X

By
Thu, 03-Oct-2019, 20:43

၁၉၁၆ ခုႏွစ္အတြင္း စစ္အေျခအေန Zawgyi. ထိုႏွစ္ ဩဂုတ္လအတြင္း...

၁၉၁၆ ခုႏွစ္အတြင္း စစ္အေျခအေန Zawgyi. ထိုႏွစ္ ဩဂုတ္လအတြင္း ႐ူေမနီးယားနိုင္ငံသည္ မဟာမိတ္တို႔ဘက္မွ စစ္ထဲဝင္လာေလသည္။ ႐ူေမနီးယားသည္ ဟန္ေဂရီနိုင္ငံ လက္ေအာက္သို႔ က်ေရာက္ခဲ့ေသာ ႐ူေမနီးယန္း အမ်ိဳးသားတို႔၏ လြတ္ေျမာက္ေရးအတြက္ စစ္ထဲဝင္လာျခင္း ျဖစ္သည္။ ႐ူေမနီးယားသည္ ဟန္ေဂရီနိုင္ငံတြင္းသို႔ ဝင္ေရာက္တိုက္ခိုက္ရာ ဂ်ာမနီႏွင့္ ဘူလ္ေဂးရီးယားတပ္မ်ားက ျပန္လွန္တိုက္ခိုက္သျဖင့္ အေရးနိမ့္ခဲ့ရသည့္ျပင္ ႐ူေမနီးယားနိုင္ငံ၏ တစ္ဝက္မွ်ရွိေသာ အဖိုးတန္ ေရနံႏွင့္ ဂ်ဳံစပါးထြက္ ေဒသမ်ားမွာ ရန္သူ႕လက္တြင္း က်ေရာက္ခဲ့သည္။ ၁၉၁၅ ခုႏွစ္ ေမလ ၃ ရက္ေန႕တြင္ အီတလီသည္ ဩစႀတီးယားပိုင္ နယ္ေျမအခ်ိဳ႕ ရမည္ဟူေသာ လွ်ို႔ဝွက္ကတိေၾကာင့္ ယခင္က ဂ်ာမနီႏွင့္ သုံးနိုင္ငံ ခ်စ္ၾကည္ေရး စာခ်ဳပ္ကို ေဖာက္ဖ်က္ၿပီးလွ်င္ မဟာမိတ္တို႔ဘက္မွ စစ္ထဲသို႔ ဝင္လာေလသည္။ ထိုႏွစ္အတြင္း၌ အီတလီစစ္မ်က္ႏွာတြင္ ႀကီးက်ယ္လွေသာ တိုက္ပြဲႀကီးမ်ား မရွိခဲ့ေပ။ ၁၉၁၆ ခုႏွစ္ ဩဂုတ္လအတြင္း၌ကား အီတလီသည္ ဩစႀတီးယားနိုင္ငံကို ထိုးစစ္ဆင္ခဲ့ရာ အေရးအပါဆုံးေသာ ေအာင္ျမင္မႈမွာ ဂိုးရီးဇီးယားကို သိမ္းပိုက္နိုင္ျခင္း ျဖစ္သည္။ ေဆာင္းရာသီ မက်မီေလးတြင္ အီတလီသည္ ေအၿဒီယက္တစ္ပင္လယ္ သေဘၤာဆိပ္ကမ္းၿမိဳ႕ျဖစ္ေသာ ထရီးယက္ၿမိဳ႕ကို သိမ္းပိုက္တိုက္ခိုက္ရန္ အသင့္ျပင္ထားခဲ့သည္။ ထိုႏွစ္အတြင္း အေရးအပါဆုံး တိုက္ပြဲမွာ အေနာက္ဘက္ စစ္မ်က္ႏွာမွ ဗာဒန္တိုက္ပြဲ ျဖစ္သည္။ ဂ်ာမန္တို႔ဘက္မွ အိမ္ေရွ႕ဥပရာဇာ ကိုယ္တိုင္ကြပ္ကဲ တိုက္ခိုက္သည္။ ေဖေဖာ္ဝါရီလ မကုန္မီမွ စက္တင္ဘာလဆန္းခန႔္အထိ ၆ လ ခန႔္ တိုက္ခိုက္ခဲ့သည္တြင္ ေရွ႕သို႔ ၄ မိုင္ခန႔္မွ်သာ တိုးတက္နိုင္သျဖင့္ ဗာဒန္ခံတပ္ၿမိဳ႕ သိမ္းပိုက္ေရးကို ဂ်ာမန္တို႔ လက္ေလွ်ာ့လိုက္ရသည္။ ယင္းသို႔ ရွိေနစဥ္ မဟာမိတ္တို႔သည္ ေျမာက္ဘက္ရွိ ဆုမ္းျမစ္တစ္ေလွ်ာက္တြင္ အႀကီးအက်ယ္ ထိုးစစ္ဆင္ရန္ ျပင္ဆင္ခဲ့သည္။ ထိုအခ်ိန္ေလာက္တြင္ မဟာမိတ္တို႔၏ အေျမာက္လက္နက္မ်ားမွာ အထူးတိုးတက္ ေကာင္းမြန္လာၿပီျဖစ္ရာ သံမဏိ၊ အဂၤေတတို႔ျဖင့္ ခိုင္ခံ့လွသည့္ မိုင္ေပါင္းမ်ားစြာ ရွည္လ်ားေသာ ဂ်ာမန္ကတုတ္က်င္းမ်ားကို ေခ်မႈန္းဖ်က္ဆီးနိုင္ခဲ့သည္။ ထို႔အျပင္ ထိုႏွစ္တြင္ မဟာမိတ္တို႔သည္ တင့္ကားမ်ားကို စတင္သုံးခဲ့သည္။ ထိုႏွစ္ ဒီဇင္ဘာလတိုင္ေအာင္ မဟာမိတ္တို႔သည္ ဖိ၍တိုက္လာခဲ့ရာ ဂ်ာမန္တို႔သည္ ႀကံ့ႀကံ့ခံရင္း ေနာက္သို႔ တျဖည္းျဖည္း ဆုတ္ေပးခဲ့ရသည္။ အေရွ႕ဘက္ စစ္မ်က္ႏွာတြင္ ေဆာင္းရာသီအတြင္း၌ ႐ုရွားသည္ အားျဖည့္နိုင္ခဲ့၍ ဇြန္လေလာက္တြင္ အေရွ႕ဘက္စစ္ေၾကာင္း ေတာင္ဘက္စြန္းမွ ထိုးစစ္ဆင္ကာ ဩစႀတီးယားတပ္မ်ားကို ကာေပသီယန္ ေတာင္တန္းမ်ားသို႔ တိုက္ထုတ္နိုင္ခဲ့သည္။ ၁၉၁၆ ခုႏွစ္အတြင္း အိုင္ယာလန္ျပည္၌ သူပုန္ထေလရာ မဟာမိတ္တို႔၏ စစ္ဆင္မႈတြင္ အတန္ပင္ ထိခိုက္ဖို႔ အေၾကာင္း ေပၚေပါက္ခဲ့သည္။ ထိုမွတပါး ၿဗိတိသွ် အစိုးရ၏ အေရးပါေသာ ရာထူးမ်ားကို ထမ္း႐ြက္ခဲ့သူ ဆာေရာ္ဂ်ာေက့စမင္သည္ ဂ်ာမန္လက္နက္မ်ားကို အိုင္ယာလန္ျပည္တြင္းသို႔ ခိုးသြင္းကာ ပုန္ကန္ရန္ ႀကံစည္ခဲ့သျဖင့္ အေပါင္းအပါ အျခားေခါင္းေဆာင္ ၆ ဦးတို႔ႏွင့္အတူ စစ္ေဆး၍ အဆုံးစီရင္လိုက္သည္။ ထိုႏွစ္အတြင္း ဂရိနိုင္ငံ၏ ျပည္တြင္းေရး အေျခအေနကို မဟာမိတ္တို႔ဘက္မွ လည္းေကာင္း ဗဟိုနိုင္ငံမ်ားဘက္မွ လည္းေကာင္း ေစာင့္ၾကည့္ခဲ့သည္။ ဂရိနိုင္ငံသည္ ဆားဗီးယားအား ရန္သူတို႔ ထိပါးလာလွ်င္ ကူညီတိုက္ခိုက္ေပးရန္ သေဘာတူညီခ်က္မ်ား ရွိခဲ့သည္။ သို႔ေသာ္ ဂရိဘုရင္မွာ ဂ်ာမန္ကိုင္ဇာဘုရင္၏ ေယာက္ဖေတာ္ ျဖစ္သျဖင့္ ထိုစစ္ထဲတြင္ မပါဝင္ပဲ ၾကားေနမည့္ေယာင္ေယာင္ ျပဳေနခဲ့သည္။ ဂရိမ်ိဳးခ်စ္မ်ားကား ဆားဗီးယားကို ကတိထားခ်က္အတိုင္း ကူညီလိုၾကသည္။ ထိုေၾကာင့္ မဟာမိတ္မ်ား ဘူလ္ေဂးရီးယားကို တိုက္ခိုက္ေသာအခါ ဂရိမ်ိဳးခ်စ္တပ္မ်ားသည္ မဟာမိတ္တို႔ဘက္မွ ကူညီတိုက္ခိုက္ခဲ့သည္။ ထိုသို႔ ဂရိနိုင္ငံ၏ သေဘာထား မျပတ္မသား ရွိေနခဲ့သျဖင့္ မဟာမိတ္တို႔က ဂရိနိုင္ငံကို စိတ္ခ်ရေအာင္ ႀကိဳတင္၍ ေရေၾကာင္းမွ ပိတ္ဆို႔ထားသည္။ ထို႔အျပင္ အာေမးနီးယားျပည္နယ္ဖက္တြင္ နစ္ကလပ္ မင္းသားႀကီး ကြပ္ကဲေသာ ႐ုရွားတပ္မ်ားသည္ အတန္ပင္ အေရးသာခဲ့သည္။ တူရကီနိုင္ငံသည္ စူးအက္တူးေျမာင္းကို သိမ္းပိုက္ရန္ ႀကိဳးစားခဲ့ေသာ္လည္း ၿဗိတိသွ်တပ္မ်ားက တြန္းလွန္လိုက္သျဖင့္ မေအာင္ျမင္ခဲ့ေခ်။ Unicode. ၁၉၁၆ ခုနှစ်အတွင်း စစ်အခြေအနေ ထိုနှစ် ဩဂုတ်လအတွင်း ရူမေနီးယားနိုင်ငံသည် မဟာမိတ်တို့ဘက်မှ စစ်ထဲဝင်လာလေသည်။ ရူမေနီးယားသည် ဟန်ဂေရီနိုင်ငံ လက်အောက်သို့ ကျရောက်ခဲ့သော ရူမေနီးယန်း အမျိုးသားတို့၏ လွတ်မြောက်ရေးအတွက် စစ်ထဲဝင်လာခြင်း ဖြစ်သည်။ ရူမေနီးယားသည် ဟန်ဂေရီနိုင်ငံတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရာ ဂျာမနီနှင့် ဘူလ်ဂေးရီးယားတပ်များက ပြန်လှန်တိုက်ခိုက်သဖြင့် အရေးနိမ့်ခဲ့ရသည့်ပြင် ရူမေနီးယားနိုင်ငံ၏ တစ်ဝက်မျှရှိသော အဖိုးတန် ရေနံနှင့် ဂျုံစပါးထွက် ဒေသများမှာ ရန်သူ့လက်တွင်း ကျရောက်ခဲ့သည်။ ၁၉၁၅ ခုနှစ် မေလ ၃ ရက်နေ့တွင် အီတလီသည် ဩစတြီးယားပိုင် နယ်မြေအချို့ ရမည်ဟူသော လျှို့ဝှက်ကတိကြောင့် ယခင်က ဂျာမနီနှင့် သုံးနိုင်ငံ ချစ်ကြည်ရေး စာချုပ်ကို ဖောက်ဖျက်ပြီးလျှင် မဟာမိတ်တို့ဘက်မှ စစ်ထဲသို့ ဝင်လာလေသည်။ ထိုနှစ်အတွင်း၌ အီတလီစစ်မျက်နှာတွင် ကြီးကျယ်လှသော တိုက်ပွဲကြီးများ မရှိခဲ့ပေ။ ၁၉၁၆ ခုနှစ် ဩဂုတ်လအတွင်း၌ကား အီတလီသည် ဩစတြီးယားနိုင်ငံကို ထိုးစစ်ဆင်ခဲ့ရာ အရေးအပါဆုံးသော အောင်မြင်မှုမှာ ဂိုးရီးဇီးယားကို သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။ ဆောင်းရာသီ မကျမီလေးတွင် အီတလီသည် အေဒြီယက်တစ်ပင်လယ် သင်္ဘောဆိပ်ကမ်းမြို့ဖြစ်သော ထရီးယက်မြို့ကို သိမ်းပိုက်တိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့သည်။ ထိုနှစ်အတွင်း အရေးအပါဆုံး တိုက်ပွဲမှာ အနောက်ဘက် စစ်မျက်နှာမှ ဗာဒန်တိုက်ပွဲ ဖြစ်သည်။ ဂျာမန်တို့ဘက်မှ အိမ်ရှေ့ဥပရာဇာ ကိုယ်တိုင်ကွပ်ကဲ တိုက်ခိုက်သည်။ ဖေဖော်ဝါရီလ မကုန်မီမှ စက်တင်ဘာလဆန်းခန့်အထိ ၆ လ ခန့် တိုက်ခိုက်ခဲ့သည်တွင် ရှေ့သို့ ၄ မိုင်ခန့်မျှသာ တိုးတက်နိုင်သဖြင့် ဗာဒန်ခံတပ်မြို့ သိမ်းပိုက်ရေးကို ဂျာမန်တို့ လက်လျှော့လိုက်ရသည်။ ယင်းသို့ ရှိနေစဉ် မဟာမိတ်တို့သည် မြောက်ဘက်ရှိ ဆုမ်းမြစ်တစ်လျှောက်တွင် အကြီးအကျယ် ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့သည်။ ထိုအချိန်လောက်တွင် မဟာမိတ်တို့၏ အမြောက်လက်နက်များမှာ အထူးတိုးတက် ကောင်းမွန်လာပြီဖြစ်ရာ သံမဏိ၊ အင်္ဂတေတို့ဖြင့် ခိုင်ခံ့လှသည့် မိုင်ပေါင်းများစွာ ရှည်လျားသော ဂျာမန်ကတုတ်ကျင်းများကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့သည်။ ထို့အပြင် ထိုနှစ်တွင် မဟာမိတ်တို့သည် တင့်ကားများကို စတင်သုံးခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတိုင်အောင် မဟာမိတ်တို့သည် ဖိ၍တိုက်လာခဲ့ရာ ဂျာမန်တို့သည် ကြံ့ကြံ့ခံရင်း နောက်သို့ တဖြည်းဖြည်း ဆုတ်ပေးခဲ့ရသည်။ အရှေ့ဘက် စစ်မျက်နှာတွင် ဆောင်းရာသီအတွင်း၌ ရုရှားသည် အားဖြည့်နိုင်ခဲ့၍ ဇွန်လလောက်တွင် အရှေ့ဘက်စစ်ကြောင်း တောင်ဘက်စွန်းမှ ထိုးစစ်ဆင်ကာ ဩစတြီးယားတပ်များကို ကာပေသီယန် တောင်တန်းများသို့ တိုက်ထုတ်နိုင်ခဲ့သည်။ ၁၉၁၆ ခုနှစ်အတွင်း အိုင်ယာလန်ပြည်၌ သူပုန်ထလေရာ မဟာမိတ်တို့၏ စစ်ဆင်မှုတွင် အတန်ပင် ထိခိုက်ဖို့ အကြောင်း ပေါ်ပေါက်ခဲ့သည်။ ထိုမှတပါး ဗြိတိသျှ အစိုးရ၏ အရေးပါသော ရာထူးများကို ထမ်းရွက်ခဲ့သူ ဆာရော်ဂျာကေ့စမင်သည် ဂျာမန်လက်နက်များကို အိုင်ယာလန်ပြည်တွင်းသို့ ခိုးသွင်းကာ ပုန်ကန်ရန် ကြံစည်ခဲ့သဖြင့် အပေါင်းအပါ အခြားခေါင်းဆောင် ၆ ဦးတို့နှင့်အတူ စစ်ဆေး၍ အဆုံးစီရင်လိုက်သည်။ ထိုနှစ်အတွင်း ဂရိနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေကို မဟာမိတ်တို့ဘက်မှ လည်းကောင်း ဗဟိုနိုင်ငံများဘက်မှ လည်းကောင်း စောင့်ကြည့်ခဲ့သည်။ ဂရိနိုင်ငံသည် ဆားဗီးယားအား ရန်သူတို့ ထိပါးလာလျှင် ကူညီတိုက်ခိုက်ပေးရန် သဘောတူညီချက်များ ရှိခဲ့သည်။ သို့သော် ဂရိဘုရင်မှာ ဂျာမန်ကိုင်ဇာဘုရင်၏ ယောက်ဖတော် ဖြစ်သဖြင့် ထိုစစ်ထဲတွင် မပါဝင်ပဲ ကြားနေမည့်ယောင်ယောင် ပြုနေခဲ့သည်။ ဂရိမျိုးချစ်များကား ဆားဗီးယားကို ကတိထားချက်အတိုင်း ကူညီလိုကြသည်။ ထိုကြောင့် မဟာမိတ်များ ဘူလ်ဂေးရီးယားကို တိုက်ခိုက်သောအခါ ဂရိမျိုးချစ်တပ်များသည် မဟာမိတ်တို့ဘက်မှ ကူညီတိုက်ခိုက်ခဲ့သည်။ ထိုသို့ ဂရိနိုင်ငံ၏ သဘောထား မပြတ်မသား ရှိနေခဲ့သဖြင့် မဟာမိတ်တို့က ဂရိနိုင်ငံကို စိတ်ချရအောင် ကြိုတင်၍ ရေကြောင်းမှ ပိတ်ဆို့ထားသည်။ ထို့အပြင် အာမေးနီးယားပြည်နယ်ဖက်တွင် နစ်ကလပ် မင်းသားကြီး ကွပ်ကဲသော ရုရှားတပ်များသည် အတန်ပင် အရေးသာခဲ့သည်။ တူရကီနိုင်ငံသည် စူးအက်တူးမြောင်းကို သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း ဗြိတိသျှတပ်များက တွန်းလှန်လိုက်သဖြင့် မအောင်မြင်ခဲ့ချေ။

View more on Facebook

This site was designed with Websites.co.in - Website Builder

IMPORTANT NOTICE
DISCLAIMER

This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support