖင့္ ၁ တပ္မ၊ အင္း၀စားကို ၁ ေသာင္းျဖင့္ ၁ တပ္မ၊ တုိ႔ကို ေရွ႔ေတာ္ေျပးတပ္ေတြအျဖစ္ ခ်ီတက္ေစေလသည္။
ဘုရင့္ေနာင္မွာမူ စစ္အင္အား ၅ ေသာင္းေက်ာ္ျဖင့္ တပ္မွဴးဗညားက်န္းေထာ၊ သာယာ၀တီ မင္းရဲေက်ာ္ထင္၊ ေတာင္ငူစား မင္းေခါင္ အစရွိေသာ ဗုိလ္မွဴးမ်ားျခံရံျပီး မုိင္းစံ(ယုိးဒယားနယ္အတြင္းရွိျမိဳ႔ ) ဘက္သုိ႔ ဦးတည္ကာ ခ်ီတက္ေလသည္။မုိင္းစံတဘက္ကမ္းေရာက္ေသာ္ စံုစမ္းေစရာ လင္းဇင္းမင္းမွ မုိင္းစံျမိဳ႔ဘက္တြင္ တပ္မၾကီးႏွင့္ ေရတပ္မၾကီး ပါ အခုိင္အမာျဖင့္ ေစာင့္ေနေၾကာင္း သတင္းရသျဖင့္ မိမိ၏ တပ္မွဴးမ်ားကို သစ္ပင္မ်ား ခုတ္လွဲေစကာ တုိက္ေလွမ်ားကို အၾကီးအက်ယ္ ေဆာက္လုပ္ေစေလသည္။
ဗညားက်န္းေထာကို ေလွတပ္၀န္ခ်ဴပ္ ခန္႔ျပီး လင္းဇင္းမင္းခံလာေသာ မုိင္းစံခံတပ္ကို တုိက္ေစေလသည္။
လင္းဇင္းမင္း၏ ေရတပ္ႏွင့္ ဗညားက်န္းေထာ ကြပ္ကဲေသာ ေရတပ္တုိ႔ အျပင္းအထန္တုိက္ၾကေလ၏။ လင္းဇင္းမင္း၏ ေရတပ္မွ အေရးမသာ ျဖစ္ျပီး ဆုတ္ရေလသည္။ ဘုရင့္ေနာင္လည္း ေနာက္ေတာ္မွ
ေဖာင္ၾကီးဖြဲ႔ကာ ျမစ္ကို ကူးေတာ္မူေလ၏။ လင္းဇင္းမင္းလည္း ဘုရင့္ေနာင္သည္ ေရခံတပ္ကို ေဖာက္ျပီး မုိင္းစံျမိဳ႔ဘက္ကို ခ်ီတက္လာသည္ကို မခုခံ၀ံ့သျဖင့္ ေတာဘက္သုိ႔ ဆုတ္ေလသည္။
ဘုရင့္ေနာင္၏ တပ္မ်ားလည္း မုိင္းစံျမိဳ႔ကို အလြယ္တကူ သိမ္းႏုိင္ေလ၏။ေရွ့ေတာ္ေျပးတပ္ျဖစ္ေသာ မဟာဥပရာဇာတုိ႔တပ္ေပါင္းစုလည္း လကြန္းကေလာက္ျမိဳ႔ကုိ အႏုိင္တုိက္ႏုိင္ေလ၏။ လင္းဇင္းမင္းမွာ မူ မိမိတပ္ကို ေတာဘက္သုိ႔သာ ဆုတ္ေလ၏။ ဘုရင့္ေနာင္လည္း လင္းဇင္းမင္းကို အမိအရ ဖမ္းလုိ သျဖင့္ မိမိကုိယ္တုိင္ ဆင္စီးကာ အျပင္းလုိက္ေလရာ အစာေရစာ ပ်က္လပ္မူ ျဖစ္ေပၚေလ၏။
ဘုရင့္ေနာင္လည္း လင္းဇင္းမင္းေနာက္ အျပင္းမလုိက္ႏုိင္ေတာ့ဘဲ အစာေရစာ ရေအာင္အရင္ဆံုး လုပ္ေဆာင္ေစေလ၏။ ထုိသုိ႔ ဘုရင့္ေနာင္၏ အခက္အခဲကို လင္းဇင္းမင္း ၾကားသိလွွ ်င္ ၀မ္းေျမာက္၀မ္းသာ ျဖစ္ျပီး ဘုရင့္ေနာင္တပ္သားမ်ား နာဖ်ားကုန္မွ တုိက္မည္ဆုိျပီး ကေဖာင္ ဟူေသာ အရပ္တြင္ သစ္ခံတပ္ျမိဳ ႔တည္ေဆာက္လ်က္ က ်ံဳးေျမာင္းေဖာက္လုပ္ကာ ဆင္လံုး၊ျမင္းလံုးျဖင့္ ေနေလ၏။
View more on Facebook
This site was designed with Websites.co.in - Website Builder
This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.
We appreciate you contacting us. Our support will get back in touch with you soon!
Have a great day!
Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support