X

By
Thu, 03-Oct-2019, 20:55

ေရေၾကာင္းတိုက္ပြဲမ်ား Zawgyi. စစ္ပြဲမ်ားတြင္ ၿဗိတိသွ်တို႔...

ေရေၾကာင္းတိုက္ပြဲမ်ား Zawgyi. စစ္ပြဲမ်ားတြင္ ၿဗိတိသွ်တို႔ အားထားရာကား ေရတပ္မေတာ္ျဖစ္ေပသည္။ အားထားသေလာက္လည္း ၿဗိတိသွ်ေရတပ္မွာ အျခားေရတပ္မ်ားကို ႀကီးစိုးလႊမ္းမိုးနိုင္ေသာ အင္အားႏွင့္ ျပည့္စုံခဲ့ေလသည္။ကမၻာစစ္ႀကီး မျဖစ္မီကေလးတြင္ အဂၤလိပ္ ေရတပ္ကို ထပ္မံအင္အား ျဖည့္တင္းထားခဲ့၏။ ထို႔ေၾကာင့္ စစ္ျဖစ္သည္ႏွင့္ တၿပိဳင္နက္ ေရတပ္မေတာ္သည္ တိုက္ပြဲဝင္ရန္ အဆင္သင့္ ျဖစ္ေနခဲ့သည္။ ၿဗိတိသွ်တို႔၏ အင္အားေကာင္းေသာ ေရတပ္ေၾကာင့္ ဂ်ာမန္တို႔ နိုင္ငံျခားႏွင့္ ကုန္မသြယ္နိုင္ေအာင္ ပိတ္ပင္နိုင္ခဲ့သည့္ျပင္ ဂ်ာမန္ေရတပ္ႀကီးကို ေရတပ္စခန္းမ်ားမွ မထြက္နိုင္ေအာင္ ပိတ္ဆို႔ထားနိုင္ခဲ့သည္။ စစ္ျဖစ္စက ဂ်ာမန္ေရတပ္ႀကီးသည္ ကီးတူးေျမာင္းအတြင္း စခန္းမ်ား၌ လုံၿခဳံစြာ ရွိေနခဲ့သည္။ သို႔ေသာ္ ပင္လယ္ျပင္တြင္ ရွိေနေသာ ဂ်ာမန္ ေတာ္ပီဒို သေဘၤာအခ်ိဳ႕ႏွင့္ က႐ုဇာစစ္သေဘၤာ အခ်ိဳ႕သည္ ေျမာက္ပင္လယ္အတြင္း ကူးသန္းသြားလာေရးတြင္ အႏွောင့္အယွက္ ေပးခဲ့ေလသည္။ သို႔ေသာ္ တျဖည္းျဖည္း ထိုသေဘၤာမ်ားကို ဖမ္းဆီးျခင္း၊ ႏွစ္ျမႇုပ္ျခင္း ျပဳလုပ္လာနိုင္ခဲ့ေသာအျခ မဟာမိတ္ႏွင့္ ၾကားေနနိုင္ငံသေဘၤာမ်ားမွာ ဂ်ာမန္ေရငုပ္သေဘၤာမ်ား၏ ရန္ကိုသာ ေၾကာက္႐ြံ႕ရေလေတာ့သည္။ ၿဗိတိသွ် က႐ူဇာစစ္သေဘၤာ သုံးစင္းမွာ ေျမာက္ပင္လယ္တြင္ ဂ်ာမန္ေရငုပ္သေဘၤာမ်ားက တိုက္ခိုက္သျဖင့္ နစ္ျမႇုပ္သြားရေလသည္။ ၁၉၁၄ ခုႏွစ္ နိုဝင္ဘာလ ၁ရက္ေန႕တြင္ ခ်ီလီ ကမ္းေျခ ကိုရိုနဲအငူအနီး၌ ဂ်ာမန္ က႐ူဇာစစ္သေဘၤာ ငါးစင္းပါဝင္ေသာ ေရတပ္စုသည္ ၿဗိတိသွ်ေရတပ္စုကို တိုက္ခိုက္ႏွိမ္ႏွင္းလိုက္ေလသည္။ သို႔ေသာ္ ယင္းဂ်ာမန္ ေရတပ္စုမွာ ဒီဇင္ဘာလ ၈ရက္ေန႕တြင္ ေဖာ့ကလန္းကြၽန္းစုအနီး၌ အျခားၿဗိတိသွ် စစ္သေဘၤာတပ္စု၏ တိုက္ခိုက္ျခင္းခံရသျဖင့္ ဒရက္ဇဒန္အမည္ရွိစစ္သေဘၤာမွတပါး အျခားသေဘၤာမ်ားႏွစ္ျမႇုပ္ျခင္းခံရသည္။ ဒရက္ဇဒန္မွာမူ လြတ္ေျမာက္သြားခဲ့ေလသည္။ အင္ဒမင္အမည္ရွိ ဂ်ာမန္ က႐ူဇာစစ္သေဘၤာ တစ္စင္းသည္လည္း သမုဒၵရာ ပင္လယ္ျပင္တစ္ေလ်ာက္ လွည့္လည္သြားလာကာ ေဒၚလာ တစ္ကုေဋခန႔္ တန္ဖိုးရွိေသာ သေဘၤာမ်ားကို ႏွစ္ျမႇုပ္ ဖ်က္ဆီးခဲ့၏။ သို႔ေသာ္ ေနာက္ဆုံး၌ အိႏၵိယ သမုဒၵရာရွိ ကိုကိုကြၽန္းတြင္ ဩစႀတီးလီးယား စစ္သေဘၤာတစ္စင္း၏ တိုက္ခိုက္ျဖတ္ဆီးျခင္းကို ခံရေလသည္။ ၁၉၁၅ ခုႏွစ္ႏွင့္ ၁၉၁၆ ခုႏွစ္မ်ားတြင္လည္း ဒရက္ဇဒန္၊ ဖရီးဒရက္၊ ကြန္းနစၥဗတ္ စေသာ ဂ်ာမန္သေဘၤာမ်ားသည္ ပင္လယ္ျပင္ အရပ္ရပ္တြင္ မဟာမိတ္တို႔၏ သေဘၤာမ်ားကို ႏွစ္ျမႇုပ္ ဖ်က္ဆီး၍ ကူးသန္းသြားလာေရးကို အႏွေင့္အယွက္ေပးခဲ့ေလသည္။ ပထမကမၻာစစ္အတြင္း အႀကီးက်ယ္ဆုံးေသာ ေရေၾကာင္းတိုက္ပြဲမွာ ၁၉၁၆ ခု ေမလ ၃၁ ရက္ေန႕တြင္ ျဖစ္ပြားေသာ ဂ်တ္တလန္ တိုက္ပြဲျဖစ္ေပသည္။ ထိုတိုက္ပြဲတြင္ ဂ်ာမန္ေရတပ္ေရေၾကာင္းဗိုလ္ခ်ဳပ္ေရွးက ကြပ္ကဲ၍ အဂၤလိပ္ေရတပ္ တိုက္သေဘၤာမ်ားကို ေရေၾကာင္းဗိုလ္ခ်ဳပ္ ဗီးတီးက ဦးစီးအုပ္ခ်ဳပ္ခဲ့ေလသည္။ ႏွစ္ဖက္စလုံးမွ သေဘၤာမ်ားသည္ ဒိန္းမတ္နိုင္ငံကမ္းေျခတြင္ တစ္ေန႕လုံး တိုက္ခိုက္ၾကရာ ညေနဘက္တြင္ ေရေၾကာင္းဗိုလ္ခ်ဳပ္မႉးဂ်ယ္လီကို ဦးစီးေသာ အဂၤလိပ္ေရတပ္စုတစ္စုသည္ အကူေရာက္လာသျဖင့္ ဂ်ာမန္ေရတပ္သည္ ယင္း၏ စခန္းမ်ားသို႔ ေနာက္ျပန္ဆုတ္သြားေလေတာ့သည္။ ထိုတိုက္ပြဲတြင္ ဂ်ာမန္တို႔က အနိုင္ရသည္ဟု ေက်ညာခဲ့သည္။ အဂၤလိပ္တို႔ဘက္မွ အပ်က္အစီး အဆုံးအရႈံးမွာ ဂ်ာမန္တို႔ႏွင့္ ႏွိုင္းယွဥ္ေသာ္ အလြန္ပင္ မ်ားျပားေသာေၾကာင့္ တစ္နည္းအားျဖင့္ ထိုေက်ညာခ်က္မွာ မွန္သည္ဟု ဆိုနိုင္ေပသည္။ သို႔ေသာ္ ထိုေနာက္တြင္ ကိုင္ဇာဘုရင္သည္ ေငြကိုေရလိုသုံးကာ တည္ေဆာက္ခဲ့သည့္ျပင္ သူတို႔ ဂုဏ္ယူခဲ့ေသာ ဂ်ာမန္ေရတပ္ႀကီးမွာ ကီးတူးေျမာင္း စခန္းမ်ားတြင္ ပိတ္မိေတာ့သည္။ ထို႔အျပင္ ဂ်ာမန္တို႔ထက္ အဆုံးအရႈံးမ်ားေသာ္လည္း အဂၤလိပ္ေရတပ္သည္ ပင္လယ္ျပင္တြင္ ႀကီးစိုးၿမဲႀကီးစိုးေနခဲ့ေလသည္။ ဂ်ာမန္တို႔သည္ ေရတပ္ႀကီးကို အသုံးမျပဳနိုင္ေသာေၾကာင့္ ေရငုပ္သေဘၤာမ်ားကို တြင္က်ယ္စြာ အသုံးျပဳခဲ့ကာ အဂၤလိပ္ေရတပ္ကို ႀကီးစြာ ႏွောင့္ယွက္နိုင္ခဲ့သည္။ စစ္ႀကီးျဖစ္စ ပထမသုံးႏွစ္အတြင္းဂ်ာမန္ေရငုပ္သေဘၤာမ်ား၏ ရန္ကို ထိေရာက္စြာ ကာကြယ္ရန္ မႀကံစည္နိုင္ခဲ့သျဖင့္ ဂ်ာမန္တို႔ေရငုပ္သေဘၤာျဖင့္ တိုက္ခိုက္ျခင္းသည္ စစ္အရႈံးအနိုင္ကို ဆုံးျဖတ္ေတာ့မည္ေလာဟုေတြးေတာၾကေလသည္။ ထို႔အျပင္ ဂ်ာမန္တို႔၏ အႀကံမွာ မဟာမိတ္တို႔၏ ကူးသန္းေရာင္းဝယ္ေရးကို ဖ်က္ဆီးေပးျခင္ျဖင့္ ငတ္မြတ္ေခါင္းပါးျခင္းေဘးဆိုက္ေအာင္ ျပဳလုပ္ရန္လည္း ျဖစ္ေလသည္။ ထို႔ေၾကာင့္ ျပင္သစ္ႏွင့္ အဂၤလန္ျပည္ကမ္းရိုးတန္းမ်ားကို ေရေၾကာင္းမွ ပိတ္ဆို႔ထားေၾကာင္း ေက်ညာၿပီးလွ်င္ သေဘၤာမ်ားကို ၾကားေနနိုင္ငံပိုင္းမ်ား ျဖစ္ေစကာမူ၊ သတ္မွတ္ထားေသာ စစ္နယ္နမိတ္အတြင္း၌ ေတြ႕ရွိလွ်င္ ႏွစ္ျမႇုပ္ပစ္မည္ဟု သတိေပးခဲ့၏။ သုံးလအတြင္း ၾကားေနနိုင္ငံမွ သေဘၤာအမ်ိဳးအစား မ်ားမ်ား အပါအဝင္ သေဘၤာတစ္ရာခန႔္ ႏွစ္ျမႇုပ္ျခင္း ခံရေလသသည္။ ၁၉၁၆ ခုႏွစ္ အကုန္ေလာက္တြင္ကား ၿဗိတိသွ်တို႔၏ ကုန္သေဘၤာအပ်က္အစီးမွာ အတန္ပင္မ်ားလ်က္ရွိေလၿပီ။ သို႔ေသာ္လည္း မဟာမိတ္နိုင္ငံမ်ားသို႔ ကုန္မ်ား၊ စားနပ္ရိကၡာမ်ား၊ လက္နက္မ်ား ဆက္လက္ေရာက္ရွိေနခဲ့သည္။ သို႔ျဖစ္၍ ၁၉၁၇ ခုႏွစ္တြင္ ဂ်ာမန္ေရငုပ္သေဘၤာမ်ားသည္ မဟာမိတ္နိုင္ငံမ်ားသို႔ အသြား သေဘၤာမ်ားကိုလည္း ႏွစ္ျမႇုပ္ပစ္ၾကေလသည္။ သို႔ေသာ္ ဂ်ာမန္တို႔၏ ရည္မွန္းခ်က္အတိုင္း မေအာင္ျမင္ခဲ့ေခ်။ ထိုသို႔ ျဖစ္ရျခင္းမွာ ေရငုပ္သေဘၤာမ်ား၏ အႏၱရာယ္ကို ထိထိေရာက္ေရာက္မဟုတ္ေသာ္လည္း အေတာ္အတန္ကာကြယ္နိုင္ေသာ အစီအမံမ်ားကို တျဖည္းျဖည္းျပဳလုပ္လာနိုင္ေသာေၾကာင့္လည္းေကာင္း ဂရိၿဗိတိန္ႏွင့္ အေမရိကန္ ျပည္ေထာင္စုနိုင္ငံတို႔သည္ သေဘၤာမ်ားကို လ်င္ျမန္စြာ တည္ေဆာက္ လာနိုင္ေသာေၾကာင့္လည္းေကာင္း ျဖစ္ေပသည္။ အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စုတြင္ သေဘၤာမ်ားကို ဂ်ာမန္မ်ားဖ်က္ဆီး၍ မရနိုင္ေလာက္ေအာင္ပင္ လ်င္ျမန္စြာ တိုးတက္ေဆာက္လုပ္နိုင္ခဲ့ေလသည္။ ဓာတ္ပုံ. ၿဗိတိသွ်ေရတပ္ သေဘၤာတစ္စင္း Unicode. ရေကြောင်းတိုက်ပွဲများ စစ်ပွဲများတွင် ဗြိတိသျှတို့ အားထားရာကား ရေတပ်မတော်ဖြစ်ပေသည်။ အားထားသလောက်လည်း ဗြိတိသျှရေတပ်မှာ အခြားရေတပ်များကို ကြီးစိုးလွှမ်းမိုးနိုင်သော အင်အားနှင့် ပြည့်စုံခဲ့လေသည်။ကမ္ဘာစစ်ကြီး မဖြစ်မီကလေးတွင် အင်္ဂလိပ် ရေတပ်ကို ထပ်မံအင်အား ဖြည့်တင်းထားခဲ့၏။ ထို့ကြောင့် စစ်ဖြစ်သည်နှင့် တပြိုင်နက် ရေတပ်မတော်သည် တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။ ဗြိတိသျှတို့၏ အင်အားကောင်းသော ရေတပ်ကြောင့် ဂျာမန်တို့ နိုင်ငံခြားနှင့် ကုန်မသွယ်နိုင်အောင် ပိတ်ပင်နိုင်ခဲ့သည့်ပြင် ဂျာမန်ရေတပ်ကြီးကို ရေတပ်စခန်းများမှ မထွက်နိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့သည်။ စစ်ဖြစ်စက ဂျာမန်ရေတပ်ကြီးသည် ကီးတူးမြောင်းအတွင်း စခန်းများ၌ လုံခြုံစွာ ရှိနေခဲ့သည်။ သို့သော် ပင်လယ်ပြင်တွင် ရှိနေသော ဂျာမန် တော်ပီဒို သင်္ဘောအချို့နှင့် ကရုဇာစစ်သင်္ဘော အချို့သည် မြောက်ပင်လယ်အတွင်း ကူးသန်းသွားလာရေးတွင် အနှောင့်အယှက် ပေးခဲ့လေသည်။ သို့သော် တဖြည်းဖြည်း ထိုသင်္ဘောများကို ဖမ်းဆီးခြင်း၊ နှစ်မြှုပ်ခြင်း ပြုလုပ်လာနိုင်ခဲ့သောအခြ မဟာမိတ်နှင့် ကြားနေနိုင်ငံသင်္ဘောများမှာ ဂျာမန်ရေငုပ်သင်္ဘောများ၏ ရန်ကိုသာ ကြောက်ရွံ့ရလေတော့သည်။ ဗြိတိသျှ ကရူဇာစစ်သင်္ဘော သုံးစင်းမှာ မြောက်ပင်လယ်တွင် ဂျာမန်ရေငုပ်သင်္ဘောများက တိုက်ခိုက်သဖြင့် နစ်မြှုပ်သွားရလေသည်။ ၁၉၁၄ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့တွင် ချီလီ ကမ်းခြေ ကိုရိုနဲအငူအနီး၌ ဂျာမန် ကရူဇာစစ်သင်္ဘော ငါးစင်းပါဝင်သော ရေတပ်စုသည် ဗြိတိသျှရေတပ်စုကို တိုက်ခိုက်နှိမ်နှင်းလိုက်လေသည်။ သို့သော် ယင်းဂျာမန် ရေတပ်စုမှာ ဒီဇင်ဘာလ ၈ရက်နေ့တွင် ဖော့ကလန်းကျွန်းစုအနီး၌ အခြားဗြိတိသျှ စစ်သင်္ဘောတပ်စု၏ တိုက်ခိုက်ခြင်းခံရသဖြင့် ဒရက်ဇဒန်အမည်ရှိစစ်သင်္ဘောမှတပါး အခြားသင်္ဘောများနှစ်မြှုပ်ခြင်းခံရသည်။ ဒရက်ဇဒန်မှာမူ လွတ်မြောက်သွားခဲ့လေသည်။ အင်ဒမင်အမည်ရှိ ဂျာမန် ကရူဇာစစ်သင်္ဘော တစ်စင်းသည်လည်း သမုဒ္ဒရာ ပင်လယ်ပြင်တစ်လျောက် လှည့်လည်သွားလာကာ ဒေါ်လာ တစ်ကုဋေခန့် တန်ဖိုးရှိသော သင်္ဘောများကို နှစ်မြှုပ် ဖျက်ဆီးခဲ့၏။ သို့သော် နောက်ဆုံး၌ အိန္ဒိယ သမုဒ္ဒရာရှိ ကိုကိုကျွန်းတွင် ဩစတြီးလီးယား စစ်သင်္ဘောတစ်စင်း၏ တိုက်ခိုက်ဖြတ်ဆီးခြင်းကို ခံရလေသည်။ ၁၉၁၅ ခုနှစ်နှင့် ၁၉၁၆ ခုနှစ်များတွင်လည်း ဒရက်ဇဒန်၊ ဖရီးဒရက်၊ ကွန်းနစ္စဗတ် စသော ဂျာမန်သင်္ဘောများသည် ပင်လယ်ပြင် အရပ်ရပ်တွင် မဟာမိတ်တို့၏ သင်္ဘောများကို နှစ်မြှုပ် ဖျက်ဆီး၍ ကူးသန်းသွားလာရေးကို အနှေင့်အယှက်ပေးခဲ့လေသည်။ ပထမကမ္ဘာစစ်အတွင်း အကြီးကျယ်ဆုံးသော ရေကြောင်းတိုက်ပွဲမှာ ၁၉၁၆ ခု မေလ ၃၁ ရက်နေ့တွင် ဖြစ်ပွားသော ဂျတ်တလန် တိုက်ပွဲဖြစ်ပေသည်။ ထိုတိုက်ပွဲတွင် ဂျာမန်ရေတပ်ရေကြောင်းဗိုလ်ချုပ်ရှေးက ကွပ်ကဲ၍ အင်္ဂလိပ်ရေတပ် တိုက်သင်္ဘောများကို ရေကြောင်းဗိုလ်ချုပ် ဗီးတီးက ဦးစီးအုပ်ချုပ်ခဲ့လေသည်။ နှစ်ဖက်စလုံးမှ သင်္ဘောများသည် ဒိန်းမတ်နိုင်ငံကမ်းခြေတွင် တစ်နေ့လုံး တိုက်ခိုက်ကြရာ ညနေဘက်တွင် ရေကြောင်းဗိုလ်ချုပ်မှူးဂျယ်လီကို ဦးစီးသော အင်္ဂလိပ်ရေတပ်စုတစ်စုသည် အကူရောက်လာသဖြင့် ဂျာမန်ရေတပ်သည် ယင်း၏ စခန်းများသို့ နောက်ပြန်ဆုတ်သွားလေတော့သည်။ ထိုတိုက်ပွဲတွင် ဂျာမန်တို့က အနိုင်ရသည်ဟု ကျေညာခဲ့သည်။ အင်္ဂလိပ်တို့ဘက်မှ အပျက်အစီး အဆုံးအရှုံးမှာ ဂျာမန်တို့နှင့် နှိုင်းယှဉ်သော် အလွန်ပင် များပြားသောကြောင့် တစ်နည်းအားဖြင့် ထိုကျေညာချက်မှာ မှန်သည်ဟု ဆိုနိုင်ပေသည်။ သို့သော် ထိုနောက်တွင် ကိုင်ဇာဘုရင်သည် ငွေကိုရေလိုသုံးကာ တည်ဆောက်ခဲ့သည့်ပြင် သူတို့ ဂုဏ်ယူခဲ့သော ဂျာမန်ရေတပ်ကြီးမှာ ကီးတူးမြောင်း စခန်းများတွင် ပိတ်မိတော့သည်။ ထို့အပြင် ဂျာမန်တို့ထက် အဆုံးအရှုံးများသော်လည်း အင်္ဂလိပ်ရေတပ်သည် ပင်လယ်ပြင်တွင် ကြီးစိုးမြဲကြီးစိုးနေခဲ့လေသည်။ ဂျာမန်တို့သည် ရေတပ်ကြီးကို အသုံးမပြုနိုင်သောကြောင့် ရေငုပ်သင်္ဘောများကို တွင်ကျယ်စွာ အသုံးပြုခဲ့ကာ အင်္ဂလိပ်ရေတပ်ကို ကြီးစွာ နှောင့်ယှက်နိုင်ခဲ့သည်။ စစ်ကြီးဖြစ်စ ပထမသုံးနှစ်အတွင်းဂျာမန်ရေငုပ်သင်္ဘောများ၏ ရန်ကို ထိရောက်စွာ ကာကွယ်ရန် မကြံစည်နိုင်ခဲ့သဖြင့် ဂျာမန်တို့ရေငုပ်သင်္ဘောဖြင့် တိုက်ခိုက်ခြင်းသည် စစ်အရှုံးအနိုင်ကို ဆုံးဖြတ်တော့မည်လောဟုတွေးတောကြလေသည်။ ထို့အပြင် ဂျာမန်တို့၏ အကြံမှာ မဟာမိတ်တို့၏ ကူးသန်းရောင်းဝယ်ရေးကို ဖျက်ဆီးပေးခြင်ဖြင့် ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်အောင် ပြုလုပ်ရန်လည်း ဖြစ်လေသည်။ ထို့ကြောင့် ပြင်သစ်နှင့် အင်္ဂလန်ပြည်ကမ်းရိုးတန်းများကို ရေကြောင်းမှ ပိတ်ဆို့ထားကြောင်း ကျေညာပြီးလျှင် သင်္ဘောများကို ကြားနေနိုင်ငံပိုင်းများ ဖြစ်စေကာမူ၊ သတ်မှတ်ထားသော စစ်နယ်နမိတ်အတွင်း၌ တွေ့ရှိလျှင် နှစ်မြှုပ်ပစ်မည်ဟု သတိပေးခဲ့၏။ သုံးလအတွင်း ကြားနေနိုင်ငံမှ သင်္ဘောအမျိုးအစား များများ အပါအဝင် သင်္ဘောတစ်ရာခန့် နှစ်မြှုပ်ခြင်း ခံရလေသသည်။ ၁၉၁၆ ခုနှစ် အကုန်လောက်တွင်ကား ဗြိတိသျှတို့၏ ကုန်သင်္ဘောအပျက်အစီးမှာ အတန်ပင်များလျက်ရှိလေပြီ။ သို့သော်လည်း မဟာမိတ်နိုင်ငံများသို့ ကုန်များ၊ စားနပ်ရိက္ခာများ၊ လက်နက်များ ဆက်လက်ရောက်ရှိနေခဲ့သည်။ သို့ဖြစ်၍ ၁၉၁၇ ခုနှစ်တွင် ဂျာမန်ရေငုပ်သင်္ဘောများသည် မဟာမိတ်နိုင်ငံများသို့ အသွား သင်္ဘောများကိုလည်း နှစ်မြှုပ်ပစ်ကြလေသည်။ သို့သော် ဂျာမန်တို့၏ ရည်မှန်းချက်အတိုင်း မအောင်မြင်ခဲ့ချေ။ ထိုသို့ ဖြစ်ရခြင်းမှာ ရေငုပ်သင်္ဘောများ၏ အန္တရာယ်ကို ထိထိရောက်ရောက်မဟုတ်သော်လည်း အတော်အတန်ကာကွယ်နိုင်သော အစီအမံများကို တဖြည်းဖြည်းပြုလုပ်လာနိုင်သောကြောင့်လည်းကောင်း ဂရိဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုနိုင်ငံတို့သည် သင်္ဘောများကို လျင်မြန်စွာ တည်ဆောက် လာနိုင်သောကြောင့်လည်းကောင်း ဖြစ်ပေသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် သင်္ဘောများကို ဂျာမန်များဖျက်ဆီး၍ မရနိုင်လောက်အောင်ပင် လျင်မြန်စွာ တိုးတက်ဆောက်လုပ်နိုင်ခဲ့လေသည်။ ဗြိတိသျှရေတပ် သင်္ဘောတစ်စင်း

View more on Facebook

This site was designed with Websites.co.in - Website Builder

IMPORTANT NOTICE
DISCLAIMER

This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support